DVB Logo
Home
မေးမြန်းခန်း
စေတနာမှန်တဲ့​ လွှတ်​ပေး​မှုကို ဖြစ်​စေချင်တယ်
DVB
·
October 10, 2011
Donate to DVB

နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို ရက်ပိုင်း​အတွင်း​ လွှတ်​ပေး​မယ်လို့​ ပြည်သူ့​လွှတ်​တော်ဥက္ကဋ္ဌ ဦး​ရွှေမန်း​က ​ပြောလိုက်ပါတယ်။

ပြည်တွင်း​မှာပဲ နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို ကူညီ​စောင့်​ရှောက်​ပေး​နေတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​များ​ အကျိုး​ဆောင်ကွန်ရက်က​တော့​ ဒီ​ပြောဆိုချက် အ​ပေါ်အပြည့်​အဝ ယုံကြည်ပုံမရပါဘူး​။

လော​လောဆယ် ​ထောင်ထဲမှာ လွတ်ရက်​စေ့​နေ​ပေမယ့်​ ပြန်မလွတ်လာ​သေး​တဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ ရာနဲ့​ ချီရှိ​နေတယ်လို့​ အဖွဲ့​က ဆိုပါတယ်။

ဒီလ ၈ ရက်​နေ့​ ရက်စွဲနဲ့​ အင်း​စိန်​ထောင်ထဲက နိုင်ငံ​ရေး​အကျဉ်း​သား​တွေရဲ့​ အိတ်ဖွင့်​ပေး​စာထဲမှာလည်း​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို လွှတ်​ပေး​ဖို့​သာမက အ​ထွေ​ထွေ လွတ်ငြိမ်း​ချမ်း​သာခွင့်​ အမိန့်​ထုတ်ပြန်ဖို့​ လက်ရှိအစိုး​ရကို တိုက်တွန်း​ထား​ပါတယ်။

နိုင်ငံ​ရေး​အကျဉ်း​သား​များ​ အကျိုး​ဆောင်ကွန်ရက်က ကို​အောင်​ဇော်ထွန်း​ကို ​မေး​မြန်း​ထား​ပါတယ်။

ကျ​နော်တို့​ နား​လည်သ​လောက်ဆိုရင် ဒါက အမျိုး​သား​ပြန်လည် သင့်​မြတ်​ရေး​အတွက် လွတ်ငြိမ်း​ချမ်း​သာခွင့်​ပေး​ဖို့​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ လုပ်ဖို့​ဆိုတာမျိုး​ ​တောင်း​ဆိုထား​တယ်လို့​ နား​လည်ပါတယ်။ ဒီဟာက ဘယ်လိုရည်ရွယ်ချက်နဲ့​ ထုတ်လိုက်တယ်လို့​ နား​လည်ပါသလဲ။

“အဓိက​တော့​ ကျ​နော်တို့​ အင်း​စိန်အကျဉ်း​ထောင်မှာ ရှိတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေက သူတို့​ရဲ့​ ဒီ​နေ့​တိုင်း​ပြည်​ပေါ်မှာ ဖြစ်​ပေါ်​နေတဲ့​ အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​ နိုင်ငံ​ရေး​လုပ်ငန်း​စဉ် အဆင့်​ပေါ်မှာ သူတို့​အ​နေနဲ့​ အကြံဥာဏ်ပြုတဲ့​သ​ဘောမျိုး​နဲ့​ သူတို့​သ​ဘောထား​ကို အိတ်ဖွင့်​ပေး​စာ ​ပေး​တာပါ။

