
မနက်ဖြန် ရန်ကုန်မှာ စတင်မယ့် နိုင်ငံရေးမူဘောင် ပြန်လည်သုံးသပ်ခြင်းအစည်း အဝေး ကို တက်ရောက်မယ်လို့ အပစ်ရပ်စာချုပ်လက်မှတ်မထိုးကြသေးတဲ့ တိုင်းရင်းသားလက် နက်ကိုင် မဟာမိတ်အဖွဲ့က ထုတ်ပြန်ပါတယ်။
သြဂုတ် ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ ကျင်းပမယ့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးကို တက်ရောက်မယ်လို့ ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ က ဒီနေ့ကြေညာပါတယ်။
လက်ရှိရှိနေတဲ့ နိုင်ငံရေးမူဘောင်ဟာ သမ္မတဦးသိန်းစိန်အစိုးရလက်ထက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်အရ ရေးဆွဲထားတဲ့ နိုင်ငံရေးမူဘောင်ဖြစ်ပြီး အစိုးရသစ်လက်ထက်မှာ အပစ်မရပ်သေးတဲ့အဖွဲ့တွေကိုပါ ပါဝင်ခွင့်ပေးပြီး ပြန်လည်သုံးသပ်ကြ မှာဖြစ်ပါတယ်။
အစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီက အစည်းအဝေးတက်ရောက်ဖို့ အခုလ ၄ ရက်နေ့မှာ ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအပါအ၀င် အာမခံရှိပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးမှု အဆင့်ဆင့်ကို တက်လှမ်းနိုင်အောင် အားလုံးနဲ့အတူ ကြိုးပမ်းမယ်လို့လည်း ဆိုပါတယ်။
ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (အန်အာပီစီ) မှာ သြဂုတ် ၁၂ ရက်မှာ အစိုးရကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေ တက်ရောက်ကြဖို့ဖြစ်ပြီး သြဂုတ်လ ၁၃ ရက်နေ့မှာတော့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေပါ တက်ရောက်ဆွေးနွေးကြမှာဖြစ်ပါတယ်။
ယူအန်အက်ဖ်စီအဖွဲ့ဟာ ယခင်အစိုးရလက်ထက်ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို အစိုးရကိုယ်စားလှယ်တွေနဲ့ ပူးတွဲရေးဆွဲအချောသတ်နိုင်ခဲ့ပါတယ်။
စာချုပ်ကို လက်မှတ်ရေးထိုးကာနီးမှာမှ အအစိုးရက အဖွဲ့တချို့ကို ခွင့်မပြုတဲ့အတွက် ပါဝင်လက်မှတ်ရေးထိုးခဲ့ခြင်း မရှိခဲ့တာဖြစ်ပါတယ်။
အစိုးရသစ်လက်ထက်ရောက်တဲ့အခါ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို လာမယ့်သြဂုတ်လ ၃၁ ရက်နေ့မှာ စတင် မယ်လို့ ပြောဆိုထားပြီး နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်သင့်ပါဝင်ထိုက်သူတွေ ပါဝင်နိုင်အောင် ကြိုး ပမ်းနေပါတယ်။











