DVB Logo
Home
မြန်မာသတင်း
ကလေးဝမြို့နယ် ချောင်းကျဉ်းကျေးရွာအနီး ၃ ဖာလုံခန့် မြေလွှာအက်ကြောင်းများဖြစ်ပေါ်
DVB
·
August 10, 2016
ကလေးဝမြို့နယ် ချောင်းကျဉ်းကျေးရွာအနီး ၃ ဖာလုံခန့် မြေလွှာအက်ကြောင်းများဖြစ်ပေါ်
1 / 5
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်အတွင်းက မြစ်သာမြစ်ကမ်းဘေးက ချောင်းကျဉ်းကျေး ရွာအနီးမှာ အလျား ၃ ဖာလုံလောက်ရှိတဲ့ မြေယာအက်ကြောင်း တခုဖြစ်ပေါ်နေ ပါတယ်။

ဒီလိုမြေအက်မှုကြောင့် လမ်းတွေအက်ကွဲကုန်ပြီး မိုးတွေဆက်ရွာမယ်ဆိုရင် ချောင်းကျဉ်းကျေး ရွာအတွက်စိုးရိမ်ရတယ်လို့ ကလေးဝမြို့က ဦးအောင်ဇော်ဦးက ပြောပါတယ်။

“အဲဒါ ဒီနေ့မနက်လောက်က ဖြစ်တာဗျာ။ ချောင်းကျဉ်းကျေးရွာဆိုတဲ့နားလေးမှာ ကားလမ်းနဲ့ ကားလမ်းအပေါ်ဖက်ကို မြေလွှာအက်ကြောင်းပေါ့။ အက်ပြီးတော့ အိကျသွားတာပေါ့။ အလျား ကတော့ ၃ ဖာလုံလောက်ရှိတယ်။ အခက်အခဲကတော့ မိုးဆက်ရွာမယ်ဆိုရင် လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကလိုမျိုး လမ်းကြီးတခုလုံး အိကျသွားနိုင်တယ်။ နောက်ပြီးတော့ အဲဒီထိပ်နားက ချောင်းကျဉ်းကျေးရွာ ရေဘေးသင့်ကျေးရွာ အသစ်လေးရှိတယ်။ အဲဒါလေးအတွက်လည်း စိုးရိမ်ရ တာပေါ့။ စာသင်ကျောင်းတွေလည်း ရှိတယ်။”

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကလည်း အလားတူ မြေအက်ပြီး ကားလမ်းကြီးတခု လျောကျသွားတာ မျိုးတွေဖြစ်ပွားခဲ့ဖူးပြီး အိမ်တွေရော အပင်တွေက ရောပါသွားတဲ့ မြေစီးကြောင်းလိုဖြစ်သွားခဲ့ ဖူးတယ်လို့လည်း ဦးအောင်ဇော်ဦး က ပြောပါတယ်။

“လွန်ခဲ့တဲ့ ၁၀ နှစ်ကကျတော့ ကားလမ်းကြီးတခုလုံး လျော့ကျသွားတာဗျာ။ ကိုက်လေးငါးဆယ် လောက်ကိုလေ။ ရွာက အိမ်ခြေတွေရောအကုန်လုံးပါလာတာပေါ့။ ပြိုသွားတာမဟုတ်ပေမယ့် စောင်းကုန်တာပေါ့။ သစ်ပင်တွေ ဘာတွေကောအကုန်လုံးပဲ၊ မြေပြိုတာမဟုတ်ဘဲ မြေစီးကြောင်း လိုမျိုးဖြစ်သွားတာပေါ့။ မြစ်ဘက်ကို လျောကျတာ။ ၃ ဖာလုံကျော်လောက် ချောင်းတွင်း တံတားထိပ်အထိပေါ့။ အဲဒီတုန်းက ရွာပါပါတာပေါ့။ အိမ်ရော၊ ဘုန်းကြီးကျောင်းရောပါတာပေါ့။ အိမ်တွေက ပြိုသွားတဲ့သဘောမျိုးပေါ့။ မြေကြီးနောက်ပါသွားတာဆိုတော့လေ။ ”

မြေအက်မှုဖြစ်တဲ့နေရာဟာ ကလေးဝမြို့နဲ့ ၁၀ ကီလိုမီတာလောက်ကွာဝေးပြီး လက်ရှိ အချိန်မှာတော့ ဒေသခံအာဏာပိုင်တွေက အက်သွားတဲ့လမ်းကို မြေဖို့ဖာထေးမှုတွေ လုပ်နေတယ်လို့လည်း ပြောပါတယ်။ လတ်တလောအထိ အိမ်တွေ ပြိုတာမရှိသေးဘူးလို့ ပြောပါတယ်။

ဓာတ်ပုံ - Sit Nyein Aung

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013