DVB Logo
Home
မြန်မာသတင်း
အရက်မူးလဲနေသည့် ၂၈ နှစ်အရွယ်အမျိုးသမီးကို ရဲတပ်ဖွဲ့ နေရပ်ပြန်ပို့
DVB
·
August 11, 2016
အရက်မူးလဲနေသည့် ၂၈ နှစ်အရွယ်အမျိုးသမီးကို ရဲတပ်ဖွဲ့ နေရပ်ပြန်ပို့
Donate to DVB

လမ်းဘေးမှာ အရက်မူးပြီး လဲနေတဲ့ အမျိုးသမီးတဦးကို ရဲတပ်ဖွဲ့က နေရပ် ကူညီပို့ဆောင်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ရဲဇာနည်ဖေ့ဘုတ်ခ်စာမျက်နှာမှာ ဖော်ပြထား ပါတယ်။

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ရန်ကုန်-မန္တလေးကားလမ်းဘေး ဝါးရုံကုန်းကျေးရွာ အနီးမှာ သြဂုတ်လ ၉ ရက်နေ့က အမျိုးသမီးတဦး မူးလဲနေတယ်လို့ သတင်းရတဲ့အတွက် ညောင်လေးပင်မြို့မရဲစခန်းမှ အမျိုးသမီးရဲမေပါဝင်တဲ့ သက်သေတွေနဲ့အတူ သွားရောက် စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးချက်အရ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်နေ အသက် ၂၈ နှစ်အရွယ် မ×××× ဖြစ်ပြီး အရက်သေစာသောက်စားမူးယစ် အိပ်ပျော်နေတာဖြစ်ကြောင်း စစ်ဆေး သိရှိရခဲ့ရ ပါတယ်။ အမူးပြေအောင်ပြုစုပြီး နေရပ်ဖြစ်တဲ့ ကျောက်တံတားမြို့နယ်ကို ဇေယျာဟိန်း ခရီးသည်ယာဉ်နဲ့ ပြန်လည် ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013