DVB Logo
Home
မြန်မာသတင်း
၂၁ ရာစုပင်လုံညီလာခံ သြဂုတ် ၃၁ ရက်နေ့ စမည်
DVB
·
August 8, 2016
၂၁ ရာစုပင်လုံညီလာခံ သြဂုတ် ၃၁ ရက်နေ့ စမည်
Donate to DVB

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ ပထမအကြိမ်အစည်းအဝေးကို သြဂုတ် ၃၁ ရက် နေ့မှာ  စတင် ကျင်းပသွားမယ်လို့  ဒေါ်အောင်ဆန်းစုကြည်ကပြောကြားလိုက်ပါတယ်။

ဒီကနေ့ မနက် နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစု ပင်လုံကျင်းပရေး ဗဟိုကော်မတီ အစည်းအဝေးမှာ ပြောကြားခဲ့တာလို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

၂၁ ရာစုပင်လုံကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က “အစကောင်းမှ အနှောင်းသေချာ ဆိုသလို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံတော် အစိုးရပိုင်းမှ ဆောင်ရွက်ရမည့်လုပ်ငန်းများကို ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြရန်” တိုက်တွန်းပြောပါတယ်။

အစည်းအဝေးကို  ပြည်ထောင်စုဝန်ကြီးတွေ၊ ၂၁ ရာစုပင်လုံကျင်းပရေး ဗဟိုကော်မတီဝင်တွေနဲ့ လုပ်ငန်းကော်မတီဝင်တွေတက်ရောက်ပြီး လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်သွားမယ့် အစီအစဉ်တွေကို ရှင်းလင်းတင်ပြခဲ့ကြတယ်လို့ သတင်းမှာဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013