DVB Logo
Home
မြန်မာသတင်း
နာဂဒေသကူးစက်ရောဂါအတွက် စစ်ကိုင်းတိုင်းလွှတ်တော် တနေ့စာ လှူဒါန်း
DVB
·
August 12, 2016
နာဂဒေသကူးစက်ရောဂါအတွက် စစ်ကိုင်းတိုင်းလွှတ်တော် တနေ့စာ လှူဒါန်း
Donate to DVB

စစ်ကိုင်းဒေသကြီးရဲ့ လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၉၈ ဦးရဲ့ တရက်တာ နေ့တွက်စရိတ်တွေကို နာဂဒေသ ကူးစက်ရောဂါအတွက် ဒီကနေ့ လှူဒါန်းလိုက်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တဦးရဲ့ နေ့တွက်စရိတ် တဦး ကျပ် ၂၀,၀၀၀ ပေါင်း ၁,၉၆၀,၀၀၀ ကို နာဂဒေသဆီ လှူဒါန်းလိုက်တာလို့ လေရှီးမြို့နယ် တိုင်းဒေသကြီး ၁ လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် နာဂတ်ဒေသရဲ့ လူမှုရေးတာဝန်ခံလည်းဖြစ်တဲ့ ဦးကာစီရန်းက ပြောပါတယ်။

“လွှတ်တော်ကိုယ်စားလှယ် ၉၈ ယောက်က ၂ သောင်းစီပေါ့။ ဒီလှူဒါန်းကို ကျနော်တို့ ဦးစီးအဖွဲ့တွေရဲ့ ဆုံးဖြတ်ချက်တွေနဲ့အညီ လိုအပ်နေတဲ့ဒေသကို တကယ်ရောက်အောင်ကူညီပေး ရမှာပေါ့။”

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဇွန်လလယ်ကနေ အခုချိန်ထိ ကူးစက်ရောဂါကြောင့် လူ ၄၁ ဦးသေဆုံးခဲ့ရပြီး အစိုးရကိုတော့ ရောဂါထိန်းချုပ်နိုင်ရေး ကြိုးစားလုပ်ဆောင်နေပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013