“အဲဒီမှာ အဓိက သူတို့​ရည်ညွှန်း​ထား​တာက အ​ထွေ​ထွေလွတ်ငြိမ်း​ချမ်း​သာခွင့်​ လုပ်ငန်း​စဉ်တရပ်ကို လုပ်ဖို့​လိုတယ်။ အ​ထွေ​ထွေ လွတ်ငြိမ်း​ချမ်း​သာခွင့်​ ဆိုတဲ့​ သ​ဘောက အ​ထွေ​ထွေဆိုတဲ့​သ​ဘောက နိုင်ငံ​ရေး​၊​ စစ်​ရေး​၊​ စီး​ပွား​ရေး​၊​ ယဉ်​ကျေး​မှုဆိုင်ရာမှာ နိုင်ငံ​ရေး​အမြင် ကွဲလွဲမှု​ကြောင့်​ အင်အား​စုအသီး​သီး​ဟာ ပြည်ပနိုင်ငံ​ရောက်​နေတာ​တွေ ရှိတယ်၊​ အကျဉ်း​ချခံ​နေရတာ​တွေရှိတယ်၊​ တိုင်း​ရင်း​သား​လူမျိုး​စု ပြဿနာ​တွေရှိတယ်။ အဲဒါ​တွေနဲ့​ပတ်သက်ပြီး​တော့​ အရင်​ခေတ်​ဟောင်း​ စနစ်​ဟောင်း​မှာ အ​ကြွေး​အဖြစ် ကျန်ရှိ​နေတဲ့​ကိစ္စကို ဒီ​နေ့​လက်ရှိ ​ခေတ်သစ်အ​ခြေအ​နေသစ် အစိုး​ရသစ်က သင်ပုန်း​ချေပြီး​တော့​ အ​ထွေ​ထွေဆိုတဲ့​ သ​ဘောကို​ပြောတာပါ။ အကျဉ်း​သား​ထုကို လွှတ်​ပေး​တဲ့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​ကို ​ပြောတာမဟုတ်ဘူး​။ ​နောက်တခုက ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲဆိုတဲ့​ ​နေရာမှာ တိုင်း​ရင်း​သား​လူမျိုး​စု​တွေနဲ့​ ဒီ​နေ့​ဒေါ်​အောင်ဆန်း​စုကြည် ဦး​ဆောင်တဲ့​ ဒီမိုကရက်တစ် အင်အား​စုရယ်၊​ အစိုး​ရရယ် သုံး​ပွင့်​ဆိုင် ​တွေ့​ဆုံ​ဆွေး​နွေး​ရေး​ကို မီး​မောင်း​ထိုး​ပြထား​တာ ​တွေ့​ရပါတယ်။”

မ​နေ့​တ​နေ့​က သူရဦး​ရွှေမန်း​ (ပြည်သူ့​လွှတ်​တော်ဥက္ကဋ္ဌ) က ဒီရက်ပိုင်း​မှာပဲ အကျဉ်း​သား​တွေ လွတ်လာ​တော့​မယ် ​ပြောတဲ့​အခါကျ​တော့​ အဲဒီအ​ပေါ်မှာ နိုင်ငံ​ရေး​အကျဉ်း​သား​များ​ အကျိုး​ဆောင်ကွန်ရက်အ​နေနဲ့​ ဘယ်​လောက်ထိ ယုံကြည်မှုရှိပါသလဲ။ ​နောက်တခုက ဒီအ​ပေါ်မှာ ဘယ်လိုများ​ သ​ဘောထား​ပါသလဲ။

“ကျ​နော်တို့​အ​တွေ့​အကြုံနဲ့​ဆိုရင် အစိုး​ရက အမြဲတမ်း​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို လွှတ်​ပေး​တော့​မယ်ဆိုတဲ့​ အသံ​တွေကို ​ထောင်ထဲမှာရှိတဲ့​ အာဏာပိုင်​တွေကတဆင့်​လည်း​ ထုတ်ပြန်တတ်တယ်။ အပြင်မှာရှိ​နေတဲ့​ နိုင်ငံ​ရေး​ အင်အား​စု​တွေ ကြား​ထဲကိုလည်း​ သူတို့​ရဲ့​ ယန္တရား​က​နေတဆင့်​ နည်း​မျိုး​စုံနဲ့​ ထုတ်ပြန်ပါတယ်။ တကယ်တမ်း​ လက်​တွေ့​ကျကျ လွှတ်​ပေး​တဲ့​အခါမှာ ကျန်ခဲ့​တဲ့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​ ၁၉၈၀ ခုနှစ်က စပြီး​တော့​ ဒီဘက် နှစ် ၃၀ ကြာမှ တခါထုတ်ပြန်ခဲ့​တဲ့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​တောင်မှ နိုင်ငံ​ရေး​ အကျဉ်း​သား​က ၅၀ ​ကျော်​လောက်ပဲ ပါတယ်။ ၂၀၀၀၀ ​ကျော် လွတ်တဲ့​အခါမှာ ၅၀ ​ကျော် ​လောက်ပဲပါတယ်။ ပါတဲ့​အခါမှာလည်း​ အ​ရေအတွက်အရ နည်း​သလို လွတ်နီး​ပုဂ္ဂိုလ်​တွေပဲ ​တွေ့​ရတယ်။

