DVB Logo
Home
မြန်မာသတင်း
ဝရမ်းပြေး မြန်မာပွဲစားတဦးကို ဖမ်းဆီးပြီး လူကုန်ကူးခံရသူ ၇ ဦးကို ကယ်ထုတ်
DVB
·
August 11, 2016
ဝရမ်းပြေး မြန်မာပွဲစားတဦးကို ဖမ်းဆီးပြီး လူကုန်ကူးခံရသူ ၇ ဦးကို ကယ်ထုတ်
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာခရိုင်မှာ ၀ရမ်းပြေး မြန်မာပွဲစားတဦးတို့ကို ဖမ်းဆီးခဲ့ပြီး လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား ၇ ဦးကို ကယ်ထုတ်ခဲ့တယ်လို့  ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

မနှစ်က  ဖမ်းဝရမ်းအမှတ် ၂၀၉၃/၂၅၅၈ နဲ့  ထွက်ပြေးလွတ်မြောက်နေသူ မြန်မာလူမျိုး ကိုနေလင်းဆိုသူမှာ ဆုန်ခလာခရိုင် ဟတ်ရိုင်မြို့နယ် ခွင်လန်အုပ်စုထဲမှာ ပုန်းခိုနေကြောင်း သတင်းပေးချက်ရတဲ့အတွက် တာဝန်ရှိသူတွေနဲ့အတူ အိမ်ဟောင်းတလုံးအတွင်းမှာ ၀င်ရောက်ဖမ်းဆီးခဲ့တာလို့ ဆုန်ခလာခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန ရဲမှူးကြီး ပရပ်ခ်ျယား ပရဆန်ဆုခ်က သြဂုတ် ၁၀ ရက်နေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

ဖမ်းဆီးခံရသူ ကိုနေလင်းရဲ့ ဖြောင့်ချက်ပေးမှုအရ ရောင်းစားခံရမယ့် အမျိုးသား ၇ ဦးကိုလည်း ဆုန်ခလာခရိုင် ဘန်ကလန့်မြို့နယ် ထာ့ချန့်ရပ်ကွက် နယ်မြေ ၄ ရှိ အိမ်ဟောင်းတလုံးကနေ ကယ်ထုတ်ခဲ့တယ်လို့ ရဲမှူးကြီးက ဆက်ပြောပါတယ်။

အဆိုပါ ၇ ဦးလုံးမှာလည်း မြန်မာနိုင်ငံသားတွေဖြစ်ပြီး ၄ ဦးက ထိုင်းတောင်ပိုင်း နရာသီဝပ်ခရိုင်ကို ပို့ပေးဖို့နဲ့ ၃ ဦးကတော့ မလေးရှားနိုင်ငံကို ပို့ဖို့ဖြစ်တယ်လို့  ဆိုပါတယ်။

သူတို့ ၇ ဦးကို အမှတ် ၆ တိုင်းရဲဌာနချုပ်မှာ  ထပ်မံစစ်ဆေးဦးမှာဖြစ်ပြီး လူကုန်ကူးခံရသူတွေ ဖြစ်တယ်ဆိုရင် ပွဲစားကို အရေးယူမှာဖြစ်ကာ လူကုန်ကူးမခံရဘူးဆိုရင်တော့ လ၀ကဥပဒေနဲ့ အရေးယူပြီး မူရင်းနိုင်ငံပြန်ပို့မယ်လို့  ရဲမှူးကြီးက ပြောပါတယ်။

ဝရမ်းပြေး ပွဲစား ကိုနေလင်းကိုတော့ ဘန်ကောက်ကို ပို့ဆောင်ပြီး လူကုန်ကူးမှု၊ သူတပါးအားချုပ်နှောင်ထားမှု၊ တရားမ၀င် ၀င်ရောက်လာသူကို ထိုင်းနိုင်ငံတွင်း ရောက်ရှိအောင် အကူအညီပေးမှုတွေနဲ့ ဥပဒေအရ အရေးယူသွားမယ်လို့ ရဲမှူးရဲ့အပြောကို ကိုးကားပြီး သတင်းမှာ ဖော်ပြသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013