DVB Logo
Home
မြန်မာသတင်း
ပုလောတွင် အကောက်ခွန်မဲ့ ဆိုင်ကယ် ၁၂ စီး ဖမ်းဆီးရမိ
DVB
·
August 6, 2016
ပုလောတွင် အကောက်ခွန်မဲ့ ဆိုင်ကယ် ၁၂ စီး ဖမ်းဆီးရမိ
1 / 3
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပုလောတံတားမှာ သြဂုတ် ၂ ရက်နေ့ ည ၁၀ နာရီခွဲလောက်က အကောက်ခွန်မဲ့ ဆိုင်ကယ် ၁၂ စီးကို ဖမ်းဆီးရမိခဲ့တယ်လို့ ပုလောမြို့မရဲစခန်းက ပြောပါတယ်။

ပုလောမြို့မ ရဲစခန်းနဲ့ အခွန်ဦးစီးဌာန တာဝန်ရှိသူတွေ ပုလောမြို့ တံတားထိပ်မှာ မြိတ်မြို့ကနေ မောင်းနင်းလာတဲ့ ယာဉ်အမှတ်၊ 7I/8189 NISSAN CONDOR ကားကို ရပ်တန့်စစ်ဆေးရာကနေ အကောက်ခွန်မဲ့  SCOOPY-I အမျိုးအစား ဆိုင်ကယ် ၁၂ စီးကို တွေ့ရှိဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အကောက်ခွန်မဲ့ ဆိုင်ကယ်တွေ တင်ဆောင်လာတဲ့ ယာဉ်မောင်း (ယာဉ်ပိုင်ရှင်) ဦးမင်းခင်ရွှေဟာ ဆိုင်ကယ်နဲ့ ပတ်သက်တဲ့ စာရွက် စာတမ်းတွေ တစုံတရာ ပြသနိုင်ခြင်းမရှိလို့ အခုလို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

တရားမဝင် ဆိုင်ကယ်တွေ တင်ဆောင် လာသူ ဦးမင်းခင်ရွှေကို ပုလောမြို့မရဲစခန်းမှ (ပ) ၁၈၁/၂၀၁၆၊ ပို့/သွင်းပုဒ်မ ၈ နဲ့ အမှုဖွင့်စစ်ဆေး ဆောင်ရွက်နေတယ်လို့ ပုလောရဲစခန်းက ပြောပါတယ်။

သတင်းနှင့်ဓာတ်ပုံ - မြတ်ထွဋ် (မြိတ်)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013