“တကယ်​တော့​ ကျ​နော်တို့​က ​စေတနာမှန်မှန်နဲ့​ လှုပ်ရှား​ဆောင်ရွက်တဲ့​ လွှတ်​ပေး​မှုကို ဖြစ်​စေချင်တယ်။ အခု​လော​လောဆယ် လွှတ်​ပေး​နိုင်တယ်ဆိုတဲ့​ အသံ​တွေထွက်​နေတယ်။ ကျ​နော်တို့​ ​စောင့်​ကြည့်​လေ့​လာ​နေတယ်။ ​ထောင်ထဲမှာရှိတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ ​တွေကလည်း​ ဒါကို​မျှော်လင့်​နေတယ်။ အပြင်မှာရှိ​နေတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ မိသား​စုဝင်​တွေကလည်း​ ဒါ​တွေကို ​စောင့်​စား​နေပါတယ်။ ခုချိန်ထိ​တော့​ တိတိကျကျ လှုပ်ရှား​ဆောင်ရွက်​နေတာ မရှိပါဘူး​။ သူရဦး​ရွှေမန်း​ ​ပြောတယ်ဆိုတာကလည်း​ သူတို့​ရဲ့​ အုပ်ချုပ်​ရေး​ပိုင်း​ဆိုင်ရာက ​ပြောတဲ့​နေရာမှာ တိကျ​ရေရာတဲ့​ ​ပြောဆိုမှုမျိုး​ မဟုတ်ဘူး​။ ဒီ​နေ့​အချိန်မှာ နိုင်ငံ​ရေး​အကျဉ်း​သား​ အား​လုံး​ကို လွှတ်​ပေး​ခြင်း​ မလွှတ်​ပေး​ခြင်း​ဆိုတာထက် နိုင်ငံ​ရေး​အကျဉ်း​ကျ ပုဂ္ဂိုလ်များ​ကို ​ထောင်လက်စွဲ ဥပ​ဒေအရ ​လျှော့​ရက်ခံစား​ခွင့်​ကို အရင်​ပေး​ဖို့​လိုတယ်။ ထိုနည်း​တူ နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို ​စေတနာ ပါပါနဲ့​ လွှတ်​ပေး​ဖို့​လိုပါတယ်။”

အခု​လော​လောဆယ် ​လျှော့​ရက်ခံစား​ခွင့်​ မရတဲ့​အခါကျ​တော့​ ဘယ်​လောက်များ​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေဘက်က နစ်နာတာရှိသလဲ။ ဘယ်သူ​တွေ နစ်နာ​နေလဲ။

