DVB Logo
Home
မြန်မာသတင်း
ကျပ်သိန်း ၅၀၀ ပေါက် ထီလက်မှတ် ခိုးယူလဲလှယ်သူများကို အမှုဖွင့်တိုင်ကြား
DVB
·
August 8, 2016
ကျပ်သိန်း ၅၀၀ ပေါက် ထီလက်မှတ် ခိုးယူလဲလှယ်သူများကို အမှုဖွင့်တိုင်ကြား
Donate to DVB

မိုးညှင်းမြို့နယ် ညောင်ကုန်းကျေးရွာမှာ ၃၃၁ ကြိမ်မြောက် ကျပ်သိန်း ၅၀၀ ပေါက်တဲ့ ထီလက်မှတ်ခိုးယူခံရတဲ့အတွက် မိုးညှင်းမြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တယ်လို့ သိရပါ တယ်။

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ညောင်ကုန်းကျေးရွာအရှေ့ပိုင်းရှိ ဒေါ်ခင်နှောင်းနေအိမ်မှာ သြဂုတ် ၂ ရက်နေ့ ညနေ ၆ နာရီက ကျပ်သိန်း ၅၀၀ ပေါက် မင်္ဂလာမောင်မယ် ၅ စောင်တွဲ
၃၃၁ ကြိမ်မြောက် န ၂၉၀၄၁၀ ထီလက်မှတ်ခိုးယူလဲလှယ်မှု ဖြစ်ပွားခဲ့ပါတယ်။

ကျပ်သိန်း ၅၀၀ ထီပေါက်တဲ့ ဒေါ်ခင်နှောင်း အိမ်ရဲ့ ညောင်ကုန်းရွာနေအိမ်ကို သြဂုတ် ၂ ရက်နေ့ ညနေက အသက် ၃၀ ကျော် အမျိုးသား ၂ ဦး ရောက်လာပြီး ထီရောင်းတဲ့ကိုယ်စားလှယ်က လွှတ်လိုက်လို့ ထီလက်မှတ်ကို ကြည့်မယ်လို့ ပြောဆိုခဲ့ပါတယ်။ မိခင်ဖြစ်သူနေအိမ်မှာ မရှိတဲ့အတွက် သမီးဖြစ်သူက ထီလက်မှတ်ကိုထုတ်ပြနေချိန်မှာ အဆိုပါအမျိုးသားနှစ်ယောက်က သောက်ရေတောင်းတဲ့အတွက် တဖက်ရှိရေအိုးမှ ရေလှည့်ခပ်နေစဉ် ထီလက်မှတ်လဲလှယ်ပြီး ထွက်သွားတယ်လို့ သိရပါတယ်။

သြဂုတ် ၃ ရက်နေ့မှာ ထိုးထားတဲ့ ထီဆိုင်က သိန်း ၅၀၀ ပေါက်နေကြောင်း အကြောင်းကြား လာတဲ့အတွက် ထီလက်မှတ်မှာ ပေါက်တဲ့ ထီလက်မှတ်မှတ်မဟုတ်ဘဲ လဲလှယ်ထားကြောင်း သိရှိခဲ့ရပါတယ်။

ထီလက်မှတ်ခိုးယူလဲလှယ်သွားသူ နှစ်ယောက်ကို ရှာမတွေ့တဲ့အတွက် ထီလက်မှတ်ပိုင်ရှင် ဒေါ်ခင်နှောင်းက မိုးညှင်းမြို့ မြို့မရဲစခန်းမှာ သြဂုတ် ၅ ရက် နေ့လယ်ပိုင်းမှာ အမှုဖွင့်တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

မိုးညှင်းမြို့ မြို့မရဲစခန်း အမှုစစ် ဒုရဲအုပ်ကြည်စိုး က (ပ)၉၀/၁၆ပုဒ်မ၃၈၀ အရ အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - မုန်းမုန်းမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013