DVB Logo
Home
မြန်မာသတင်း
ချောက်မြို့နယ်ရှိ H2O2 စက်ရုံဟောင်း မီးလောင်မှု ဖြစ်ပွား
DVB
·
August 12, 2016
ချောက်မြို့နယ်ရှိ H2O2 စက်ရုံဟောင်း မီးလောင်မှု ဖြစ်ပွား
1 / 4
Donate to DVB

ချောက်မြို့နယ် ချောက်-စလေ ကားလမ်းပေါ်ရှိ H2O2 စက်ရုံဟောင်း သြဂုတ် ၁၁ ရက်နေ့က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

မကွေးတိုင်း၊ ချောက်မြို့နယ် ချောက်-စလေ ကားလမ်း ညာဘက် ရေတွင်းကျေးရွာနဲ့ နှောကြောင်းကျေးရွာ အကြားရှိ H2O2 စက်ရုံဟောင်း သြဂုတ် ၁၁ ရက် ညနေ ၃ နာရီ မိနစ် ၅၀ လောက်က မီးစတင်လောင်ကျွမ်းခဲ့ပြီး ညနေ ၄ နာရီ ၄၅ မိနစ်လောက်မှာ မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း မကွေးတိုင်း မီးသတ်ဦးစီးဌာနက ပြောပါတယ်။

အခုမီးလောင်ခဲ့တဲ့ H2O2 စက်ရုံဟာ ၂၀၁၂ ခုနှစ်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကာ လည်ပတ်မှု ရပ်နားခဲ့ရပြီး အခု မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ ကနဦး သတင်းတွေအရ သိရပါတယ်။
သတင်း၊ ဓာတ်ပုံ - ဂျိမ်းကို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013