DVB Logo
Home
မြန်မာသတင်း
မြစ်ရေတိုက်စားမှုကြောင့် ဇလွန်မြို့နယ်တွင် လူနေအိမ် ၂၀ ကျော် ပျက်စီးဆုံးရှုံး
DVB
·
August 12, 2016
မြစ်ရေတိုက်စားမှုကြောင့် ဇလွန်မြို့နယ်တွင် လူနေအိမ်  ၂၀ ကျော် ပျက်စီးဆုံးရှုံး
1 / 10
Donate to DVB

ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ဇလွန်မြို့နယ်အတွင်း လူနေအိမ် ၂၄ လောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် တောင်ပို့တရာကျေးရွာအုပ်စုက နေအိမ် ၇ လုံး၊ ဖားလက်ခိုအုပ်စုပိုင် ဘိုကလေးကျွန်းမှာ နေအိမ် ၁ လုံး၊ ဖားလက်ခိုအုပ်စု ဖာလက်ခိုကျေးရွာမှာ နေအိမ် ၆ လုံးနဲ့ ညောင်ပင်စုကျေးရွာမှာ နေအိမ် ၁၀ လုံး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ဒါ့အပြင် မြစ်ရေတိုက်စားမှုကြောင့် စာသင်ကျောင်းအချို့လည်း နိမ့်ကြမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့တဲ့ ရေဘေးဒုက္ခသည်တွေ အကူညီလိုအပ်နေပြီး အခုချိန်ထိ တာဝန်ရှိသူတွေ လာရောက် ကူညီတာ မရှိသေးဘူးလို့ ဆိုပါတယ်။
သတင်း၊ ဓာတ်ပုံ - အောင်နိုင်သူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013