DVB Logo
Home
မြန်မာသတင်း
သမ္မတသက်တမ်း ၁ ကြိမ်ပဲထားရန် အန်အယ်လ်ဒီ မူချထားဟု ဒေါ်နန်းခင်ထွေးမြင့်ပြော
DVB
·
August 7, 2016
သမ္မတသက်တမ်း ၁ ကြိမ်ပဲထားရန် အန်အယ်လ်ဒီ မူချထားဟု ဒေါ်နန်းခင်ထွေးမြင့်ပြော
Donate to DVB

အာဏာရှင်ဆန်မှာစိုးတဲ့အတွက် နိုင်ငံတော်သမ္မတသက်တမ်းကို ၁ ကြိမ်ပဲထားဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မူဝါဒ ချမှတ်ထားတယ်လို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ဒီနေ့လုပ်တဲ့ ပြည်နယ်အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုတို့ တွေ့ဆုံပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

“ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒကိုက ကျမတို့ ဆွဲထားတယ်၊ ၂၀၀၈ အခြေခံဥပဒေကို မပြင်ရသေးလို့၊ သက်ဆိုင်ရာနိုင်ငံအကြီးအကဲတွေဟာ သမ္မတတို့၊ ၀န်ကြီးချုပ်တို့ သက်တမ်း ၁ နှစ်ပဲ နေရမယ်။ ကျမ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ၅ နှစ်ပဲ၊ ဘာဖြစ်လို့လဲဆိုရင် ကြာသွားရင် အာဏာရှင် ဖြစ်သွားမယ်ဆိုတာ ကျမတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ရှိထားတယ်။”

ဒေါ်နန်းခင်ထွေးမြင့်ဟာ အန်အယ်လ်ဒီပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်တဦးလည်း ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအရ သမတနဲ့ ဒုသမတတို့ရဲ့ ရာထူးသက်တမ်းဟာငါးနှစ်ဖြစ်ပြီး ရာထူးသက်တမ်း နှစ်ကြိမ်ထက် ပိုပြီး ထမ်းဆောင်ခြင်း မပြုရ လို့ ရေးဆွဲဖော်ပြထားပါတယ်။

အန်အယ်လ်ဒီ အစိုးရက အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးကို ရှေးရှုတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတခုဖြစ်ပေါ်ရေးနဲ့ ပြည်သူလူထုအများစုရဲ့ လူနေမှု ဘ၀ အဆင့်အတန်းတိုးတက် မြင့်မားရေးတို့ကို အကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ ထုတ်ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013