DVB Logo
Home
မေးမြန်းခန်း
နိုင်ငံ​ရေး​အကျဉ်း​သား​ ဟုတ်မဟုတ်ကို အစိုး​ရက အသိဆုံး​ပါ
DVB
·
October 11, 2011
Donate to DVB

အစိုး​ရက အကျဉ်း​သား​ ၆၃၅၉ ဦး​ကို မနက်ဖန် လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ လွှတ်​ပေး​မယ်လို့​ ​ကြေညာလိုက်ပါတယ်။ နိုင်ငံ​တော် သမ္မတရုံး​ရဲ့​ ထုတ်ပြန်​ကြေညာချက်ကို ဒီက​နေ့​ ​နေ့​လယ် ၁ နာရီအချိန်မှာ MRTV 4 ရုပ်သံလိုင်း​ သတင်း​အစီအစဉ်က ထုတ်ပြန်​ကြေညာလိုက်တာပါ။

ဒီလွတ်ငြိမ်း​ချမ်း​သာခွင့်​မှာ အသက်အရွယ်ကြီး​ရင့်​သူ​တွေ၊​ ကျန်း​မာ​ရေး​မ​ကောင်း​သူ​တွေနဲ့​ ကိုယ်လက်အင်္ဂါချို့​တဲ့​သူ​တွေ အပါအဝင် ထိုက်သင့်​တဲ့​ ပြစ်ဒဏ်ကျခံခဲ့​ရပြီး​ စည်း​ကမ်း​နဲ့​အညီ​နေထိုင်ခဲ့​တဲ့​ အကျဉ်း​သား​တွေ အကျုံး​ဝင်တယ်လို့​ ​ကြေညာချက်ကဆိုပါတယ်။

ပြီး​ခဲ့​တဲ့​ ​မေလလယ်ပိုင်း​တုန်း​ကလည်း​ အကျဉ်း​သား​ တ​သောင်း​ခွဲနီး​ပါး​ကို ပြစ်ဒဏ်တနှစ် ​လျှော့​ပေါ့​ပေး​ခဲ့​တုန်း​က နိုင်ငံ​ရေး​အကျဉ်း​သား​ ရာဂဏန်း​လောက်ပဲ ပါခဲ့​တာ​ကြောင့်​ အခုပြန်လည်လွှတ်​ပေး​သူ​တွေထဲတွင် နိုင်ငံ​ရေး​အကျဉ်း​သား​ (ယုံကြည်ချက်​ကြောင့်​ပြစ်ဒဏ်ကျခံ​နေရသူ) ဘယ်နှဦး​ပါဝင်မယ်ဆိုတာကို မသိနိုင်​သေး​ပါဘူး​။

လတ်တ​လောမှာ နိုင်ငံတဝန်း​က အကျဉ်း​ထောင်​တွေနဲ့​ ရဲဘက်စခန်း​တွေထဲမှာ နိုင်ငံ​ရေး​အကျဉ်း​သား​ ၁၅၀၀ ခန့်​ရဲ့​ စာရင်း​ရရှိထား​တယ်လို့​ နိုင်ငံ​ရေး​အကျဉ်း​သား​စာရင်း​ကို လက်ရှိပြုစု​နေတဲ့​ ပြည်တွင်း​အ​ခြေပြု ဒီမိုက​ရေစီကွန်ရက်အဖွဲ့​က ရှစ်ဆယ့်​ရှစ်မျိုး​ဆက်​ကျောင်း​သား​ ကိုတိုး​ကျော်လှိုင်က ​ပြောပါတယ်။

အစိုး​ရက အသိအမှတ်ပြုတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ (ယုံကြည်ချက်​ကြောင့်​ အကျဉ်း​ကျခံ​နေသူ) စာရင်း​ဟာ ၄၀၀ ခန့်​သာ အသိအမှတ်ပြုတာ​ကြောင့်​ သူတို့​စာရင်း​ထက် လူ ၁၀၀၀ ​လောက် နည်း​နေတယ်လို့​ ကိုတိုး​ကျော်လှိုင်က ​ပြောပါတယ်။

နိုင်ငံ​ရေး​အကျဉ်း​သား​ စာရင်း​ ​ကောက်ယူမှုအ​ခြေအ​နေ​တွေနဲ့​ ပတ်သက်လို့​ ကိုတိုး​ကျော်လှိုင်ကို ​မေး​မြန်း​ထား​ပါတယ်။

နိုင်ငံ​ရေး​အကျဉ်း​သား​တွေနဲ့​ ပတ်သက်ပြီး​တော့​ စာရင်း​ကောက်တယ်ဆို။ အဲဒါလုပ်ငန်း​စဉ်နဲ့​ ပတ်သက်ပြီး​တော့​ ​ပြောပြ​ပေး​ပါလား​။

