DVB Logo
Home
မြန်မာသတင်း
ရှစ်လေးလုံး အရေးတော်ပုံ ၂၈ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ရန်ကုန်မြို့မှာ ပြုလုပ်
DVB
·
August 8, 2016
ရှစ်လေးလုံး အရေးတော်ပုံ ၂၈ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ရန်ကုန်မြို့မှာ ပြုလုပ်
Donate to DVB

ဒီမိုကရေစီရရှိရေးအတွက် ပြည်သူတရပ်လုံးပါဝင်လှုပ်ရှားခဲ့တဲ့ ၈၈ ခုနှစ် သပိတ်ကြီးကို အမှတ်ရတဲ့အနေနဲ့ အခမ်းအနားတခုကို ရန်ကုန်မြို့လယ်မှာ ပြုလုပ်ခဲ့တာပါ။

ဒီပွဲကို ဘာသာအသီးသီးက ဆရာတော်တွေ တက်ရောက်ပြီး ရှစ်လေးလုံးအရေးတော်ပုံမှာ ကျဆုံးခဲ့သူတွေအတွက် ရေစက်ချ အမျှဝေခဲ့ကြပါတယ်။

“အာဇာနည်ခေါင်းဆောင်တွေအတွက် ချီးကျူးဂုဏ်ယူပြီး သူတို့အတွက် အမြဲဆုတောင်းပေး ပါတယ်။ ဒီလို အာဇာနည်ခေါင်းဆောင်တွေ ပေါ်ထွန်းလာဖို့နဲ့ တိုင်းပြည်အတွက် စေတနာ ထားတဲ့ ခေါင်းဆောင်တွေ ပေါ်ထွန်းလာဖို့ ဆုတောင်းပါတယ်”လို့  သင်းအုပ်ဆရာ ဖာသာစောဆာဆေးက ပြောပါတယ်။

တက်ရောက်လာတဲ့ ဘာသာအသီးသီးက ဆရာတော်တွေကလည်း ကျဆုံးခဲ့သူတွေအတွက် ဆုတောင်းပေးခဲ့ကြပါတယ်။

“ရှစ်လေးလုံးရဲ့ ပိုင်ရှင်ဟာ ပြည်သူတစ်ရပ်လုံးဖြစ်ပါတယ်။ ဒီပွဲကို ဖွဲ့အတစ်ခုအနေနဲ့လုပ်တာ မဟုတ်ပါဘူး” လို့ အခမ်းအနားစီစဉ်သူ ကိုဆန်းတင်ကျော်က ပြောပါတယ်။

ဒီပွဲကို ၈၈ ကို မီခဲ့သူတွေ၊ အဖွဲ့အစည်းတွေနဲ့ ကျောင်းသားလူငယ်တွေလည်း တက်ရောက်ခဲ့ တာပါ။

ဒသမတန်းကျောင်းသား မောင်အောင်စိုးခန့်က “ကျွန်တော့် အဖေပြန်ပြောပြလို့ သိရတယ်။ တိုင်းပြည် ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင်လို့ အသက်တွေချွေးတွေ ပေးခဲ့ရ တာကြောင့် ဒီနေရာကို ရောက်လာရတဲ့ အတွက် ဝမ်းနည်းတယ်” လို့ ပြောပါတယ်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ တစ်ပါတီ အာဏာရှင်စနစ်ကို တွန်းလှန် သပိတ်မှောက်ရင်း ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အထွေထွေသပိတ်ကို ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013