DVB Logo
Home
မြန်မာသတင်း
ဝေးလံဒေသများ ကိုယ်တိုင်ပညာသင်နိုင်မည့် အစီအစဉ် Myme က ပြုလုပ်မည်
DVB
·
August 11, 2016
ဝေးလံဒေသများ ကိုယ်တိုင်ပညာသင်နိုင်မည့် အစီအစဉ် Myme က ပြုလုပ်မည်
Donate to DVB

ဝေးလံတဲ့ဒေသတွေမှာ ကိုယ်တိုင်ပညာသင်ကြားရေးလုပ်နိုင်မယ့် အစီအစဉ်တခုကို MYME စီမံကိန်းက ဆောင်ရွက်ဖို့ လုပ်နေပါတယ်။

ရွေ့လျားပညာသင်စနစ်နဲ့ သင်ကြားရေးပြုလုပ်နေတဲ့ MYME အဖွဲ့က ဝေးလံတဲ့ဒေသတွေမှာ ပညာအလွယ်တကူ သင်ယူနိုင်မယ့် စနစ်တခုကို ဖန်တီးနေပါတယ်။

MYMEBOX လို့ ခေါ်တဲ့ စက်ကိရိယာမှာ နိုင်ငံတကာက သင်ကြားနေတဲ့ အွန်လိုင်းသင်ကြားရေးစနစ်တွေကို မြန်မာနိုင်ငံနဲ့ ကိုက်ညီအောင် ရေးဆွဲ ထည့်သွင်းထားတာပါ။

“ကိုယ်က ကကြီးခကွေးနဲ့ မူလတန်းအဆင့်ဆိုရင် အဲဒီအဆင့်သင်လို့ရတယ်။ ကိုယ်နဲ့ကိုက်တဲ့အဆင့်ကို သင်လို့ရတယ်။ စာအုပ်တွေ ဆိုရင်လည်း မြန်မာစာအုပ် ၇ ထောင်ကျော်ပါမယ်။ အင်္ဂလိပ်နဲ့ဆိုရင် သောင်းကျော်ပါတယ်။ MYME က သင်နေတဲ့ သင်ရိုးညွှန်းတမ်းလည်းပါတယ်” လို့ စီမံကိန်းဒါရိုက်တာ ကိုတင်မောင်မောင်အေးက ပြောပါတယ်။

Myme Box ကနေ ၀ိုင်ဖိုင် လွှင့်ထားမှာ ဖြစ်ပြီး စက်ထဲက အကြောင်းအရာတွေကို ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာ စတာတွေနဲ့ ကြည့်နိုင်သလို ကူးယူလို့လည်း ရမှာပါ။

ဒီပစ္စည်းတွေကို နှစ်ကုန်ပိုင်းမှာ ပြည်နယ်နဲ့တိုင်း နေရာ ၁၅ နေရာလောက်က ကျောင်းသား ၃၀၀၀ လောက် သင်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီထဲမှာ သတင်းအချက်အလက်တွေ၊ စာအုပ်တွေ၊ သင်ခန်းစာတွေနဲ့ ကစားနည်းတွေ ပါဝင်မှာပါ။

“ဒီဗွီဘီတို့၊ 7 Day တို့လို သတင်းတွေပါမယ်။ အသက်မွေးဝမ်းကျောင်း ကဏ္ဍတွေပါတယ်။ ကားပြင်တာ၊ ကွန်ပျူတာ ပြင်တာကို လေ့လာချင်လား ရတယ်။ အင်္ဂလိပ်စာ၊ မြန်မာစာကို လေ့လာချင်ရင်လည်း ရတယ်။ သင်ရိုးညွှန်းတမ်းအတိုင်းသွားလည်း ရတယ်။ အသက်၊ ပညာရေးနောက်ခံ ဘာမှ မလိုပါဘူး” လို့ ကိုတင်မောင်မောင်အေးက ဆိုပါတယ်။

MYMEBOX ထားတဲ့ နေရာတွေမှာ ကွန်ပျူတာ၊ တက်ဘလက်တွေ ထားပေးမှာ ဖြစ်ပြီး ဆရာမလိုပဲ ကိုယ်တိုင် သင်ယူတဲ့ စနစ်ဖြစ်ပါတယ်။ ဒါပေမယ့် ပျင်းရိမသွားအောင်တော့ စဉ်းစားထားတယ်လို့ ကိုတင်မောင်မောင်အေးက ဆိုပါတယ်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ အသက်က ၅ နှစ်ကနေ ၁၇ နှစ် လူဦးရေ သိန်း ၅၀ ကျော်ဟာ စာလုံးဝ မတတ်တဲ့သူတွေ ဖြစ်ပါတယ်။ ပြီးတော့ အသက် ၅ နှစ်နဲ့အထက် လူဦးရေရဲ့ ငါးပုံတစ်ပုံလောက်ပဲ အလယ်တန်း အဆင့်ကို ပြီးအောင် သင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013