“ကျ​နော်တို့​က အဓိကလုပ်တာ နိုင်ငံ​ရေး​အကျဉ်း​သား​ လွတ်​မြောက်​ရေး​ကို လက်မှတ်​ရေး​ထိုး​ လှုပ်ရှား​မှုဆိုတာ ရှိခဲ့​တယ်။ လက်မှတ်လည်း​ တသိန်း​တင်ထား​တာ ရှိတယ်။ အဲဒီက​နေ ကျ​နော်တို့​အဖွဲ့​က​နေ အကျဉ်း​ထောင် အသီး​သီး​မှာရှိတဲ့​ အကျဉ်း​သား​စာရင်း​ကို ​ကောက်တယ်။ ဘာလို့​ကောက်လဲဆို​တော့​ အစိုး​ရက သတ်မှတ်တဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ အ​ရေအတွက်နဲ့​ ကျ​နော်တို့​ သိထား​တဲ့​အ​ရေအတွက်နဲ့​က ကွာ​နေတယ်။ အစိုး​ရက ဥပမာ ၁၇/၁၊​ ၁၇/၂ ​တွေဆိုရင် နိုင်ငံ​ရေး​အကျဉ်း​သား​ မသတ်မှတ်တာရှိတယ်။ ဥပမာ နိုင်ငံ​ရေး​နဲ့​တော့​ ဖမ်း​လိုက်တာပဲ ဒါ​ပေမယ့်​ ပုံနှိပ်ဥပ​ဒေတို့​ ဘာတို့​နဲ့​ စွဲချက်တင်လိုက်တာမျိုး​လည်း​ ရှိတယ်။ ဒါမျိုး​ဆိုရင်လည်း​ သူတို့​က နိုင်ငံ​ရေး​အကျဉ်း​သား​ မသတ်မှတ်ဘူး​။ အဲလိုမျိုး​ဆို​တော့​ သူတို့​စာရင်း​နဲ့​ ကျ​နော်တို့​စာရင်း​က ​တော်​တော်ကွာတယ်။ အဲဒါ​ကြောင့်​ ကျ​နော်တို့​က အန်တီ ​ဒေါ်​အောင်ဆန်း​စုကြည် က​နေပြီး​တော့​ ဒီရက်ပိုင်း​အတွင်း​မှာ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွတ်​မြောက်ဖို့​ အစိုး​ရနဲ့​ အန်တီနဲ့​ ဒီနိုင်ငံ​ရေး​ အကျဉ်း​သား​စာရင်း​ ဟိုဘက်ဒီဘက် နိုင်ငံ​ရေး​ အကျဉ်း​သား​ စာရင်း​တိုက်ကြတဲ့​အခါမှာ ကျ​နော်တို့​ဘက်က အမှန်နိုင်ဆုံး​စာရင်း​ကို ရဖို့​လိုတယ်။ အဲဒီအတွက်​ကြောင့်​ ကျ​နော်တို့​က တ​ထောင်ချင်း​ စာရင်း​တွေ​ကောက်တယ်။ ပြီး​တော့​ ဒီစာရင်း​ကို အန်တီ့​လက်ထဲကို ထည့်​ပေး​မှာ။ ဒါဟာ မြန်မာနိုင်ငံမှာရှိတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​များ​ စာရင်း​၊​ အမှန်ကန်ဆုံး​၊​ အနီး​စပ်ဆုံး​ စာရင်း​ဖြစ်ပါတယ်။ ပြည်ထဲ​ရေး​တို့​၊​ ဒုတိယဗိုလ်ချုပ်ကြီး​ ကိုကိုတို့​နဲ့​ စာရင်း​တိုက်မယ်ဆိုရင် ဒီစာရင်း​ကို ကိုင်ပြီး​တိုက်​ပေး​ပါဆိုပြီး​ ကျ​နော်တို့​က အန်တီ့​လက်ထဲကို အပ်နိုင်ဖို့​ ပါ။”

အခု ဘယ်နှရက်​လောက် ရှိပြီလဲ ကိုတိုး​ကျော်လှိုင်တို့​လုပ်တာ။

“မြန်မာနိုင်ငံမှာ အကျဉ်း​ထောင်အား​လုံး​ပေါင်း​က ၄၃ ​ထောင်ရှိတယ်။ တချို့​ရဲဘက်စခန်း​တွေမှာ ​ရောက်​နေတာ​တွေရှိတယ်။ ရဲဘက်စခန်း​ ဂခုနဲ့​ အကျဉ်း​ထောင် ၄၃​ထောင်ဆို​တော့​ ကျ​နော်တို့​အတည်ပြုရမှာက အား​လုံး​ ၅၁ ​နေရာရှိတယ်။ အခုချိန်ထိ​တော့​ ၂၃ ​နေရာ အတိအကျ ပြီး​သွား​ပြီ တဝက်နီး​ပါး​ပေါ့​။”

ပြည်ထဲ​ရေး​ဝန်ကြီး​ ဗိုလ်ချုပ်ကြီး​ကိုကိုနဲ့​ ကိုတိုး​ကျော်လှိုင်တို့​ ပြုစုတဲ့​ စာရင်း​နဲ့​ ကွာဟလို့​ရှိရင် လွတ်​နေတဲ့​လူ​တွေက ဘယ်လိုမျိုး​ ဆက်​ဆောင်ရွက်မလဲ။

