DVB Logo
Home
မြန်မာသတင်း
၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်မည့်ကိုယ်စားလှယ် ၇၀၀ ခန့်ရှိမည်
DVB
·
August 10, 2016
၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်မည့်ကိုယ်စားလှယ် ၇၀၀ ခန့်ရှိမည်
Donate to DVB

၂၁ ရာစုပင်လုံညီလာခံမှာ တက်ရောက်မယ့်ကိုယ်စားလှယ် ၇၀၀ ခန့်ရှိမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးက ပြောပါတယ်။

သြဂုတ်လ ၁၀ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းဝေးမှာ ရှမ်းပြည်နယ်မဲဆန္ဒနယ်က ဦးကျော်နီနိုင်က ပင်လုံညီလာခံမှာ ကိုယ်စားပြုကိုယ်စားလှယ်ဦးရေ မည်မျှတက်ရောက်ခွင့်ရှိမည်၊ တိုင်းရင်းသားလူမျိုးစုအလိုက် ကိုယ်စားပြုတက်ရောက်ခွင့် ရှိ မရှိနဲ့ မည်သို့ ဖိတ်ကြားထားသည်၊ မည်သို့ ကျင်းပသွားမည် မေးခွန်းနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြန်လည်ကြားတာဖြစ်ပါတယ်။

"၂၁ ရာစုပင်လုံမှာ တက်ရောက်မယ့် ကိုယ်စားလှယ်ဦးရေ ၇၀၀ လောက်ရှိမယ်လို့ မျှော်မှန်း ထားပါတယ်။ အရင်က နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်အရကတော့ ညီလာခံတက် ရောက်မယ့် ကိုယ်စားလှယ် ၇၀၀ မှာ အစိုးရအဖွဲ့ကိုယ်စားလှယ် ၇၅ ဦး၊ လွှတ်တော် ကိုယ်စားလှယ် ၇၅ ဦး၊ တပ်မတော်ကိုယ်စားလှယ် ၁၅၀ ဦး၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၁၅၀ ဦး၊ တရားဝင်နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ် ၁၅၀ဦး၊ တိုင်းရင်းသားကိုယ်စားလှယ် ၅၀ ဦး၊ တခြားပါဝင်သင့် ပါဝင်ထိုက်သူ ၅၀ ဦး လို့သတ်မှတ်ထားပါတယ်။ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ကိုလည်း ပြန်လည်သုံးသပ်ဖို့ ရှိပါတယ်။ ဖိတ်ကြားမှုစာရင်းအတိအကျကိုတော့ အခုလလည်မှာ ပြုလုပ်မယ့် UPDJC မှာ ဆွေးနွေးညှိနှိုင်းပြီး အတည်ပြုသွားမှာဖြစ်ပါတယ် ” လို့ ဦးကျော်တင့်ဆွေက ဆိုပါတယ်။

ဒါအပြင် တိုင်းရင်းသားလူမျိုးစုအလိုက် ကိုယ်စားပြုတက်ရောက်ခွင့်အတွက် အလေးထား ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

၂၁ ရာစုပင်လုံညီလာခံနဲ့ပတ်သက်ပြီး UPDJC အစည်းအဝေးမှာဆုံးဖြတ်ပြီးမှ ဘယ်လို ဖြစ်လာမလဲဆိုတာနဲ့ လတ်တလောကာလမှာ အတိအကျ မပြောနိုင်သေးဘဲ UPDJC ဆွေးနွေးမှုက ထွက်လာမယ့် ရလဒ်တွေပေါ်မူတည်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013