DVB Logo
Home
မြန်မာသတင်း
ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများ၏ ကားမောင်းသင်ဂိမ်း လူကြိုက်များ (ရုပ်သံ)
DVB
·
August 6, 2016
ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများ၏ ကားမောင်းသင်ဂိမ်း လူကြိုက်များ (ရုပ်သံ)
Donate to DVB

ကားမောင်းသင်တာကို အထောက်အကူဖြစ်တဲ့ ဂိမ်းဟာ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ် ကျောင်းသားတွေရဲ့ တီထွင်ဖန်တီးမှု စွမ်းရည်ပြပွဲမှာ လူကြိုက်အများဆုံး ဖြစ်ခဲ့ပါတယ်။

ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ကျောင်းသားလူငယ်များရဲ့ တီထွင်ဖန်တီးမှု စွမ်းရည်ပြပွဲကို သြဂုတ် ၃ ရက်နေ့က ရန်ကုန် ကွန်ပျူတာတက္ကသိုလ်မှာ ကျင်းပခဲ့ပါတယ်။

ဒီပြိုင်ပွဲမှာ ပါဝင်မယှဉ်ပြိုင်ဘဲ ဝင်ရောက်ပြသတဲ့ Drive Application က လူတွေ ကားမောင်းတဲ့အခါ အထောက်အကူဖြစ်စေဖို့ ဖန်တီးထားတဲ့ ဂိမ်းဖြစ်ပြီး ဒီဂိမ်းက လူတွေရဲ့ စိတ်ဝင်စားမှု အများဆုံး ရခဲ့တာကြောင့် မဲအများဆုံး ရရှိခဲ့ပါတယ်။

“ဒီပြပွဲမှာ ကျနော့်ရဲ့ ဆင်မြူလေးရှင်းလေးကို ပြတာပါ။ ဆင်မြူလေးရှင်းလေးအရ အပြင်မှာ ကားမောင်းရတဲ့ ပုံစံအတိုင်းရအောင် ရေးပေးထားတာပါ။ ကျနော်တို့ ပုံမှန်ဆိုရင် ကားမောင်းတဲ့ ဂိမ်းတွေမှာ ဘက်ခ်မှန်လေးတွေ မပါဘူးဗျ။ ကျနော် ဒီမှာ ဘက်ခ်မှန်လေးတွေပါ အကုန်ပါအောင် ရေးပေးထားတယ်။ ပြီးသွားတော့ ကျနော်တို့ မန်နျူရယ် မောင်းချင်တဲ့သူတွေ အတွက်ကျတော့ အဆင်မပြေသေးဘူးပေါ့နော်။ အဲဒါကြောင့် မန်နျူရယ်ရအောင်လည်း ကျနော်ရေးပေးထားပါတယ်။ မန်နျူရယ်နဲ့လည်း မောင်းလို့ရပါတယ်။ စီယာတိုင်ဖရီးမှာကျတော့ ကျနော်တို့ လိုအပ်တဲ့ အဖက်ဖ်တွေ အကုန်လုံး ထည့်ပေးထားပါတယ်။ ကျနော်တို့ အပြင်မှာ ကားမောင်းနေတဲ့ အတိုင်းပေါ့နော်။ ကားရပ်ထားတဲ့ အချိန်လေးမှာဆို စီယာတိုင်လှည့်ရင် စီယာတိုင်က ကျပ်နေတာပေါ့။ အဲလို ကြပ်နေတဲ့အဖက်ဖ်တွေ၊ ပြီးတော့ ဘီးစလည်ပြီဆိုရင် စီယာတိုင်က ပေါ့ဆင်းသွားပြီး အဲဒီပေါ့ဆင်းတဲ့အတိုင်းလေး သွားနေမယ်။ ပြီးသွားရင် ကားအရှိန်များလာတာနဲ့အမျှ အဲဒီအရှိန်နဲ့လိုက်ပြီး အချိုးညီအောင်လိုက်ပြီး စီယာတိုင်က လိုက်ုပြီးကြပ်လာမယ်ပေါ့။” လို့ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်ကျောင်းသား Drive Application ဖန်တီးသူ ရဲမြင့်သူက ပြောပါတယ်။

ဖန်တီးမှုစွမ်းရည်ပြိုင်ပွဲကို အဖွဲ့ ၁၆ ဖွဲ့က ကျောင်းသားဦးရေ အယောက် ၄၀ က ပါဝင် ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။

