DVB Logo
Home
Lead Story
ထိုင်းအာဏာသိမ်းစစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ လူထုဆန္ဒခံယူပွဲနဲ့ အလားအလာ
DVB
·
August 6, 2016
ထိုင်းအာဏာသိမ်းစစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ လူထုဆန္ဒခံယူပွဲနဲ့ အလားအလာ
Donate to DVB

လက်ရှိ ထိုင်းအာဏာသိမ်းစစ်အစိုးရကတော့ လာမယ့် သြဂုတ်လ ၇ ရက် နေ့မှာ သူတို့ ရေးဆွဲထားခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်နေတဲ့ကြားကပဲ ကျင်းပတော့မှာ ဖြစ်ပါတယ်။

ဒါပေမယ့် ယေဘုကျအနေနဲ့ ထိုင်းနိုင်ငံရဲ့ မျှော်လင့်စောင်းစားနေတဲ့ လူထုဆန္ဒခံယူပွဲလို့လည်း ပြောလို့ရပါတယ်။ ဆန္ဒခံယူပွဲ ကျင်းပတော့မယ့် အချိန်မတိုင်ခင် တလ လောက်ကစပြီး မထောက်ခံကြဖို့ စည်းရုံးလှုံ့ဆော်နေတာတွေကို အစိုးရက ကျယ်ကျယ်ပြန့်ပြန့်ကို ပိတ်ပင်တားဆီး ချုပ်ချယ်မှုတွေ လုပ်နေတဲ့အတွက် အကျိုးရလဒ်အနေနဲ့ ပိုပြီးသဘောမတူ ကန့်ကွက်မှုတွေ ဖြစ်ပေါ်လာစေပြီး ဆန္ဒခံယူပွဲ အလွန်မတည်မငြိမ် ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို ပိုပြီး မြင့်တက်လာစေနိုင်တယ်လို့ လေ့လာသူတချို့က သုံးသပ်ကြပါတယ်။

ပြင်းထန်တင်းကြပ်တဲ့ ဆန္ဒခံယူပွဲအက်ဥပဒေမှာ ပြဋ္ဌာန်းထားခဲ့တဲ့ တင်းမာတဲ့ ကန့်သတ်ထိန်းချုပ်မှုအရ အခြေခံဥပဒေမူကြမ်းကို မဟုတ်မမှန် ပြောဆိုရေးသားတာတွေ၊ မူကြမ်းမှာ ပါဝင်တဲ့ အချက်တွေကို ဝေဖန်ပြောဆိုတာတွေနဲ့ မဲပေးတာကို နှောင့်ယှက်ဟန့်တားတာတွေကို ပြုလုပ်ခဲ့ရင် ထောင်ဒဏ် ၁၀ နှစ်အထိ ပြစ်ဒဏ်ပေးခံရနိုင်တယ်ဆိုတာတွေဟာ စစ်တပ် လမ်းညွှန်ထိန်းကြောင်းတဲ့ ဒီမိုကရေစီ လုပ်ငန်းစဉ်တွေအပေါ် အယုံအကြည်ရှိမှုနဲ့ ရိုးသားမှုအရ တပြိုင်နက်တည်းမှာပဲ သံသယ တွေ မြင့်တက်လာနိုင်ပါတယ်။

တကယ်လို့ ထောက်ခံသူများလို့ ပြဋ္ဌာန်းလိုက်ပြီဆိုရင်တော့ အဲဒီဖွဲ့စည်းပုံ အခြေခံဥပဒေအရ

ဖောက်ပြန်သွေဖည်သွားတယ်လို့ ယူဆဆုံးဖြတ်ခံရတဲ့ လူထုရွေးချယ်တင်မြှောက်ခံ နိုင်ငံရေးသမားတွေကို အမြန်ဆုံးဖယ်ရှားပစ်နိုင်မယ့် နည်းလမ်းတွေ အပါအ၀င် အနာဂတ်မှာ ရွေးချယ်တင်မြှောက်ခံရမယ့် အစိုးရတွေ ပေါ်မှာပါ။ စစ်တပ်က ထိန်းချုပ်နိုင်မယ့် ကျယ်ပြန့်တဲ့ အာဏာတွေကို စစ်တပ်ကို ပိုပြီး ပေးအပ်သလို ဖြစ်သွားပါလိမ့်မယ်။ ဒီအချက်ကို ထိုင်းပညာတတ် လူလတ်တန်းစားတွေက ကောင်းကောင်းသိထားခဲ့ကြသလို စစ်တပ်အုပ်စိုးမှု အစိုးရအဖွဲ့မှာ စစ်တပ်ရဲ့ စွက်ဖက် အာဏာစက်ဖြန့်ကျက်ဖို့ ကြိုးစားလာမှုကိုလည်း လက်မခံနိုင်ကြပါဘူး။

