DVB Logo
Home
မြန်မာသတင်း
မိုးညိုမြို့နယ်တွင် အိမ် ၁၃၁ လုံး ရေထဲမျောပါ
DVB
·
August 8, 2016
မိုးညိုမြို့နယ်တွင် အိမ် ၁၃၁ လုံး ရေထဲမျောပါ
1 / 8
Donate to DVB

ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ်က ငါးကြီးကျေးရွာလေး ရေနစ်ပြီး အိမ် ၁၃၁ လုံး ရေထဲမျောပါသွားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့က တတ်လာတဲ့ မြစ်မခ မြစ်ရေဟာ သြဂုတ်လ ၁ ရက်နေ့လောက်မှာ မြစ်ရေအတက်ကြမ်းလာပြီး အိမ်တွေရေထဲကို စတင်မျောပါခဲ့တာပါ။

သြဂုတ်လ ၁ ရက်နေ့ကနေ ၇ ရက်နေ့အထိ ၁ ပတ်အတွင်း အိမ် စုစုပေါင်း ၁၃၁ လုံး အိမ်တိုင်ကျွတ်မျောပါသွားပြီး မူလတန်းကျောင်း တခြမ်းပျက်စီးကာ မူကြိုကျောင်း တကျောင်းလည်း ရေထဲမျောပါသွားခဲ့ပါတယ်။

ငါးကျီးကျေးရွာလေးဟာ အရှေ့ ဘက်ကမ်းရွာနဲ့ အနောက်ဖက်ကမ်းရွာ ဆိုပြီး မြစ်မခမြစ်က အလယ်ကနေ ဖြတ်စီးဆင်းနေတာပါ။ ၂ ရွာပေါင်း စုစုပေါင်းအိမ်ခြေ ၁၉၈ အိမ်ရှိပြီး အိမ်တွေ ရေမျောပါခဲ့တဲ့အတွက် အခုဆိုရင် ၆၇ လုံးပဲကျန်ခဲ့ပါတယ်။

ရေဘေးသင့် ကျေးရွာသားတွေက အိမ်ရေထဲမျောပါမှာ စိုးရိမ်တဲ့အတွက် ကြိုးတွေနဲ့ အပင်တွေမှာ ချည်နှောင်ပြီး နေထိုင်နေရပါတယ်။ ရေလွတ်ရာ တာတွေပေါ်မှာ အိမ်မွေး တိရစ္ဆာန်တွေနဲ့အတူ နေထိုင်နေကြသူတွေလည်း ရှိပါတယ်။

သွားလာရေး အရမ်းခက်ခဲတဲ့အတွက် ငါးကျီးကျေးရွားလေးကို ရောက်ဖို့ မိုးညိုမြို့ ကနေ စက်လှေနဲ့ ၂ နာရီခရီးရှိတာကြောင့် ကူညီကယ်ဆယ်ရေးအဖွဲ့တွေ လာရောက်ဖို့ အရမ်းခက်ခဲတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013