DVB Logo
Home
မြန်မာသတင်း
မှော်ဘီမြို့နယ်ရှိ ရေဘေးသင့်အိမ်ထောင်စု ၁၀၃ စု အကူအညီ လိုအပ်
DVB
·
August 10, 2016
မှော်ဘီမြို့နယ်ရှိ ရေဘေးသင့်အိမ်ထောင်စု ၁၀၃ စု အကူအညီ လိုအပ်
1 / 7
Donate to DVB

မှော်ဘီမြို့နယ်ရှိ  မြောင်းတကာကျေးရွာအုပ်စုနဲ့ မြစ်ကျိုးကျေးရွာအုပ်စု တွေက ကျေးရွာ ၅ ရွာက ရေဘေးသင့် အိမ်ထောင်စု ၁၀၃ စု သောက်ရေနဲ့ အစားအသောက် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် မြောင်းတကာကျေးရွာအုပ်စုနဲ့ မြစ်ကျိုးကျေးရွာအုပ်စု တွေက ကျေးရွာ ၅ ရွာမှာရေကြီးလာတဲ့အတွက် မြောင်းတကာကျေးရွာက မှန်ကျောင်းဓမ္မရိပ်သာ ကျောင်းမှာ သြဂုတ် ၈ ရက်နေ့က ကူညီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားပြီး ကူညီစောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေတာပါ။

အဲ့ဒီမှာ အိမ်ထောင်စု ၁၀၃ စုရှိနေပြီး ရေထပ်မံမြင့်တက်လာရင် လူဦးရေထပ်တိုးလာနိုင်ပြီး ကူညီထောက်ပံမှုတွေလိုအပ်တယ်လို့ မြောင်းတာကာရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သူလွင်က ပြောပါတယ်။

မှော်ဘီမဲဆန္ဒနယ် အမှတ် ၁ ကလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်းကတော့ ရေဘေးသင့် ပြည်သူတွေအခြေအနေကို တိုင်းဒေသကြီးလွှတ်တော်ကို တင်ပြပြီး အကူအညီတောင်းခံသွားမယ်လို့ ဒီဗွီဘီ ကိုပြောပါတယ်။

လောလောဆယ်အဆင်ပြေပေမယ့်ရက်ကြာလာရင် စားရေးသောက်ရေးအခက်အခဲ ရှိလာနိုင်တယ်လို့လည်း မှော်ဘီမြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ဝန်ထမ်းဖြစ်သူ ကိုဇော်ဝင်းထွန်းက ပြောပါတယ်။

မြောင်းတကာကျေးရွာ မှန်ကျောင်းဓမ္မရိပ်သာမှာ ဖွင့်လှစ်ထားတဲ့ ရေဘေးကယ်ဆယ်ရေး စခန်းဟာ မှော်ဘီမှာ ဒီနှစ်အတွက် ပထမဆုံး စခန်းဖြစ်ပြီး မနှစ်က လူဦးရေ ရေဘေးသင့် ပြည်သူ တစ်ထောင်လောက်ကို ကူညီစောင့်ရှောက်ခဲ့ရတယ်လို့ သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013