ပညာတတ်အထက်လွှာနဲ့ လူလတ်တန်းစားလွှာက အများစုလွှမ်းမိုးထားတဲ့ ထိုင်းနိုင်ငံရဲ့ ဘေးဖယ်ခံထားရတဲ့ ထိပ်တန်းပါတီကြီး ၂ ခုဖြစ်တဲ့ ဒီမိုကရက်ပါတီနဲ့ ဖွေထိုင်းပါတီ နှစ်ပါတီစလုံးကလည်း ဥပဒေကြမ်းထဲမှာ ထည့်သွင်းပြဋ္ဌာန်းထားချက်တွေကို အာဏာသိမ်းဗိုလ်ချုပ်ကြီး ၀န်ကြီးချုပ် ပရာယု ချန်အိုချာ ချမှတ်မယ့် စီးပွားရေးဖွံ့ဖြိုးမှု စီမံကိန်းနဲ့ မတူခြားနားတဲ့သူတို့ ပါတီတွေက အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်တဲ့ စွမ်းဆောင်ရည်တွေကို အဟန့်အတားဖြစ်စေနိုင်တဲ့ အခန်းတွေအပါအ၀င် ဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်တွေကို ပြင်းပြင်းထန်ထန်ကန့်ကွက် ဆန့်ကျင်ထားခဲ့ပါတယ်။ ပြောချင်တာကတော့ ပြဋ္ဌာန်းချက်တခုက စစ်အာဏာသိမ်းအစိုးရက ခေါင်းခေါက်ရွေးချယ် ထားခဲ့တဲ့ အထက်လွှတ်တော်အမတ် ၂၅၀ ထဲမှာ စစ်တပ်က မတန်တဆ အာဏာလွှမ်းမိုးမှုကို ခွင့်ပြု လိုက်သလိုဖြစ်သွားမယ်လို့ နားလည်ထားခဲ့ကြပါတယ်။

ဒုတိယဆန္ဒခံယူပွဲက မဲဆန္ဒရှင်တွေကို မေးလာတဲ့ ဒုတိယ မေးခွန်းကတော့ ခေါင်းခေါက်ရွေးချယ်ခံထားရတဲ့ အထက်လွှတ်တော်က လူထုမရွေးချယ်တဲ့ ခေါင်းဆောင်တယောက်ကို ၀န်ကြီးချုပ်အဖြစ် ရွေးချယ်ခန့်အပ်ခွင့်ကို ထောက်ခံအားပေးတာကို ခွင့်ပြုမလား ခွင့်မပြုဘူးလားဆိုတာကို ဆုံးဖြတ်ပေးဖို့ မေးလာမှာပဲဖြစ်ပါတယ်။ ဆိုလိုရင်းကတော့ အဲဒီပြဌာန်းချက်ဟာပရာယု ဒါမှမဟုတ် ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီးဗိုလ်ချုပ်ကြီး ပရာဝတ် ၀မ်ဆူဝမ်ကို အမျိုးသားစည်းလုံးညီညွတ်ရေး အမည်ခံပြီး အနာဂတ်ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရကို ခေါင်းဆောင်ဖို့ လမ်းဖွင့်ပေးလာမှာကို လက်ခံမှာလား၊ လက်မခံဘူးလားဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။

