DVB Logo
Home
မြန်မာသတင်း
သာယာဝတီမြို့ ရေဘေးကယ်ဆယ်ရေးစခန်းအလှူခံ ကျေးရွာအုပ်ချုပ်ရေး
DVB
·
August 12, 2016
သာယာဝတီမြို့ ရေဘေးကယ်ဆယ်ရေးစခန်းအလှူခံ ကျေးရွာအုပ်ချုပ်ရေး
1 / 4
Donate to DVB

သာယာဝတီမြို့ ရေဘေးကယ်ဆယ်ရေးစခန်း အလှူခံထွက်တာနဲ့ပတ်သက်ပြီး ကျေးရွာ အုပ်ချူပ်ရေးမှူးက တားဆီးခဲ့လို့ ဒုက္ခသည်တွေ ရေနဲ့အစားအသောက် အခက်အခဲ ကြုံတွေ့နေရပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင် သာယာဝတီမြို့နယ်အတွင်းမှာရှိတဲ့ မြစ်မခမြစ်ရေ မြင့်တက်မှုကြောင့် မြစ်ကမ်းဘေးတလျှောက်မှာရှိတဲ့ ကျေးရွာတွေမှာ သြဂုတ်လဆန်းပိုင်းကစတင်ပြီး ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အဲဒီလိုမြစ်ရေမြင့်တက်ခဲ့တဲ့အတွက် ကယ်ဆယ်ရေးစခန်း ၁၁ ခုဖွင့်လှစ်ခဲ့ပြီး ဒီနေ့ထိ လူဦးရေ ၁၅၁၇ ဦး ကယ်ဆယ်စောင့်ရှောက်ထားကြောင်း သိရပါတယ်။

ရေဘေးသင့်ပြည်သူ ၂၀၀၀ ကျော်ကတော့ ရေလွတ်ရာ တာပေါင်များပေါ်မှာ တဲထိုး နေထိုင်ကြရပြီး စာသင်ကျောင်း ၂၈ ကျောင်းကိုလည်း ပိတ်ထားရတယ်လို့ သာယာဝတီမြို့နယ် အုပ်ချူပ်ရေးမှူးရုံးက ပြောပါတယ်။

သာယာဝတီမြို့နယ် ဂုံမင်းမြောင်ကျေးရွာ ပြည်လုံးချမ်းသာဘုန်တော်ကြီးကျောင်းမှာ မေတ္တာရှင် ပရဟိတအသင်းက သြဂုတ် ၉ ရက်နေ့မှာ ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ပြီး အသနော် ကျေးရွာနဲ့ ဘီးလင်းကျေးရွာမှာ ရေဘေးဒုက္ခသည် ၁၂၉ ဦးကို ကူညီထားတယ်လို့ မတ္တာရှင်အဖွဲ့က ပြောပါတယ်။

စခန်းအတွက် လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ဖို့နဲ့ ဒုက္ခသည်တွေ စားသောက်ရေးအတွက် မေတ္တာရှင် ပရဟိတအဖွဲ့က အလှူခံထွက်တာကို ကျေးရွာ အုပ်ချူပ်ရေးမှူးက မထွက်ဖို့ တားဆီးခဲ့တာကြောင့် ကယ်ဆယ်ရေးစခန်းရှိ ဒုက္ခသည်တွေ ရေနဲ့အစားအသောက်အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

အဲဒီကယ်ဆယ်ရေးစခန်းမှာ မနက်စာအတွက် ၆၀၀၀၀ ကျပ်၊ နေ့လယ်စာအတွက် ၁၃၀၀၀၀ ကျပ်၊ ညနေစာအတွက် ၁၃၀၀၀၀ ကျပ် စုစုပေါင်းတနေ့ကို ၃၂၀၀၀၀ ကျပ် ကုန်ကျပြီး ရေသန့် ၀ယ်ယူသောက်သုံးနေရကြောင်း မေတ္တာရှင်ပရဟိတအသင်းမှ ကိုမျိုးကြီးက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီအလှူခံတာ တားမြစ်ခဲ့တာနဲ့ပတ်သက်ပြီး သာယာဝတီမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွေးက အခုလို ပြောပါတယ်။

“ကျနော် ဟန့်တားထားတာပါ။ တားမြစ်ထားတာတော့ မဟုတ်ပါဘူး။ ဟိုအရင် နှစ်တွေက ပရဟိတအသင်းတွေ အကောင်းအဆိုးတွေကြောင့် မလုပ်ခိုင်းတာပါ။ ရေဘေးသင့်ပြည်သူတွေ လိုအပ်တာကို ပြောပါ၊ ကျနော်တို့ ကူညီပေးပါမယ်။ ဟန့်တားရတာက ကျနော်တဦးတယောက် တည်း ဆုံးဖြတ်ချက်နဲ့ လုပ်တာ မဟုတ်ပါဘူး။ သာယာဝတီမြို့နယ် ပရဟိတအသင်း ဦးဆောင်သူတွေရယ်၊ လွတ်တော်ကိုယ်စားလှယ်တွေတွေရဲ့ ဆုံဖြတ်ချက်နဲ့ လုပ်တာပါ။ ဒါ့အပြင် ကယ်ဆယ်ရေးစခန်းတွေမှာ အရက်သေစာသောက်စားတာ၊ မူးယစ်ဆေးဝါးသုံးစွဲတာတွေ မပြုလုပ်ဖို့နဲ့ စည်းကမ်းချက် ၁၃ ချက်ကိုလည်း ထုက်ပြန်ထားပါတယ်”လို့ ပြောပါတယ်။

သတင်း - မေသွယ် ( CJ )

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013