DVB Logo
Home
မြန်မာသတင်း
ပါကစ္စတန်ဆေးရုံတွင်း ဗုံးခွဲတိုက်ခိုက်မှုဖြစ်၊ လူ ၇၅ ဦး ထက်မနည်းသေဆုံး (ရုပ်သံ)
DVB
·
August 8, 2016
ပါကစ္စတန်ဆေးရုံတွင်း ဗုံးခွဲတိုက်ခိုက်မှုဖြစ်၊ လူ ၇၅ ဦး ထက်မနည်းသေဆုံး (ရုပ်သံ)
Donate to DVB

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း၊ ဘာလူချစ်စ်တန်ပြည်နယ် မြို့တော် ကွက်တာ ဆေးရုံတစ်ရုံမှာ ဒီကနေ့မနက်ပိုင်းက အသေခံဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး လူ ၇၅ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ ရဲချုပ် ဇာဟောရ်အက်ဖရီဒီက အယ်လ်ဂျာဇီးယားသတင်းဌာနကို ပြောပါတယ်။

ဒီပေါက်ကွဲမှုအတွင်း လူပေါင်း ၅၀ လောက်ဟာလည်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့ ကြကာ ဒါဟာ အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်နိုင်တယ်လို့ သတင်းက ဆိုပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန၀န်ကြီး ဆာဖာရက်ဇ် ဘတ်ဂ်တီက “ခုမနက်အစောပိုင်း က သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတဲ့ နာမည်ကျော်ရှေ့နေ ဘီလယ်အန်ဝါကာစီရဲ့ ဈာပန အခမ်းအနားကို လိုက်ပါပို့ဆောင်ကြတဲ့ ရှေ့နေတွေနဲ့ သတင်းထောက်အများအပြားပါ ၀င်တဲ့ လူအုပ်ကြီးစုရုံးရောက်ရှိလာချိန်မှာ ခုလိုပေါက်ကွဲမှုဖြစ်ခဲ့တာပါ”လို့ ပြောပါတယ်။

အခင်းဖြစ်တဲ့နေရာတ၀ိုက်မှာ လူပေါင်းများစွာဟာ အပျက်အစီးတွေကြားမှာ ကြောက်လန့်တကြား ပြေးလွှားနေကြပြီး ဆေးရုံဝင်းထဲက ထွက်ပြေးဖို့ ကြိုးစားခဲ့ကြတာကို တွေ့ရပါတယ်။

ပါကစ္စတန်သတင်းမီဒီယာတွေမှာဖော်ပြချက်တွေမှာတော့ သေဆုံးခဲ့သူတွေထဲ မှာ သတင်းသမားတဦးပါဝင်ပြီး အနည်းဆုံး ဓာတ်ပုံဆရာတဦးသေဆုံးခဲ့တယ်လို့ ဆိုပါ တယ်။

လက်ရှိမှာတော့ ဒီတိုက်ခိုက်မှုဖြစ်ရတဲ့ နောက်ကွယ်က အကြောင်းအရင်းကိုလည်း မသိရသေးဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013