DVB Logo
Home
မြန်မာသတင်း
ကလေးခရိုင်အတွင်း လယ်ဧက ၁၆၀၀ ကျော် ရေလွှမ်းခံရ
DVB
·
August 7, 2016
ကလေးခရိုင်အတွင်း လယ်ဧက ၁၆၀၀ ကျော် ရေလွှမ်းခံရ
1 / 4
Donate to DVB

နိုင်ငံအနှံ့ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေရမှာ ကလေးခရိုင်တွင်း မြစ်သာမြစ်နဲ့ နေရဉ္စရာမြစ် ရေကြီးမှုကြောင့် လယ်ဧက ၁၆၀၀ ကျော် ရေလွှမ်းခံခဲ့ရတယ်လို့ ကလေးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက ပြောပါတယ်။

ကလေးခရိုင်အတွင်း မြစ်ကမ်းရိုးတလျှောက် ကျေးရွာတွေအနေနဲ့ ပြီးခဲ့တဲ့လ ပထမအပတ်ကတည်းက ရေဘေးကို စတင်ကြုံခဲ့ရပေမယ့် ဆိုးဝါးတဲ့ ရေဘေးသင့်မှုမရှိခဲ့ပဲ ချင်းတွင်း မြစ်သာနဲ့ နေရဉ္စရာမြစ်ရေ အနေအထားမှာလည်း သြဂုတ် ၅ ရက်နေ့ကစပြီး စိုးရိမ်ရေအမှတ်အောက် ကျဆင်းသွားခဲ့ပါတယ်။

ရေကျချိန်မှာ လိုအပ်တဲ့ သန့်ရှင်းရေးလုပ်ပေးတာ၊ ကျန်းမာရေးဌာနက ကျန်းမာရေး စစ်ပေးတာ ရေတွင်းရေကန်တွေ ဆေးခပ်ပေးတာနဲ့ ရေကျချိန် ကမ်းပြိုတာကို စောင့်ကြည့်ပေးဖို့သာ လိုအပ်ပါတော့တယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ရေလွှမ်းခံခဲ့ရတဲ့ စိုက်ဧကတွေမှာ စပါးနဲ့ နှမ်း သီးနှံခင်းတွေ အများပြားဆုံးရှုံးခဲ့လို့ အစိုးရအနေနဲ့ တောင်သူတွေ အဆင်ပြေဖို့ တတ်နိုင်တဲ့ဘက်က အကူအညီပေးဖို့ လိုအပ်နေတယ်လို့လည်း ဒေသခံ တောင်သူတဦးက ပြောပါတယ်။

သတင်းဓာတ်ပုံ - မင်းရဲစစ်နိုင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013