လူငယ်ကျောင်းသားတွေ ဖန်တီးထားတဲ့ ဂိမ်းဆော့ဝဲ၊ Web Application နဲ့ Andiord Applaciation စတာတွေ ပါဝင်ပြီး ပြိုင်ပွဲဝင် ကျောင်းသားတွေအတွက် ဆုအမျိုးအစား သုံးမျိုး သတ်မှတ်ပေးထားပါတယ်။

ဒီပြိုင်ပွဲကို ကျောင်းသားတွေအနေနဲ့ ကျောင်းစာအပြင် တီထွင်ဖန်တီးမှု စွမ်းရည်တွေ မြင့်မားစေဖို့ ပြိုင်ပွဲကျင်းပရတာဖြစ်တယ်လို့ ပွဲစီစဉ်သူက ပြောပါတယ်။

“ဒီပွဲလုပ်ဖြစ်ရတဲ့ ရည်ရွယ်ချက်က ကျနော်တို့ ကျောင်းသားတွေရဲ့ တီထွင်ဖန်တီးနိုင်မှု စွမ်းအားပေါ့နော်။ ကျနော်တို့ ကျောင်းသားတွေ တီထွင်ဖန်တီးနိုင်တယ်။ ပြီးရင်လည်း တက္ကနစ်ပိုင်းမှာလည်း ကျနော်တို့ ကျောင်းက လက်တွေ့စာတွေသာမကဘဲ အပြင်ပရော့ဂျက် တွေ ဖန်တီးနိုင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ဖြစ်တာပါ” လို့ ကွန်ပျူတာတက္ကသိုလ် ကျောင်းသား ၀င်းသန်းထိုက်က ပြောပါတယ်။

ဒီကျောင်းသားတွေရဲ့ တီထွင်ဖန်တီးမှု စွမ်းရည်ပြိုင်ပွဲကို နည်းပညာပိုင်းကို စိတ်ဝင်စားသူတွေ လာရောက်လေ့လာကြပါတယ်။

“လေ့လာဖြစ်တဲ့ အကြောင်းကတော့ ကျနော်က တက္ကနော်လော်ဂျီနဲ့ ပတ်သက်ရင် တော်တော်စိတ်ဝင်စားတယ်။ စိတ်ဝင်စားတော့ ကျနော့်ညီလေးတွေကလည်း ဒီကျောင်းမှာ ရှိနေတော့ သူတို့ ဒီကျောင်းမှာ ကျောင်းသားကျောင်းသူလေးတွေရဲ့ အဲလိုမျိုး သူတို့ရဲ့ တီထွင်ထားတဲ့ ဖန်တီးထားတဲ့ အက်ပလီကေးရှင်းလေးတွေ၊ ဆော့ဖ်ဝဲလေးတွေ၊ ၀က်ဘ်ဆိုက်လေးတွေ အဲလိုဟာမျိုးလေးတွေကို ပြပွဲလေးရှိတယ်ဆိုတော့ အဲဒါနဲ့ လာအားပေးဖြစ်တာပါ။ ကောင်းပါတယ်ခင်ဗျ။ ကျနော်တို့က အခုကလေးတွေဆို သူတို့က နည်းပညာခေတ်ထဲမှာ မွေးဖွားလာတာ၊ ကြီးပြင်းလာကြတာဆိုတာ့ နည်းပညာက ကမ္ဘာနဲ့အမီ ရင်ဘောင်တန်းနိုင်အောင် ကြိုးစားတာတော့ အကောင်းဆုံးပါပဲ” လို့ လာရောက်လေ့လာသူ ရုပ်ရှင်သရုပ်ဆောင် ကျော်ကျော်ဗိုက ပြောပါတယ်။

ဒီပြိုင်ပွဲမှာ 3D ဂိမ်းအမျိုးအစားကို ဖန်တီးတဲ့  Save in your brain အဖွဲ့က First People Choice Award ဆုကို ရရှိခဲ့ပါတယ်။ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှာ ဒီလိုပြိုင်ပွဲကျင်းပတာ နှစ်ကြိမ်ရှိပြီ ဖြစ်ပါတယ်။

သတင်းရုပ်သံ - သူဇာလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013