DVB Logo
Home
မြန်မာသတင်း
ဧရာဝတီ ရေဘေး တိုင်းအစိုးရ သတိပေး
DVB
·
August 6, 2016
ဧရာဝတီ ရေဘေး တိုင်းအစိုးရ သတိပေး
Donate to DVB

ဧရာဝတိတိုင်းအတွင်းရှိ ဟင်္သာတခရိုင်၊ မအူပင်ခရိုင်နဲ့ ပုသိမ်ခရိုင်တို့မှာ ရေကြီးနိုင်လို့ တိုင်းအစိုးရက အဲ့ဒီခရိုင်တွေမှာ ကြိုတင်ပြင်ဆင်နိုင်ရေး နှိုးဆော် သတိပေးလိုက်ပါတယ်။

လတ်တလောမှာ ဟင်္သတာခရိုင်အတွင်းရှိ မြန်အောင်၊ ကြံခင်း၊ လေးမျက်နှာ၊ ဟင်္သာတ စတဲ့ မြို့ ၇ ခုမှာ ရေကြီးရေလျှံနေပြီး ရေဘေးအန္တရာယ်စိုးရိမ်ရတာကြောင့် သတိပေးခဲ့တာလို့ တိုင်းအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ထွန်းက ပြောပါတယ်။

“လက်ရှိ ဖြစ်နေတာက ဟင်္သာတခရိုင်ပေါ့၊ ဖြစ်လာနိုင်တာက မအူပင်နဲ့ ပုသိမ်၊ ကြိုတင်ကာကွယ်နိုင်အောင်၊ ကြိုတင်ဆောင်ရွက်လို့ရအောင် သတ်မှတ်လိုက်ခြင်း ဖြစ်ပါတယ်။ ဖြစ်လာရင် ရိက္ခာ ဘယ်လိုထောက်ပံ့မလည်း တည်းခိုနေထိုင်ဖို့ ဘယ်လို လုပ်မလဲ ဆိုတဲ့ အစီအမံတွေ လုပ်နိုင်အောင်ပါ။”
လက်ရှိ ရေကြီးနေတဲ့ ဟင်္သာတခရိုင်အတွင်း ကယ်ဆယ်ရေးစခန်း ၅၀ ဖွင့်ထားရပြီး  ဒေသခံ ၇၀၀၀ ကျော် ခိုလှုံနေထိုင်နေကြတယ်လို့ တိုင်းအစိုးရအဖွဲ့ ညွှန်ကြားရေးမှုး ဦးမျိုးမြင့်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။

နောက် ၂ ရက်လောက်မှာ ပုသိမ်နဲ့ မအူပင်ခရိုင်အတွင်း ရေကြီးရေလျှံမှုတွေဖြစ်ပွားလာရင် ကယ်ဆယ်ရေးစခန်းတွေ ထပ်တိုးဖွင့်ဖို့ရှိပြီး ရေဘေးသင့်ပြည်သူတွေလည်း ဒီ့ထက် တိုးလာနိုင်မယ်လို့လည်း တိုင်းအစိုးရက တွက်ဆ ထားပါတယ်။

ဇူလိုင် ၁၅ ရက်ကနေ သြဂုတ် ၅ ရက်အထိ ကာလအတွင်း ပြည်နယ်တိုင်း ၈ ခုမှာ ရေကြီးလို့ ရေဘေးသင့်ပြည်သူ ၃၁၀၀၀၀ ကျော် ရှိပြီဖြစ်ပြီး ရေဘေးအတွင်း သေဆုံးသူ ၄ ဦး ရှိတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ကချင်၊ မွန်၊ ပဲခူး၊ ဧရာဝတီနဲ့ ရန်ကုန် စတဲ့ ပြည်နယ်တိုင်းတို့မှာ လတ်တလော ရေကြီးရေလျှံနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013