“တကယ်တမ်း​တော့​ နိုင်ငံ​ရေး​အကျဉ်း​သား​ ဟုတ်မဟုတ်ကို အစိုး​ရက အသိဆုံး​ပါ။ ဘာ​ကြောင့်​ ဖမ်း​ထား​တယ်ဆိုတာ သူတို့​အသိဆုံး​ပဲ။ ပြီး​တော့​မှသာ ဟို ပုဒ်မ ဒီ ပုဒ်မ​တွေ ​လျှောက်တပ်တာ။ အဲဒီ​တော့​ ပထမတဆင့်​တော့​ ဒီစာရင်း​နဲ့​ တိုက်ခိုင်း​မယ်။ အစိုး​ရစာရင်း​ဆိုရင် ကျ​နော်တို့​စာရင်း​နဲ့​ ​တော်​တော်ကွာ​နေတယ်။ ကျန်တဲ့​ထောင်​တွေ စိစစ်ဆဲမှာ ကျ​နော်တို့​ခန့်​မှန်း​တာက နိုင်ငံ​ရေး​အကျဉ်း​သား​ စုစု​ပေါင်း​ ၁၄၀၀ နဲ့​ ၁၅၀၀ ကြား​ရှိမယ်လို့​ ကျိန်း​သေ​ပေါက် ခန့်​မှန်း​လို့​ ရတယ်။ ၂၃ ​ထောင်ပြီး​တာလည်း​ ကျန်တဲ့​ထောင်​တွေလည်း​ ​နောက်ဆုံး​အ​ချောသတ် တိုက်ဆိုင်စစ်​ဆေး​မှု လုပ်​နေ​သေး​တာ ဖြစ်တဲ့​အတွက်​ကြောင့်​ ခန့်​မှန်း​ကြည့်​လို့​ ရ​နေပြီ။ အစိုး​ရက အခု ၄၀၀ ​လောက်ပဲ နိုင်ငံ​ရေး​အကျဉ်း​သား​ စာရင်း​ကို ပြ​နေတာမျိုး​ဖြစ်​နေတယ်။ ပြီး​တော့​ အီလက်ထ​ရောနစ်အက်တို့​ နယ်စပ်ဖြတ်​ကျော် ၁၃/၁တို့​ ၁၇/၁၊​ ၁၇/၂ တရား​မဝင် အသင်း​ဆက်သွယ်တို့​၊​ ​နောက်ပြီး​တော့​ ​ဖောက်ခွဲဆိုပြီး​ ပုဒ်မ ၆ နဲ့​ဆွဲထား​တာတို့​ကို သူတို့​က နိုင်ငံ​ရေး​အကျဉ်း​သား​ မသတ်မှတ်ဘူး​ဆိုတာ အဲဒီမှာ အကျဉ်း​သား​စာရင်း​က အစိုး​ရဘက်နဲ့​ ကျ​နော်တို့​ ဘက်နဲ့​တော်​တော်ဟသွား​တယ်။”

ကိုတိုး​ကျော်လှိုင်တို့​က နိုင်ငံ​ရေး​ အကျဉ်း​သား​ ၁၅၀၀ ဝန်း​ကျင်​လောက်​ပေါ့​။ ဒါ့​အပြင် ပြည်ပအ​ခြေစိုက် ​အေ​အေပီပီဘီ( နိုင်ငံ​ရေး​အကျဉ်း​သား​များ​ကူညီ​စောင့်​ရှောက်​ရေး​အသင်း​) က​တော့​ ၁၉၉၈ ​ယောက်၊​ အဲဒီ​တော့​ ဘာဖြစ်လို့​ ဒီမှာ​ရော ကွာတာလဲ။

“​အေ​အေပီပီရဲ့​ ၁၉၉၈ စာရင်း​က ၂၀၁၁ ဇွန်လ ​လောက်အထိပဲ မှန်ကန်ခဲ့​တယ်။ အဲဒီကိစ္စ ​အေ​အေပီပီကိုလည်း​ ​ပြောပြီး​ပြီ၊​ ​အေ​အေပီပီကလည်း​ ပြန်လည်​ဖြေရှင်း​မှု​တွေ လုပ်တဲ့​အခါမှာ ​အေ​အေပီပီက မစ္စတာ ကင်တား​နား​ကို စာရင်း​ပေး​လိုက်တာမှာ ၁၉၉၈ စာရင်း​ပေး​လိုက်တဲ့​အခါကျ​တော့​ လွဲ​ချော်​နေတယ်​ပေါ့​။ ​အေ​အေပီပီကလည်း​ လွတ်တဲ့​လူ​တွေကို ပြန်လည်စစ်​ဆေး​ထား​တာ မရှိခဲ့​သေး​ဘူး​ဆိုတာကို ဝန်ခံထား​တယ်။ ​အေ​အေပီပီနဲ့​ ကျ​နော်တို့​စာရင်း​က အများ​ကြီး​သွား​ပြီး​ နီး​စပ်လိမ့်​မယ်။ ​အေ​အေပီပီကလည်း​ ဒီရက်ပိုင်း​မှာ စာရင်း​အသစ်လုပ်​နေတယ်။”

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013