DVB Logo
Home
မြန်မာသတင်း
မိုးညို ရေဘေးဒုက္ခသည်များအတွက် အကူအညီလိုအပ်နေ (ဓာတ်ပုံ)
DVB
·
August 10, 2016
မိုးညို ရေဘေးဒုက္ခသည်များအတွက် အကူအညီလိုအပ်နေ (ဓာတ်ပုံ)
1 / 11
Donate to DVB

ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့ မဟာသုမင်္ဂလာကြေးသွန်းဘုရားကြီး ရေဘေးကယ်ဆယ်ရေး စခန်းမှာ လူဦးရေ ၆၀၉ ဦးရောက်ရှိနေပြီး စားဝတ်နေရေးအတွက် အကူအညီလိုအပ်နေပါတယ်။

ကယ်ဆယ်ရေးစန်းကို သြဂုတ် ၄ ရက်နေ့က စတင်ဖွင့်လှစ်ထားတာဖြစ်ပြီး စခန်းမှာ ရေဘေးဒုက္ခသည်တွေကို ကျွေးမွေးဖို့အတွက် အခက်အခဲရှိနေပါတယ်။

တနေ့ကုန်ကျစရိတ်က ဆန် ၅ အိတ်နဲ့ ဟင်းဖိုး သုံးသိန်းထိကုန်ကျနေပြီး ၂၀ လီတာရှိတဲ့ ရေဘူးကြီး တနေ့ကို ဘူး ၂၀ ကုန်ကျနေတာပါ။ အခုအချိန်မှာ ဆန်အိတ်နဲ့ ရေဘူးက လုံလောက်နေပေမယ့် ၁၂ ရက်နေ့နောက်ပိုင်း အစားအစာ ကျွေးမွေးဖို့ အခက်အခဲရှိနေပါတယ်။

သြဂုတ် ၁၂ ရက်နေ့နောက်ပိုင်းမှာ အလှူရှင်တွေမလာရောက်ခဲ့ပါက မိုးညိုမြို့က ရပ်ကွက်တွေထဲမှာ ကယ်ဆယ်ရေးစခန်းတာဝန်ရှိသူတွေက သွားရောက်အလှူခံပြီး ကျွေးမွေးဖို့ ပြင်ဆင်နေကြ ပါတယ်။

ဓာတ်ပုံ -ဟိန်းကို

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013