DVB Logo
Home
မြန်မာသတင်း
နာဂဒေသ လူအစုအပြုံလိုက် သေဆုံးမှု ၀က်သက်ရောဂါကြောင့်ဟု ကျန်းဦးစီး ပြော
DVB
·
August 6, 2016
နာဂဒေသ လူအစုအပြုံလိုက် သေဆုံးမှု ၀က်သက်ရောဂါကြောင့်ဟု ကျန်းဦးစီး ပြော
Donate to DVB

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ လူ ၄၀ လောက် အစုအပြုံလိုက် သေဆုံးခဲ့ရတာဟာ ၀က်သက်ရောဂါကြောင့် ဖြစ်တယ်လို့ ဗဟိုကူးစက်ရောဂါဌာနက ညွှန်ကြားရေးမှူး ဒေါက်တာသန်းထွန်းအောင်က ဒီဗွီဘီကို အတည်ပြု ပြောပါတယ်။

“ဇူလိုင် ၂၉ လောက်မှာ သတင်းရတော့ ညွှန်ကြားချက်ထုတ်ပါတယ်။ ဓာတ်ခွဲနမူနာယူပါ၊ သွေးနမူနာယူပါ။ ဆီးနမူနာ ယူပါ။ အခုတော့ သွေး အဖြေရပါပြီ၊ ၀က်သက်ပေါ့။ ၀က်သက်ပိုး တွေ့ပါတယ်။ အခု ဗဟိုက ဆရာဝန်ကြီး ၃ ဦး၊ ရုံးချုပ်က ဆရာဝန်ကြီး ၃ ဦး၊ နောက် တိုင်းကလည်း ဆရာဝန်ကြီး ၃ ဦး၊ တပ်မတော်ကလည်း ရဟတ်ယာဉ်တစီး ပေးပါတယ်၊ ဆေးဝါးတွေလည်း ပို့နေပြီ၊ ကာကွယ်ဆေးထိုးဖို့လည်း ဆောင်ရွက်နေပါပြီ၊ တပ်မတော်ကလည်း စစ်ဆေး ဆရာဝန် ၃ ဦး ပါပါတယ်။”

လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကလည်း အဲ့ဒီဒေသမှာ အလားတူ ၀က်သက်ရောဂါဖြစ်ဖူးပြီး ဒီတကြိမ်ဖြစ်ပွားရာမှာ အဲ့ဒီဒေသက ကျန်းမာရေးဆရာဝန်တွေ သတင်းပို့နောက်ကျတယ်လို့လည်း ပြောပါတယ်။

ဝက်သက်ရောဂါဖြစ်ပွားတဲ့ လဟယ်နဲ့ နန်းယွန်းမြို့နယ်အတွင်းရှိ ကျေးရွာတွေကို သွားရောက်နေကြတဲ့ ဆရာဝန်ကြီးတွေဟာ ဆေးဝါးအပြည့်အစုံနဲ့ တရွာဝင်တရွာထွက် ဆေးကုသပေးမှာဖြစ်သလို ၀က်သက် ကာကွယ်ဆေးလည်း တခါထဲ ထိုးနှံပေးမှာ ဖြစ်ပါတယ်။

ဇွန်လက စတင်ဖြစ်ပွားခဲ့တဲ့ အဲ့ဒီဝက်သက်ရောဂါကြောင့် လဟယ်မြို့နယ် ကျေးရွာ ၅ ရွာက လူ ၂၆ ဦး၊ နန်းယွန်းမြို့နယ်ရှိ ကျေးရွာပေါင်း ၄ ရွာမှာ လူဦးရေ ၁၃ ဦး၊ စုစုပေါင်း ၃၉ ဦးလောက် သေဆုံးခဲ့ပါတယ်။

နာဂဒေသအုပ်ချုပ်ရေးအဖွဲ့က ဗဟိုအလုပ်အမှုဆောင် ဦးရိထင်ကတော့ ဇူလိုင် ၂၇ ရက်အထိ ရောဂါဖြစ်ပွားသူ ၁၆၀ လောက် ရှိပြီး အခုတော့ ဒီထက် ထပ်တိုးလာနိုင်စရာအကြောင်း ရှိတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013