DVB Logo
Home
မြန်မာသတင်း
ဒိုက်ဦး မြို့ပေါ်ရပ်ကွက်အချို့နှင့် ကျေးရွာ ၅ ရွာ ရေကြီးနစ်မြုပ်
DVB
·
August 7, 2016
ဒိုက်ဦး မြို့ပေါ်ရပ်ကွက်အချို့နှင့် ကျေးရွာ ၅ ရွာ ရေကြီးနစ်မြုပ်
1 / 5
Donate to DVB

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့က မြို့ပေါ်ရပ်ကွက်တချို့နဲ့ ကျေးရွာ ၅ ရွာတို့မှာ ရေးကြီးနစ်မြုပ်မှုတွေ ဖြစ်ပေါ်နေပါတယ်။

ဒိုက်ဦးမြို့က မင်းတဲရပ်ကွက်၊ ဒရယ်မီးရပ်ကွက် နဲ့ စမ်းမြှောင်ကြီးကျေးရွာ၊ စစ်ဗိုလ်ကြီးကျေးရွာ၊ စတဲ့ကျေးရွာတွေမှာ သြဂုတ် ၆ ရက်နေ့မနက် ကစပြီး ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပေါ်နေပါတယ်။

လက်ရှိအခြေနေမှာတော့ နေအိမ်ပြောင်းရွှေ့ရတဲ့အဆင်ထိ မရောက်သေးပေမယ့် တချို့ရွာတွေကတော့ တရွာလုံးနီးပါး နစ်မြုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရေကြီးနစ်မြုပ်မှုအခြေအနေကိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ကူညီဆောင်ရွက်မှုတွေ ပေးနိုင်ရေးအတွက် ကွင်းဆင်းပြီး စာရင်းကောက်ယူမှုတွေ ပြုလုပ်နေတယ်လို့ ဒိုက်ဦးမြို့နယ် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ညွန့်ဝေက ပြောပါတယ်။

ဇူလိုင် ၁၅ ရက်ကနေ သြဂုတ် ၅ ရက်အထိ ကာလအတွင်း ပြည်နယ်တိုင်း ၈ ခုမှာ ရေကြီးလို့ ရေဘေးသင့်ပြည်သူ ၃ သိန်း ၁သောင်း ကျော် ရှိနေပြီး သေဆုံးသူ ၄ ဦး ရှိတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ကချင်၊ မွန်၊ ပဲခူး၊ ဧရာဝတီနဲ့ ရန်ကုန် စတဲ့ ပြည်နယ်တိုင်းတို့မှာ လတ်တလော ရေကြီးရေလျှံနေတာ ဖြစ်ပါတယ်။

သတင်းဓာတ်ပုံ - အောင်စိုးမိုး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013