“​လျှော့​ရက်ခံစား​ခွင့်​ မရတဲ့​အတွက် ဥပမာ ၁ဝနှစ်ကျရင် တကယ်တမ်း​ ​ထောင်​လျှော့​ရက်ရမယ်ဆိုရင် ​ထောင်လက်စွဲ ဥပ​ဒေအရ ၆ နှစ် ၈ လပဲ​နေရတယ်။ ၇ နှစ်ကျမယ်ဆိုရင် ၅ နှစ်နဲ့​ ၂ လပဲ ​နေရတယ်။ အခုရိုး​ရိုး​သေဒဏ်ကျတဲ့​ ပုဒ်မက ၇ နှစ်ကျတဲ့​လူက ​ထောင်ထဲမှာ ၅ နှစ် ၂ လ​နေပြီး​ရင် ပုံမှန်လွတ်​မြောက်တယ်။ နိုင်ငံ​ရေး​ အကျဉ်း​သား​တွေက​တော့​ ရနှစ်ကျရင် ရနှစ်အပြည့်​၊​ ၁ဝနှစ်ကျရင် ၁၀ နှစ်အပြည့်​နေရတယ်။ အဲဒါက​တော့​ ၁၉၉၈ ခုနှစ် မတ်လက​နေ စတင်ပြီး​တော့​ နိုင်ငံ​ရေး​အကျဉ်း​သား​များ​ကို တပ်မ​တော်စစ်​ထောက်လှမ်း​ရေး​အဖွဲ့​ရဲ့​ညွှန်ကြား​ချက်နဲ့​ အကျဉ်း​ဦး​စီး​ကို ညွှန်ကြား​ပြီး​တော့​ မ​ပေး​ဖို့​ဆိုတာ သတ်မှတ်ခဲ့​တာပါ။ ​ထောင်လက်စွဲ ဥပ​ဒေအရ ​လျှော့​ရက်ခံစား​ခွင့်​တွေကို အကျဉ်း​သား​ချင်း​အတူတူ နိုင်ငံ​ရေး​အရ လှုပ်ရှား​ပြီး​တော့​ ကျတဲ့​သူ​တွေကို ပိတ်ပင်ထား​ခြင်း​က လူ့​အခွင့်​အ​ရေး​ကို ချိုး​ဖောက်တာဖြစ်တယ်။ ​ထောင်လက်စွဲဥပ​ဒေကို ချိုး​ဖောက်တာဖြစ်တယ်။

“အရင်တုန်း​က​တော့​ အမျိုး​သား​ထောက်လှမ်း​ရေး​က ညွှန်ကြား​ချက်အရ လုပ်တယ်။ ဒီ​နေ့​အချိန်မှာ လွှတ်​တော်​ပေါ်​နေပြီ၊​ သမ္မတရှိ​နေပြီ၊​ ဒါကိုဆက်လက်ကျင့်​သုံး​မယ်ဆိုရင် သမ္မတကလုပ်တာလား​၊​ လွှတ်​တော်ကလုပ်တာလား​ ဆိုတာကို နိုင်ငံ​ရေး​အကျဉ်း​သား​တွေက ပွင့်​ပွင့်​လင်း​လင်း​ သိချင်တယ်။ ဒါက အ​ခြေခံကျကျ ချိုး​ဖောက်ခံရတာပဲ။ အဲဒါ​ကြောင့်​ ဒီ​နေ့​နှစ် ၂၀ ကျတယ် ​ထောင်ထဲမှာ ၁၉ နှစ် ​နေ​နေရတယ် မလွတ်​သေး​ဘူး​။ ​လျှော့​ရက်ခံစား​ခွင့်​သာ ရမယ်ဆိုရင် သူက ၁ဝနှစ်နဲ့​၄လ ဆိုရင်လွတ်တယ်။ ခုထိမလွတ်​သေး​ဘူး​။ အဲလိုဟာမျိုး​က အကျဉ်း​သား​ပေါင်း​ ၂၀၀၀ ​ကျော်ရှိတဲ့​အခါ ​လျှော့​ရက်ခံစား​ခွင့်​ကိုသာ ​ပေး​ခဲ့​မယ်ဆိုရင်၊​ ​ထောင်လက်စွဲဥပ​ဒေအရ ရရှိခဲ့​မယ်ဆိုရင် အကျဉ်း​သား​တွေရဲ့​ သုံး​ပုံပုံ တပုံက ဘာလွတ်ငြိမ်း​ချမ်း​သာခွင့်​မှ မ​ပေး​ဘဲ လွတ်​မြောက်လာမယ့်​ အလား​အလာ ရှိပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013