DVB Logo
Home
မြန်မာသတင်း
သဘာဝဘေးစီမံခန့်ခွဲမှုအပေါ် အရပ်ဘက်စစ်ဘက်ဆွေးနွေး
DVB
·
August 10, 2016
သဘာဝဘေးစီမံခန့်ခွဲမှုအပေါ် အရပ်ဘက်စစ်ဘက်ဆွေးနွေး
Donate to DVB

သဘာဝဘေးစီမံခန့်ခွဲမှုအပေါ် အရပ်ဘက် စစ်ဘက် ညှိနှိုင်းမှုအလုပ်ရုံဆွေးနွေးပွဲ “Civil Military Coordination Workshop on Disaster Management”ကို နေပြည်တော် အမရာဟိုတယ်မှာ ကျင်းပနေပြီး အရပ်ဘက် စစ်ဘက်ဌာနဆိုင်ရာအသီးသီးက တာဝန်ရှိသူ ၂၅ ဦးတက်ရောက် နေပါတယ်။

ဆွေးနွေးပွဲကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန (လူ ကယ်ပြန်)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းက တာဝန်ရှိသူတွေ တက်ရောက်ဆွေးနွေး ကြတယ်လို့ လူကယ်ပြန်က ထုတ်ပြန်ပါတယ်။

သဘာဝဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်မှုတွေမှာ အရပ်ဘက်-စစ်ဘက် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာပြီး ပိုမိုထိရောက်သော လူသားချင်းစာနာမှုအကူအညီပေးရန်နဲ့ အရေးပေါ် တုံ့ပြန်မှုလုပ်ငန်းတွေ ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ကျင်းပတာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် လူသားချင်းစာနာကူညီမှုဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းရေးမှူးရုံး UNOCHA တို ပူးပေါင်းကျင်းပတာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ နှစ်စဉ်လိုလို ရေကြီးမြင့်မှုတွေ ကြုံတွေ့နေရပြီး မနှစ်တုန်းက ရေကြီးမှုမှာ လူပေါင်းတသန်းကျော် ရေဘးသင့်သက်ရောက်ခဲ့ပြီး ၁၀၀ ကျော်သေဆုံးခဲ့ပါတယ်။ လက်ရှိ ရေကြီးမှုမှာလည်း အနည်းဆုံး ငါးဦးသေဆုံးခဲ့ပြီး လေးသိန်းကျော် ရေဘေးသင့်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013