DVB Logo
Home
မြန်မာသတင်း
ကလေးမြို့အနီးတွင် ပေါက်ကွဲမှုဖြစ်၊ အမျိုးသား ၁ ဦး သေဆုံး
DVB
·
August 6, 2016
ကလေးမြို့အနီးတွင် ပေါက်ကွဲမှုဖြစ်၊ အမျိုးသား ၁ ဦး သေဆုံး
Donate to DVB

ကလေးမြို့မြောက်ပိုင်း မောက်လိုက်ကလေး တောင်ရွာမှာ သြဂုတ် ၅ ရက် ည ၈ နာရီ ကျော်လောက်က ပေါက်ကွဲမှုတခု ဖြစ်ခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။

တီဗွီဇာတ်ကားကြည့်နေရင်း ဆေးလိပ်ယူဖို့ထွက်ခဲ့အချိန် ပေါက်ကွဲသံကြားပြီး ပေါက်ကွဲသံအကျယ်ကြီးနဲ့ မီးခိုးလုံးမည်းမည်းညစ်ညစ်ကြီးတွေ ထွက်တာ မြင်လိုက်ရတယ်၊ ကျန်တာတော့ မသိလိုက်ဘူး။ မီးခိုးတွေ ကျသွားတော့ အစ်မဖြစ်သူက မျက်နှာကြီးကို လက်နဲ့ အုပ်ထားတယ်။ အစ်မနားနေတဲ့သူကတော့ ပေါင်းတစ်ဖက်လုံး စုတ်ပြတ်သွားတာ။ သူထိုင်တဲ့ ထိုင်ခုံကတော့ ရစရာမရှိအောင် ပျက်စီးသွားတယ်လို့ ပေါက်ကွဲမှုဖြစ်တဲ့ အနီးမှာ ရှိနေတဲ့ ကိုအောင်ဖြိုးလင်းက ပြောပါတယ်။

ပေါက်ကွဲမှုမှာ သေဆုံးတဲ့ သူက ကလေးမြို့နယ် စခန်းကြီးရွာနေ ကိုအေးကို ဆိုတဲ့သူဖြစ်ပြီး ကိုအေးကို ပါလာတဲ့ လွယ်အိပ်ထဲကနေ ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။ ငါးဖမ်းရာမှာ အသုံးပြုတဲ့ ယမ်းတွေကနေ မတော်တဆ ပေါက်ကွဲသွားတာလို့ သိရပါတယ်။

ပေါက်ကွဲမှုကြောင့် ကိုအေးကိုဆိုသူမှာ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ဘေးနားရှိ အမျိုးသမီးမှာ လည်ပင်းနဲ့ မျက်နှာ ညိုမည်းဒဏ်ရာ နဲ့ ညတွင်းချင်း ကလေးမြို့ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ရပြီး စိုးရိမ်စရာ အခြေအနေ မရှိဘူးလို့ သိရပါတယ်။

ဖြစ်ပွားခဲ့တဲ့ နေရာ ၅ ပေပတ်လည် အနီးတဝိုက်မှာတော့ သေဆုံးသူ အေးကိုရဲ့ ဘောင်းဘီနဲ့ အသားစတွေဟာ ကြမ်းပြင် မြေပြင်နဲ့ နံရံတွေမှာ ကပ်လျှက်ကျန်နေခဲ့ပြီး ဈေးရောင်းအိမ်ဆိုင်ပစ္စည်းတချို့မှာလည်း ယမ်းမှုန့်တွေ ကပ်ငြိကျန်ရစ်ခဲ့တာကို တွေ့ရပါတယ်။

သတင်းနှင့်ဓာတ်ပုံ - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013