DVB Logo
Home
Lead Story
၂၁ ရာစုပင်လုံညီလာခံအတွက် တိုင်းရင်းသားများ အဆင်သင့်မဖြစ်သေးဘူး- ခူးဦးရယ်
DVB
·
August 9, 2016
၂၁ ရာစုပင်လုံညီလာခံအတွက် တိုင်းရင်းသားများ အဆင်သင့်မဖြစ်သေးဘူး- ခူးဦးရယ်
Donate to DVB

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ရာစုပင်လုံ) ကို လာမယ့်သြဂုတ် ၃၁ ရက်နေ့မှာ စတင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြောဆိုခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီက ပြောခွင့်ရသူ ခူးဦးရယ်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဖြေကြားရာမှာ အဆင်သင့်မဖြစ်သေးဘဲ နည်းနည်းစောနေတယ်လို့ ဖြေကြားသွားပါတယ်။

၃၁ ရက်နေ့က ညီလာခံစတော့မယ်ဆိုတော့လေ တိုင်းရင်းသားတွေဘက်က အဆင်သင့် ဖြစ်နေပြီလို့ ပြောလို့ရနေပြီလား။

“ကျနော်ထင်တယ် အဆင်သင့်ဖြစ်တယ်၊ မဖြစ်ဘူးမေးရင်တော့ အားလုံးအဆင်သင့် မဖြစ်သေးဘူးလို့ပဲ ကျနော်မြင်တယ်။ ကျနော်တို့ ညီနောင် ၈ ဖွဲ့လည်း အဆင်သင့် ဖြစ်မယ် မထင်ဘူး။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ ဒီညီလာခံနဲ့ပတ်သက်ပြီးတော့ ဘယ်ပုံစံနဲ့ သွားကြ မယ်၊ ဘယ်လိုအနေအထားမျိုးနဲ့ သွားကြမယ်၊ ဘယ်သူတွေ ပါသင့်တယ်၊ ဘယ်လို အနေအထားမျိုးနဲ့ သွားရင်တော့ဖြင့် ဒီအဆင့်က ဘယ်လိုရလဒ်ကောင်းတွေ ရနိုင်တယ်၊ ကျနော်တို့အားလုံးလက်ခံနိုင်တဲ့ အခင်းအကျင်းမျိုး ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာ ညှိနှိုင်းဆွေးနွေးမှု ဘာမှ မရှိဘူးလို့ ကျနော်ထင်တယ်ပေါ့နော်။ အဲဒါကြောင့်မို့လို့ အထူးသဖြင့် ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရော၊ နိုင်ငံရေးပါတီတချို့က ကျနော်ထင်တယ် အဆင်သင့်မဖြစ်သေးဘူး။ နည်းနည်းစောနေသလားပေါ့နော်။ အမှန်ကတော့ ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်ပြီးတော့ အားလုံးသဘောတူ လက်ခံတဲ့အခြေအနေမျိုးနဲ့စတာကတော့ ကောင်းမွန်တဲ့ အစကောင်းဖြစ်ဖို့ များပါတယ်။ ဒါပေမယ့် အခုကတော့ အဲသလို ဖြစ်မယ့်အနေအထားမျိုးတော့ မဟုတ်ဘူးလို့တော့ကျနော်ထင်တယ်။

ဒါပေမယ့် အခုလို စောပြီးစလိုက်တယ်ဆိုတာကလည်း အစိုးရမှာ အခြေခံ ရည်ရွယ်ချက်ရှိတယ်လို့ ကျနော်နားလည်တယ်။ ဘာဖြစ်နိုင်ခြေရှိမလဲဆိုတော့ အခုတက်လာတဲ့ အစိုးရအနေနဲ့ သူတို့အစိုးရသစ်လက်ထက်မှာ သူတို့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို သူတို့အစိုးရသစ်က သူတို့နည်းသူတို့ဟန်နဲ့ စလိုက်ပါပြီဆိုတဲ့ ပြသချင်တဲသဘောလည်းပါတယ်။ နောက်တခုကတော့ စက်တင်ဘာလမှာ UNGA (ကုလအထွေထွေညီလာခံ) ကို ကျနော်တို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကလည်း သွားပြီးမိန့်ခွန်းပြောဖို့ ရှိနေတဲ့အခါကျတော့လေ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ပတ်သက်ပြီး သူတို့ အန်အယ်လ်ဒီအစိုးရလက်ထက်မှာ အစပျိုးလိုက်ပါပြီ၊ ဒီအဆင့်ကို ရောက်နေပြီ၊ ဒီလို နားလည်မှုတွေ တည်ဆောက်ထားပါပြီဆိုတဲ့ သတင်းစကားမျိုး ပါးချင်တာလည်း ပါကောင်းပါမှာပေါ့လေ။

ကျနော်တို့ဘက်ကတော့ ဘာပဲဖြစ်ဖြစ် အများစုကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ကြဖို့တော့ သဘောထားရှိထားပြီးသားလို့ ကျနော်နားလည် ပါတယ်။ အဲလိုပဲသွားကြမယ်လို့ ကျနော် မျှော်လင့်ပါတယ်။ ဒါပေမယ့် ကျနော်တို့အတွက် အခက်အခဲတခုက အချိန်ပြသနာပါပဲ။ ဒီအချိန်လေးကပဲ ကျနော်တို့အတွက် နည်းနည်း အကျပ်အတည်းဖြစ်တဲ့သဘောဖြစ်ပါတယ်။ တွန်းတွန်းတိုက်တိုက်သွားနေတော့ တွန်းတွန်း တိုက်တိုက် အဆင်သင့်မဖြစ်ဘဲနဲ့ လိုက်ပါရတဲ့အခြေအနေက သိပ်အဆင်မချောဘူးပေါ့နော်။ ဒီတစ်ခုလေးပဲ ပြောစရာရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013