DVB Logo
Home
မြန်မာသတင်း
ဒိုက်ဦးမြို့ ရေကြီးမှုကြောင့် ဆေးရုံတွင်းလူနာတွေ ရွှေ့ပြောင်းကုသရ
DVB
·
August 8, 2016
ဒိုက်ဦးမြို့ ရေကြီးမှုကြောင့်  ဆေးရုံတွင်းလူနာတွေ ရွှေ့ပြောင်းကုသရ
Donate to DVB

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်မှာ တောင်ကျရေကြောင့် မြို့တွင်းအပါအ၀င် ကျေးရွာတချို့မှာ ရေကြီးနှစ်မြုပ်မှုဖြစ်ပွားခဲ့တဲ့အတွက် ရေဘေးလွှတ်ရာကို ပြောင်းရွှေ့ရသလို ဆေးရုံလူနာတွေ ကိုပါ ပြောင်းရွှေ့ကုသခဲ့ရပါတယ်။

ဒိုက်ဦးမြို့နယ်က ကောလိယချောင်းနဲ့ ဒရယ်မီးချောင်းတို့က တောင်ကျရေကြောင့် သြဂုတ်လ ၆ ရက်နေ့ကစပြီး ရုတ်တရက်ကြီးပြီး မြို့တွင်း ရပ်ကွက်တချို့ ရေမြုပ်မှုတွေဖြစ်ပွားခဲ့ပါတယ်။

ရေကြီးနစ်မြုပ်မှုကြောင့် လူဦးရေ ၇၀၀ ခန့် ရေဘေးလွတ်ရာကို ပြောင်းရွှေ့နေထိုင်ရသလို မြို့နယ်ဆေးရုံရေမြုပ်တဲ့အတွက် လူနာတွေကို ပြောင်းရွှေ့ကုသရတယ်လို့ ဒိုက်ဦးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသူရဇော်က ပြောပါတယ်။

“တောင်ကျမိုးရေကြောင့် ကျနော်တို့ ရေဘေးရှောင်ပြည်သူ ၇၀၀ လောက်ရှိပါတယ်။ ဆေးရုံလူနာ ရွှေ့ပြောင်းရတာက ၁၆ ဦးပါခင်ဗျာ။ အဲဒါက ဘုရားကြီးရင်ပြင်ရဲ့ ဓမ္မာရုံမှာထားပါတယ်။ အရေးပေါ်လူနာတွေကိုလည်း ညောင်လေးပင်တို့ကို ရွှေ့ရတယ်။ ရိုးရိုးလူနာတွေကကျတော့ ကျနော်တို့ ဘုရားကြီးမှာထားပါတယ်။ ”

ဒိုက်ဦးမြို့မှာ ရပ်ကွက် ၉ ခုရှိပြီး အမှတ် ၈၊ ၆ နဲ့ ၅ ရပ်ကွက်တွေမှာ ရေကြီးနှစ်မြုပ်နေတာဖြစ်ပြီး ဆေးရုံမှာတော့ ရေ ၄ပေလောက်အထိ နစ်မြုပ်သွားတဲ့အတွက် လူနာတွေနေဖို့အဆင်မပြေလို့ ပြောင်းရွှေ့ရတာလို့လည်းဆိုပါတယ်။

ဒါ့အပြင် လမ်းမကြီးတွေမှာ ရေလျှံတာ၊ ကျေးရွာလယ်ကွင်းတွေရေလျှံတာနဲ့ တံတားတခုလည်း ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့တယ်လို့လည်း ပြောပါတယ်။

ဒီကနေ့မနက်ပိုင်းမှာတော့ ရေအနည်းငယ်ပြန်ကျသွားပြီး ရေဘေးသင့်ပြည်သူတွေကို ပရဟိတ လူမှုရေးအသင်းအဖွဲ့တွေ၊ စေတနာရှင်ပြည်သူတွေနဲ့ ဌာနဆိုင်ရာ တွေက ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ပေးနေတယ်လို့လည်း ဦးသူရဇော်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013