DVB Logo
Home
မြန်မာသတင်း
ရွာသား ၅ ဦင်္းကို သတ်ဖြတ်ခဲ့မှု တပ်မတော်သားများ စစ်တရားခွင်တွင် ၀န်ခံ (ရုပ်သံ)
DVB
·
August 10, 2016
ရွာသား ၅ ဦင်္းကို သတ်ဖြတ်ခဲ့မှု တပ်မတော်သားများ စစ်တရားခွင်တွင် ၀န်ခံ (ရုပ်သံ)
Donate to DVB

လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအုပ်စုအတွင်းက ရွာသား ၅ ဦးကို သတ်ဖြတ်ခဲ့မှုအတွက် စွပ်စွဲခံထားရတဲ့ တပ်မတော်သားတွေက အရှေ့မြောက်တိုင်းစစ်ဌာချုပ် စစ်တရားခွင်ရှေ့မှာ ၀န်ခံလိုက်ပြီလို့ ကာယကံရှင်မိသားစုဝင်တွေနဲ့ ရပ်မိရပ်ရပ်ဖတွေက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မိုင်းယော်ကျေးရွာအုပ်စုအတွင်းက ဒေသခံရွာသား ၅ ဦးကို ၂၀၁၆ ခုနှစ် ဇွန် ၂၅ ရက်နေ့က တပ်မတော်စစ်ကြောင်းတခုက သတ်ဖြတ်ခဲ့တယ်ဆိုပြီး ကာယကံရှင်မိသားစုတွေက သက်ဆိုင်ရာအဖွဲ့အစည်းထံ တိုင်ကြားခဲ့ပါတယ်။

အခုအဲ့ဒီအမှုနဲ့ပတ်သက်ပြီး စွပ်စွဲခံထားရတဲ့ တပ်မတော်စစ်ကြောင်းက အရာရှိ၊ စစ်သည်တွေကို သြဂုတ် ၉ ရက်နေ့က ကာယကံရှင်မိသားစုဝင်တွေရှေ့မှာ စစ်တရားခွင်နဲ့ စစ်ဆေးရာမှာ စွပ်စွဲထားတဲ့အတိုင်း မှန်ကန်ကြောင်းဝန်ခံလိုက်တာပါ။

မိသားစုဝင်တဦးက “ကျနော်တို့ သတ်တယ်လို့ သူတို့ပြောတယ်။ အဲလိုပဲ သူတို့ ပြောတာက” လို့ ပြောပါတယ်။

အမှု စစ်ဆေးနေတာနဲ့ပတ်သက်လို့ တပ်ဘက်က သတင်းထုတ်ပြန်ထားတာ မရှိသလို၊ ဒီဗွီဘီက သီးခြား အတည်မပြုနိုင်ပါဘူး။

အမှုကို စစ်ဆေးတာဟာ အခုနဲ့ဆို ၄ ကြိမ်မြောက်ရှိပါပြီ၊ ပထမ ၃ ကြိမ်ကတော့ ခလရ (၆၈) တပ်ရင်းအတွင်းမှာ ရပ်ရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ကာယကံရှင်မိသားစုဝင်တွေကို စစ်ဆေးတာဖြစ်ပြီး အခုအကြိမ်ကတော့ စွပ်စွဲခံထားရတဲ့ တပ်မတော်သားတွေကို အရှေ့မြောက်တိုင်းစစ်ဌာချုပ်အတွင်းမှာ စစ်တရားခွင်နဲ့ စစ်ဆေးတာဖြစ်ပါတယ်။

တရားခွင်မှာ သွားရောက်နားထောင်ခဲ့တဲ့ ဒေသခံရွာသားတဦးက “အပြစ်ကျူးလွန်တဲ့တပ်ဖွဲ့ဝင်တွေကို သူတို့ စစ်တာပါ။ ကျနော်တို့ရှေ့မှာ သူတို့ အမှန်တကယ်စစ်တဲ့အကြောင်း၊ အမှန်တကယ် အမှုစွဲနေတဲ့အကြောင်းကို အဲလိုစစ်တာပါ။ ပွင့်လင်းမြင်သာမှုရှိပါတယ်။ သူတို့ဘက်ကနေ ထွက်ဆိုချက်ပေါ့။" လို့ ပြောပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး အပြီးသတ် အမိန့်ချမယ့်ရက်ကိုတော့ မသိရသေးဘူးလို့ သေဆုံးသွားသူတွေရဲ့မိသားစုဝင်တွေက ဒီဗွီဘီကို ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင် မိုင်းယော်တိုက်နယ်မှာ ဟိုးလေးတကြော် ဖြစ်ခဲ့တဲ့ ရွာသား ၅ ဦးသေဆုံးခဲ့ရမှုဟာ တပ်မတော်က စစ်ဆေးရင်း လက်လွန်သေဆုံးခဲ့ရပြီး စစ်ခုံရုံးနဲ့စစ်ဆေးဆုံးဖြတ်ပြီး လူသိရှင်ကြား ထုတ်ပြန်မယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့က သတင်းစာရှင်းပွဲမှာ ပြောကြားထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013