DVB Logo
Home
မြန်မာသတင်း
ရေဘေးဒုက္ခခံစားနေရသူများအတွက် အကူအညီပေးရန် ကြက်ခြေနီ ဖိတ်ခေါ်
DVB
·
August 11, 2016
ရေဘေးဒုက္ခခံစားနေရသူများအတွက် အကူအညီပေးရန် ကြက်ခြေနီ ဖိတ်ခေါ်
Donate to DVB

မြန်မာနိုင်ငံတွင်း မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ ကချင်၊ ဧရာဝတီ၊ မွန်နဲ့  ရန်ကုန်တိုင်းအတွင်းက မြို့နယ်ပေါင်း ၂၁ မြို့နယ်မှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားပြီး  ရေဘေးဒုက္ခခံစားနေရသူတွေအတွက် အကူအညီပေးကြဖို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ဖိတ်ခေါ် ကမ်းလှမ်းလိုက်ပါတယ်။

ကြက်ခြေနီအဖွဲ့အနေနဲ့ အရေးပေါ်လိုအပ်နေတဲ့ အစားအသောက်တွေ ဖြန့်ဝေစီစဉ်ပေးနေပေမယ့် ကယ်ဆယ်ရေးပစ္စည်းတွေ ရေဘေးခံစားရသူတွေအတွက် ထပ်မံလိုအပ်နေတယ်လို့ ကြက်ခြေနီအဖွဲ့က ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ညွှန်ကြားရေးမှူး  ဦးကိုကိုကျော်ကတော့ ရေဘေးသင့်မိ သားစုတွေအတွက်  သောက်ရေသန့်ဘူးတွေ၊ ရေသန့်ဆေးပြား၊  သွားတိုက်ဆေး၊ သွားပွတ်တံ၊ ဆပ်ပြာ စတဲ့  မိသားစုတွေအတွက် လိုအပ်တဲ့ တကိုယ်ရေသန့်ရှင်းရေး အသုံး အဆောင်ပစ္စည်းတွေ၊ အမျိုးသမီးသုံးပစ္စည်းတွေနဲ့   အစားအစာမဟုတ်တဲ့ ပစ္စည်းတွေ ဦးစားပေး ဖြန့်ဝေပေးနေကြောင်းနဲ့ အလှူရှင်တွေအနေနဲ့ ရန်ကုန်မှာရှိတဲ့ ကြက်ခြေနီအသင်းကို လာရောက်လှူဒါန်းပါက လိုအပ်တဲ့ နေရာတွေကို ပို့ပေးနေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

ရေဘေးသင့်အိမ်ထောင်စု ၁၆၀၀၀ လောက်အတွက် ကြက်ခြေနီအနေနဲ့ တာဝန်ယူ ကူညီပေးနေပြီး လတ်တလော ပဲခူးတိုင်းဒေသကြီး ပန်းတောင်း၊ ရွှေတောင်၊ ဇီးကုန်း၊ လက်ပံတန်း၊ မိုးညို၊ ပြည် စတဲ့ဒေသတွေနဲ့ ရန်ကုန်တိုင်းဒေသကြီးထဲက ဥက္ကံ၊ တိုက်ကြီး၊  မှော်ဘီမြို့နယ်တွေမှာ  အကူအညီတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။

ဒေသခံ ကြက်ခြေနီ စေတနာလုပ်အားရှင်တွေကလည်း ရေဘေးသင့်ဒေသက ပြည်သူတွေကို ဘေးလွတ်ရာ ကူညီရွှေ့ပြောင်းပေးတာ၊ ထိခိုက်ဒဏ်ရာ ရသူတွေကို ရှေးဦးပြုစုပေးတာ၊  စိတ်ပိုင်းဆိုင်ရာ အားပေး ကူညီမှုတွေ ပေးနေတယ်လို့ သိရပါတယ်။

ရေဘေးဒုက္ခကျရောက်ခံစားနေရသူတွေကို ကူညီနိုင်ဖို့အတွက် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းသို့ လူကိုယ်တိုင်ဖြစ်စေ၊ အောက်ဖော်ပြပါ ငွေစာရင်း အမှတ်သို့ ဖြစ်စေ ငွေလွှဲပြောင်းပေးပို့  အလှူငွေထည့်ဝင်နိုင်တယ်လို့  ကြက်ခြေနီအသင်းက  ဖိတ်ခေါ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013