ဒါပေမယ့် ဒီမိုကရက်တွေက ဖွဲ့စည်းပုံမူကြမ်းနဲ့ပတ်သက်ပြီး အရေးမပါတာတွေကို အထအနကောက် အငြင်းပွားနေတဲ့ အချိန်မှာ ဖွေထိုင်းပါတီနဲ့ သူ့ရဲ့တွဲဖက် ညီညွတ်သော အာဏာရှင်စနစ် ဆန့်ကျင်ရေး ဒီမိုကရေစီ တပ်ဦး (UDD) ဒါမှမဟုတ် ရှပ်နီတွေကတော့ ဖွဲ့စည်းပုံဥပဒေ မူကြမ်းကို တက်တက်ကြွကြွ စီမံချက်ချ ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။၂၀၁၄ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးကတည်းက ရပ်တန့်ငြိမ်ဝပ်သွားခဲ့ရတဲ့ လှုပ်ရှားမှုကြီးကို ပြန်လည်ရှင်သန်အောင်လုပ်ဖို့ အားယူနေခဲ့ကြတယ်လို့ ဆိုပါတယ်။ အစိုးရ ၀န်ကြီးဟောင်းတွေ အပါအ၀င် ဖွေထိုင်းနိုင်ငံရေးသမားတွေက ဝေဖန်ပြောဆိုတာကို တားမြစ်ပိတ်ပင်ခဲ့တဲ့ အာဏာသိမ်းအစိုးရကို ဒီမိုကရေစီ နည်းလမ်းမကျသလို လက်ခံနိုင်စရာမရှိတဲ့ ဥပဒေအဖြစ် မဲမပေးဖို့ ဆောင်ရွက်ရတာဖြစ်တယ်လို့ သူတို့ရဲ့ လူမှုစာမျက်တွေကနေ စိန်ခေါ် ဆန့်ကျင်ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

အာဏာသိမ်း    ထိုင်းစစ်အစိုးကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ထောက်ခံမဲပေးကြဖို့ ကျေးရွာသူကြီးတွေကအစ အသံလွှင့်မီဒီယာတွေအဆုံး သူ့ဘက်သားတွေကို တာဝန်ပေးထားခဲ့ပြီး ဖြစ်ပါတယ်။ လူထုဆန္ဒခံယူပွဲအက်ဥပဒေက မြင်သာထင်ရှားဆန့်ကျင်သူတွေကို ဥပဒေ ချိုးဖောက်ဆန့်ကျင်သူတွေလို့ သတ်မှတ်လိုက်တာက ပြည်သူလူထုအငြင်းပွားမှုတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။

လက်ရှိအာဏာသိမ်းစစ်အစိုးရက ထောက်ခံမဲပေးဖို့ အကြီးမားဆုံး မက်လုံးပေးဆွဲဆောင်နေတဲ့အရာကတော့ ၀ရုန်းသုန်းကားဖြစ်မငတွေ ပိုများပြားမလာစေ ရေးပဲဖြစ်ပါတယ်။ ဒါကလည်း စစ်အာဏာသိမ်းအစိုးရ၊ အာဏာရှင်အစိုးရတွေရဲ့ လက်သုံးခြိမ်းခြောက်စကားတွေ ဖြစ်တယ်၊ နည်းနာဖြစ်တယ်ဆိုတာကတော့ ဒီမိုကရေစီစနစ် အတော်အတန် အခြေခိုင်နေခဲ့ပြီဖြစ်တဲ့ ထိုင်းနိုင်ငံကပညာတတ် အခြေခံအလွှာ၊ လူလတ်တန်းစားတွေက သိမြင်နားလည်ပြီးဖြစ်ပါတယ်။ တိုးတက်တဲ့လူလတ်တန်းစားနဲ့ အထက်ပညာတတ် အလွှာတွေကတော့ ပြောနေစရာမလိုအောင်ကို စစ်တပ်ရဲ့ စိတ်ရင်းအမှန် သဘောသဘာဝကို နားလည်းထားကြပြီးဖြစ်ပါတယ်။

