DVB Logo
Home
မြန်မာသတင်း
ဓားကိုင်ရမ်းကားပြီး ရဲတပ်ဖွဲ့ဝင်များအား ရန်ပြုသူကို ပစ်ခတ်ဖမ်းဆီး
DVB
·
August 12, 2016
ဓားကိုင်ရမ်းကားပြီး ရဲတပ်ဖွဲ့ဝင်များအား ရန်ပြုသူကို ပစ်ခတ်ဖမ်းဆီး
Donate to DVB

ဒဂုံမြို့သစ်တောင်ပိုင်းမှာ အရက်သေစာသောက်စားကာ ဓားကိုင်ဆောင်ရမ်းကားပြီး ရဲတပ်ဖွဲ့ဝင်တွေအား ခုခံရန်ပြုသူတဲ့ အမျိုးသားတဦးကို ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ ပါတယ်။

ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်၊ ၅၆ ရပ်ကွက်၊ အောင်တံခွန်လမ်းမှာ သြဂုတ် ၁၁ ရက်နေ့ ညနေပိုင်းက အမျိုးသားတဦး အရက်သေစာသောက်စားပြီး ဓားကိုင်ရမ်းကားနေကြောင်း ရဲစခန်းကို တာဝန်သိပြည်သူတဦးက သတင်းပေးပို့လာလို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့မရဲစခန်း တာဝန်ရှိသူတွေက သက်သေတွေနဲ့အတူ သွားရောက်ခဲ့တယ်လို့ ရန်ကုန်ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ပါတယ်။

ရဲစခန်း တာဝန်ရှိသူတွေ အခင်းဖြစ်နေရာ ရောက်သွားချိန်မှာ ဓားကိုင်ရမ်းကားနေတဲ့ အသက် ၃၅ နှစ်အရွယ် သက်ခိုင်ဝင်းဆိုသူက ၈ လက်မအရွယ်ရှိ ဓားဦးချွန် ၂ ချောင်းနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို လိုက်ထိုးခဲ့တယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေက အဖမ်းခံဖို့ ဖြောင်းဖျပေမယ့် မရခဲ့လို့ Pump Action ပြောင်းချောသေနတ်နဲ့ ခြောက်လှန့်ပစ်ခတ်တားမြစ်ခဲ့ပေမယ့် နာခံမှုမရှိဘဲ ထပ်မံရန်ပြု တိုက်ခိုက်လာတာကြောင့် သက်ခိုင်ဝင်းရဲ့ ခန္ဓာကိုယ် အောက်ပိုင်းကို ပစ်ခတ်ပြီး ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။ ပစ်ခတ်မှုကြောင့် ဘယ်ဘက်ပေါင်မှာ ဒဏ်ရာရရှိခဲ့တဲ့ အတွက် သင်္ဃန်းကျွန်းစံပြဆေးရုံကို ပို့ဆောင်ကုသပေးခဲ့ရပါတယ်။

ကိုသက်ခိုင်ဝင်းဟာ အရင်ကလည်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်အောင်ပြုလုပ်ခဲ့တဲ့အတွက် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့မရဲစခန်းမှာ ဇူလိုင် ၇ ရက်နေ့ကစပြီး ၁၅ ရက်တကြိမ် လက်မှတ်ရေးထိုးဖို့နဲ့ ၆ လအတွင်း ကောင်းမွန်စွာ နေထိုင်ဖို့ စီရင်ချက်ချမှတ်ခံထားရသူ တဦးလည်း ဖြစ်ပါတယ်။

လက်ရောက်မှုကျူးလွန်ခဲ့သူ သက်ခိုင်ဝင်းကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်း(ပ)၁၅၆၈/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၅၃၊ (ပ)၁၅၆၉/ ၂၀၁၆၊ လက်နက်များ အက်ဥပဒေပုဒ်မ-၁၉(င)၊ ခြေချုပ်အမိန့် ဖောက်ဖျက်မှု (ပ)၁၅၇၀/၂၀၁၆၊ ခြေချုပ်နှင့်ခံဝန် အက်ဥပဒေပုဒ်မ ၃၀(၁)(က) တို့နဲ့ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ကိုးကားသတင်း၊ ဓာတ်ပုံ - Yangon Police

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013