DVB Logo
Home
မြန်မာသတင်း
တိုက်ကြီး-အဖျောက်သွား တံတားတစင်း ရေထဲမျော
DVB
·
August 11, 2016
တိုက်ကြီး-အဖျောက်သွား တံတားတစင်း ရေထဲမျော
1 / 4
Donate to DVB

သြဂုတ် ၁၀ ရက်နေ့ညနေ ၆ နာရီအချိန်မှာ အဖျောက်မြို့နဲ့ ၇ မိုင်ကျော်ရှိ ပြည်တော်အေး ကျေးရွာနဲ့ တော်ခရမ်းကျေးရွာအကြား တံတားအမှတ် ၁/၁၀မိုင် အလျား ၂၀ ပေအကျယ် ၃၁ ပေရှိ တိုက်ကြီး-အဖျောက်သွားတဲ့ သံကူကရစ်တံတား ရေထဲမျောပါသွားခဲ့ရာ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ခဲ့ပါတယ်။

သြဂုတ်လ ၅ ရက်နေ့မှစတင်ကာ တိုက်ကြီးမြို့နယ်အတွင်း လှိုင်မြစ်ရေတက်လာတဲ့ အတွက် ရေကြီးရေနစ်မြုပ်မှုတွေ ဖြစ်ပေါ်နေပြီး ကျေးရွာတော်တော်များများ ရေနစ်မြုပ်ခဲ့ပါတယ်။

ရေနစ်မြုပ်ကျေးရွာတွေက ဒေသခံပြည်သူတွေကို တိုက်ကြီး-အဖျောက်-ဥက္ကံမြို့တွေမှာ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ပြီး ကယ်ဆယ်စောင့်ရှောက်မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။

တိုက်ကြီးမြို့ ကယ်ဆယ်ရေးစခန်းတခုမှာ လူဦးရေ ၁၀၅ ယောက်၊ အဖျောက်မြို့ ကယ်ဆယ်ရေးစခန်း ၉ ခုမှာ လူဦးရေ ၁၃၅၇ ယောက်နဲ့ ဥက္ကံမြို့ ကယ်ဆယ်ရေးစခန်း ၉ ခုမှာ လူဦးရေ ၂၄၂၅ ယောက်ကို ကယ်ဆယ်ထားပြီး စာသင်ကျောင်း ၈၅ ကျောင်း ပိတ်ထား ခဲ့ပါတယ်။

အလှူရှင်တွေ လာရောက်လှူဒါန်းခဲ့ရာမှာ တိုက်ကြီးမှအဖျောက်သို့ သွားရာကားလမ်းမှာ သြဂုတ် ၈ ရက်နေ့မှစတင်ပြီး ကားလမ်းရေကျော်မှုတွေ ဖြစ်ပေါ်လို့ သွားလာရေးခက်ခဲ နေပါတယ်။

တိုက်ကြီး-အဖျောက် လမ်းပေါ်မှာရှိတဲ့ တံတားတစင်း ရေထဲမျောပါသွားတဲ့အတွက် လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေပါတယ်။

ရေဘေးကယ်ဆယ်ရေးအလှူရှင်တွေရဲ့ အလှူကားတွေကို ဥတိုစည်ပင်မှာ ထားခဲ့ရပြီး တပ်မတော် ကယ်ဆယ်ရေးမော်တော်ဘုတ် ၁၀ စီးနဲ့ အဖျောက်မြို့အရောက် ကူညီပေးနေ ပါတယ်။

အဖျောက်မြို့မှာ ဧရာဝတီမြစ်ရေတက်မှု တန့်သွားပေမယ့်လည်း လှိုင်မြစ်ရေ နေ့ခြင်းညခြင်း မြင့်တက်လာခဲ့ပြီး မြစ်ရေမှာ နေ့ ၁ ပေ၊ ည ၂ ပေ ဆက်လက်တက်နေပြီး နောက်ရက်တွေမှာလည်း ရေဆက်လက်တက်နိုင်ခြေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း - မေသွယ်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013