တကယ်လို့ ဒီစစ်အာဏာသိမ်းအစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူလူထု အများစုက ထောက်ခံမဲပေးလိုက်ကြမယ်ဆိုရင် ရွေးကောက်ပွဲတွေကို ၂၀၁၇ ခုနှစ် အနှောင်းပိုင်း ဒါမှမဟုတ် ၂၀၁၈ ခုနှစ်အစောပိုင်းမှာမှ ကျင်းပပေးမှာဖြစ်ပြီးအဲဒီတော့မှ ထိုင်းနိုင်ငံဟာ ဒီမိုကရေစီ အခွင့်အရေးအနည်းအပါးကို ပြန်လည်ရရှိနိုင်ကြမှာဖြစ်ပါတယ်။ ထောက်ခံမဲမပေးကြဘူးဆိုရင်တော့ နိုင်ငံဟာ နိုင်ငံရေး မရေရာမ သေချာမှုတွေထဲ တကြိမ်ပြန်လည်ကျရောက်သွားနိုင်ခြေရှိသလို စစ်တပ်က အရင်ကရှိနှင့်ခဲ့တဲ့ ဖွဲ့စည်းပုံတွေထဲက တခုခုကို ပြန်ပြီးကျင့်သုံးဖို့ မဆုံးဖြတ်ဘူးဆိုရင်လည်း ဖွဲ့စည်းပုံ အခြခံဥပဒေမူကြမ်းရေးဆွဲရေး အချိန်ဇယားကို တခါပြန်စပြီး စစ်တပ်က နောက်ထပ်လုံခြုံရေးနဲ့ နိုင်ငံတည်ငြိမ်ရေး အကြောင်းပြပြီး (ဒီမိုကရေစီပါတီတွေနဲ့ ဒီမိုကရေစီ လိုလားသူတွေက ညီညီညွတ်ညွတ်မစွမ်းဆောင်နိုင်ဘူးဆိုရင်) နိုင်ငံအာဏာကို သူတို့ကြိုက်သလောက် ဆွဲဆန့်ထိန်းချုပ်သွားဖို့ အခွင့်အလမ်းရရှိသွားနိုင်မယ်လို့ ကောက်ချက်ချသုံးသပ်ရင်တော့ မမှားလောက်ဘူးလို့ ယူဆပါတယ်။

၂၀၁၄ ခုနှစ်က နိုင်ငံရေး မတည်မငြိမ်မငြိမ်ဖြစ်မှုတွေကို အကြောင်းပြပြီး အာဏာသိမ်းယူခဲ့မှုအပြီး ပထမဆုံးသူ့ဆီကို သွားရောက်လည်ပတ်ခဲ့တာက ကျနော်တို့နိုင်ငံက လက်ရှိအာဏာရှင် ဗိုလ်ချုပ်မှူးကြီးဆိုသူ မင်းအောင်လှိုင်ပဲ ဆိုတာ စာဖတ်သူတွေ အမှတ်ရကြအုံးမယ်ထင်ပါတယ်။

သူက ထိုင်းအာဏာသိမ်းဗိုလ်ချုပ်ကြီး ပရာယုကို "အချိန်ကိုက်လုပ်လိုက်တာပါပဲ။ ကျနော်တို့က ၁၉၈၈ မှာ ဒီထက်ဆိုးတဲ့ ၀ရုန်းသုန်းကားဖြစ်မှုတွေကို ဒီလိုပဲ တားဆီးကာကွယ်ခဲ့ရတာပါ" လို့ အားပေးစကားပြောကြား ထောက်ခံခဲ့ခဲ့ပါတယ်။ မြန်မာ့နည်းမြန်မာ့ဟန်နဲ့ နိုင်ငံတခုမှာ အာဏာကို ဘယ်လိုထိန်းချုပ် ရယူရမယ်ဆိုတာကိုလည်း အလွတ်သဘော သင်ကြားပို့ချခဲ့ပုံရပါတယ်။ ခုတော့သူက ကျနော်တို့နိုင်ငံက ၂၀၀၈ ဖွဲ့စည်းပုံလို ဖွဲ့စည်းပုံ အခြေခံဥပဒေတခုကို နာဂစ်လောက် အခြေအနေမဆိုးတဲ့ အခြေအနေမှာ သူ့နိုင်ငံအတွင်း လူထုဆန္ဒခံယူပွဲ ကျင်းပပါတော့မယ်။

စစ်တပိုင်းအစိုးရတွေအဖြစ် ၂ နိုင်ငံစစ်တပ် အကျိုးတူ စီမံကိန်းတွေ ချမှတ်လုပ်ဆောင်ပြီး အနာဂတ် အာဆီယံကို စစ်တပိုင်း ဒီမိုကရေစီ နိုင်ငံတွေအဖြစ် သွတ်သွင်းဖို့များ ကြိုးစားနေကြလေရော့သလား။

ဘယ်လိုအာဏာရှင်ပုံသဏ္ဌာန် အစိုးရမျိုးကိုမှ လက်မခံနိုင်တဲ့ ဒီမိုကရေစီ ချစ်မြတ်နိုးသူ ပြည်သူလူထုတွေကတော့ အာဏာရှင်စနစ် အမြစ်ပြတ်ခြေမှုန်းရေး တော်လှန်ရေးကို တညီတညွတ်တည်း ပူးပေါင်းဆင်နွှဲကြဖို့ လွဲလို့ တခြားမရှိပါကြောင်း။  ။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013