DVB Logo
Home
မြန်မာသတင်း
ပိုက်လိုင်းကြောင့် ပျက်စီးလယ်မြေများ လျော်ကြေးပေးမှု တောင်သူများ လက်မခံ
DVB
·
August 7, 2016
ပိုက်လိုင်းကြောင့် ပျက်စီးလယ်မြေများ လျော်ကြေးပေးမှု တောင်သူများ လက်မခံ
1 / 5
Donate to DVB

ကျောက်ဖြူမြို့နယ်မှာ ပိုက်လိုင်းကြောင့် ရွှံ့စေးမြေတွေ လယ်ယာမြေတွေပေါ်ကို ကျရောက်ပျက်စီးမှုအတွက် နစ်နာကြေး (လျော်ကြေး) တွေ ပေးချေရာမှာ “တောင်သူများသို့အပြီးသတ်ပေးချေခြင်း” ဆိုတဲ့ စာသားကို မကျေနပ်လို့ နစ်နာကြေးကို လက်မခံခဲ့ကြောင်း တောင်သူတွေက ပြောပါတယ်။

သြဂုတ် ၄ ရက်နေ့ ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမှာ ပျက်စီးလယ်မြေ တောင်သူ ၂၁ ဦးအတွက် နစ်နာကြေး (လျော်ကြေး) ငွေကျပ်သိန်း (၃၁၄,၈၂၅၀၀) ကျပ်ကို လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း အရှေ့ တောင်အာရှရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီးမံကိန်း (China National Petroleum Coeporation)(CNPC) ကုမ္ပဏီက ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ကျောက်ဖြူမြို့နယ် ဂုံးချိန်ကျေးရွာမှ လယ်ယာမြေ ၂ ဧက ပျက်စီးဆုံးရှုံးသွားသူ ဒေါ်ကြည်ကြည်နှင်းက “ဘယ်လိုလုပ်လက်ခံလို့ ရမလဲ၊ ကျမတို့နစ်နာတာတွေအများကြီးပါ။ သူတို့က သီးနှံလျော်ကြေးနဲ့ လယ်ယာမြေပြုပြင်မှု အပြီးသတ်ပေးချေမယ်ဆိုပြီး စာချုပ်မှာပါတယ်။ ကျမတို့ ဒါတွေလက်မှတ်ထိုးပြီး လက်ခံ စာချုပ်ပါသဘောတရားအရ လယ်ယာမြေတွေ ပြုပြင်ဖို့ အတွက်ပါ အပြီးသတ်လက်ခံတာဖြစ်သွားပြီလေ။ ဒါကလုံးဝမဖြစ်နိုင်သလို့ လုပ်ပေးဖို့လည်း မဖြစ်နိုင်ပါဘူး။ သူတို့က စာချုပ်မှာပါတာကိုမပြင်တော့ ဘူးတဲ့။ နှုတ်ကတိနဲ့ လုပ်ပေးမယ်လို့ပြောတယ်။ ကျမတို့အနေနဲ့ကတော့ လုံးဝမယုံကြည့်ဘူး။ ကျမတို့ဘက်ကလည်း အဲ့ဒီငွေတွေ လက်မခံခဲ့ပါဘူး” လို့ ပြောပါတယ်။

အခုလိုငွေကြေးဆိုင်ရာ ပေးအပ်တာနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု မရှိတဲ့အပြင် စာချုပ်ပါအချက်အလက်တွေ ရိုးသားမှုမရှိဘူးလို့ ဆိုပါတယ်။

တောင်သူတွေက တညီတညွတ်ဆုံးဖြတ်ချက်နဲ့ အဲ့ဒီငွေတွေကို လက်မခံသလို့ ဆက်လက်ပြီး တောင်သူတွေအားလုံး စုပေါင်းလုပ်သင့်တာကိုလုပ်ဖို့ ဆုံးဖြတ်သွားမယ်လို့ သူမ က ဆက်လက်ပြောပါတယ်။

နစ်နာကြေး (လျော်ကြေး) ပေးချေမှုနဲ့ပတ်သက်လို့ ကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်း ညှိနှိုင်းရေးကော်မတီ ဦးထွန်းကြည်က ”ဒါက သူတို့လုပ်နေတာ လုံးဝသဘာဝမကျဘူး။ ဒါက ပြည်သူတွေကို လူလည်ကျတာပါ။ မလုပ်သင့်ဘူး။ ရွံ့ဖုံးမြေကို ပြန်လုပ်ပေးမယ်လို့ ပြောထားတာကြာပါပြီ။ ဒါပေမယ့် အခုအချိန်ထိ ဘာမှလုပ်ပေးတာမရှိဘူး။ အခုလည်း တောင်သူတွေနစ်နာနေတာကို ဘာမှမဆွေးနွေးဘဲ တောင်သူများသို့ အပြီးသတ်ပေးချေခြင်း ဆိုတဲ့ စာချုပ်တွေမှာပါလာတယ်။ သူတို့လယ်မြေဆုံးရှုံးမှုအတွက် အပြီးသတ်ပေးချေလုပ်တာက ဒေသခံတောင်သူတွေကို မလေးစားတာပဲ။ ဒါကဒီလို့မဖြစ်သင့်ပါဘူး။

ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းအေး၊ MOGE မှ တာဝန်ခံအရာရှိ ဦးကိုကိုထွေး၊ မြို့နယ်မြေစာရင်းဦးစီးဌာန ဦးစီးမှူးတွေက လယ်မြေဆုံးရှုံနစ်နာမှုတွေ ရှင်းလင်းခဲ့ပြီးတော့ အခမ်းအနားကို တောင်သူ ၂၁ ဦးတို့ တက်ရောက်ခဲ့တာဖြစ်ပါတယ်။

တောင်သူ ၂၁ ဦးတို့အတွက် ဆုံးရှုံးလယ်မြေဧက ၂၀ လောက်ကို (CNPC) ကုမ္ပဏီမှ ကျပ်သိန်း ၃၀၀ ကျော် လျော်ကြေးပေးအပ်ခဲ့ပေမယ့် တောင်သူတွေဘက်က လက်မခံခဲ့တာဖြစ်ပါတယ်။

သတင်း- ၀ဏ္ဏခွာညို

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013