DVB Logo
Home
မြန်မာသတင်း
ရေး-ထားဝယ်ကားလမ်း မလွဲတောင်ထိပ် မြေပြို
DVB
·
August 12, 2016
ရေး-ထားဝယ်ကားလမ်း မလွဲတောင်ထိပ် မြေပြို
1 / 3
Donate to DVB

ရေးမြို့နယ် ကိုးမိုင်ကျေးရွာအနီး ရေး-ထားဝယ်ကားလမ်း မလွဲတောင်ထိပ် မိုင်တိုင်အမှတ် ၁၁၃/၁၁၄ အကြား ရှင်းလင်းဆောင်အနီးမှာ သြဂုတ် ၁၁ ရက်နေ့ ည ၇ နာရီခွဲအချိန်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွားခဲ့လို့ ယာဉ် ၈ စီးလောက် ခေတ္တလမ်းပိတ်ဆို့ ခဲ့ပါတယ်။

အဆိုပါလမ်းပိတ်ဆို့မှုကို မလွဲတောင် တာဝန်ခံ SAE ဦးစိုးနိုင်က ဦးဆောင်ကာ မြေကော်စက်နဲ့ ရှင်းလင်းဆောင်ရွက်ခဲ့ပြီး ည ၈ နာရီခွဲလောက်မှာ ကားတွေ ပုံမှန်အတိုင်း ဖြတ်သန်းသွားလာနိုင်ခဲ့ပါတယ်။

သြဂုတ် ၁၂ ရက်နေ့ မနက်ပိုင်းကလည်း လမ်းပိတ်ဆို့မှု ထပ်မံဖြစ်ပွားခဲ့လို့ လမ်းလုပ်သား တွေ၊ မြေကော်စက်နဲ့ ရှင်းလင်းခဲ့ရတယ်လို့ ဒီဗွီဘီ နယ်ခံသတင်းထောက် ပြောပါတယ်။

အခုလို မိုးတွင်းကာလမှာ ရေး-ထားဝယ်-မြိတ် ကားလမ်းဟာ နှစ်စဉ် ဆိုးဝါးနေပြီး မိုးရွာသွန်းမှုကြောင့် မြေပြိုကျမှုလည်း မကြာခဏ ဖြစ်ပေါ်နေပါတယ်။
သတင်း - နေမျိုးထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013