DVB Logo
Home
မြန်မာသတင်း
တောင်ကုတ်တွင် ကမ်းပါးပြိုကျမှုကြောင့် နေအိမ် ၁၀၀ ကျော် အရေးပေါ်ပြောင်းရွှေ့ရန် လိုအပ်
DVB
·
August 6, 2016
တောင်ကုတ်တွင် ကမ်းပါးပြိုကျမှုကြောင့် နေအိမ် ၁၀၀ ကျော် အရေးပေါ်ပြောင်းရွှေ့ရန် လိုအပ်
1 / 7
Donate to DVB

ရခိုင်ပြည်နယ် တောင်ကုတ်မြို့၊ တောင်ကုတ်ချောင်းအတွင်း တောင်ကျရေတိုက်စားပြီး ချောင်းကမ်းပါး ပြိုကျမှုကြောင့် လူနေအိမ် ၁၀၀ ကျော်လောက် အရေးပေါ် ရွှေ့ပြောင်းဖို့ လိုအပ်နေပါတယ်။

တောင်ကုတ်မြို့မှာ မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေ တိုက်စားတာကြောင့် လူနေအိမ်အိမ် ၁၀၀ ကျော် လောက် အရေးပေါ်ရွှေ့ပြောင်းဖို့ လိုအပ်နေတာပါ။

ကမ်းပါးတလျှောက်က နေအိမ်တွေ ပြောင်းရွှေ့ဖို့၊ နေရာထိုင်ခင်းတွေကလည်း အခက်အခဲ့ဖြစ်နေတယ်လို့ နေအိမ် ကမ်းပါးပြိုကျမယ့်အန္တရာယ် ကြုံတွေ့နေရတဲ့ သိမ်တောင်ရပ်ကွက်နေ ဒေါ်ခင်မာဆွေက ပြောပါတယ်။

“ညကျရင် ကမ်းပါးတွေ တရက်ပြီး တရက် ပြိုပြိုကျပါတယ်။ မိုးရွာရင်ပိုဆိုးတယ်။ ကျမတို့ မှာ ညမအိပ်နိုင်၊ နေ့မအိပ်နိုင်နဲ့တချိန်လုံး ပြူးပြူးပြဲပြဲနဲ့ ကြည့်နေကြရပါတယ်။ ကျမတို့ အခက်အခဲတွေ အများကြီးကြုံတွေ့နေရပါတယ်။ ရေကြီးလာရင် ကျမတို့မှာ အသက်အန္တရာယ်အများကြီး ကြုံတွေ့နေရပါတယ်။ ဒါကို ကျမတို့ကို သက်ဆိုင်ရာ အမြန်ဆုံးကူညီပေးစေချင်ပါတယ်။”

ကမ်းပါးပြိုကျမှုတွေကြောင့် ကျောင်းဇရပ်ဆောင်နှစ်ဆောင်ဟာ ပြိုကျသွားပြီး အခြားအဆောက်အအုံတွေ ကမ်းပါးပြိုကျမှာပါသွားမှာကို စိုးရိမ်နေရကြတယ်လို့ နတ်မော်ဘုန်ကြီးကျောင်းတိုက်မှ ဦးဝဏ္ဍိတ ဒီဗွီဘီကို မိန့်ပါတယ်။

“ဦးဇင်း အတက်နိုင်ဆုံး ဦးဇင်းတို့ ရေကာတာတွေ လုပ်ပေးတယ်။ လုပ်ပေးတော့လည်း မနိုင်ဘူး။ မြင်တဲ့အတိုင်းပေါ့လေ။ ရွာတွေအကုန်ပြုတ်ဆင်းသွားပါတယ်။ ရေတိုက်စားတာကြောင့် ဇရပ်တွေ၊ ကျောင်းဆောင် အကုန်ပါသွားတယ်။ နိုင်ငံတော်လုပ်ပေးရင်တော့ ဒီကိစ္စက ဖြစ်လာလိမ့်မယ်လို့ ယုံကြည်တယ်။ ဖြစ်အောင်လည်း လုပ်ပေးစေချင်ပါတယ်။”

အခုလို မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေ တိုက်စားမှုကြောင့် လူနေအိမ်တွေ ပြောင်းရွှေ့နိုင်ရေးကို ပြည်နယ်ဝန်ကြီးချုပ်ကို တင်ပြထားပေမယ့် တစုံတရာထူးခြားလာ တာမရှိဘူးသေးလို့ ပြောဆိုနေတာတွေလည်းရှိပါတယ်။

တောင်ကုန်မြို့ သိမ်းတောင်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ညိုမင်းအောင်က “ဖြစ်တဲ့နေ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနဲ့ ဦးစီးအရာရှိတွေရယ်၊ ကျနော်တို့ရယ် တစ်တည်းဆင်ပြီးကြည့်တယ်ပေါ့။ ကြည်ပြီးတော့ ဖြစ်စဉ်ဖြစ်ပြီးတာနဲ့ ဒီအိမ်တွေဟာ အန္တရာယ်ရှိတဲ့ စုန်းထဲမှာရောက်နေပြီနေလို့ အဆင်မပြေတော့ဘူး။ ကျနော်တို့ မြို့ နယ်အထွေထွေအုပ်ချုပ်ရေးမှူးကတဆင့် ပြည်နယ်ဝန်ကြီးချုပ်ဆီကို နေရာတွေပြောင်းရွေ့ပေးဖို့ အတွက် ကျနော်တို့တင်ပြထားတာရှိပါတယ်။ ဘာမှအကြောင်းမပြန်သေးဘူး။” လို့ ပြောပါတယ်။

လတ်တလောမှာလည်း စိုးရိမ်နေရတဲ့နေအိမ် ၁၀၀ ၀န်းကျင်လောက်လည်း ရှိနေပါတယ်။ သိမ်းတောင်ရပ်ကွက်မှာ အိမ်ခြေ ၁၈ လုံး၊ ကိုင်းရှည်ကျေးရွာမှာ အိမ်ခြေ ၁၄ လုံး နတ်မော်ကျေးရွာမှာ အိမ်ခြေ ၄၀ ကျော်နဲ့ လမူးချောင်းကျော်ကိုင်းကျေးရွာမှာ အိမ်ခြေ ၂၅ လုံးလောက်ဟာ ဆက်လက်နေထိုင်ဖို့ အန္တရာယ်တွေ ရှိနေတယ်လို့ သိရပါတယ်။

သတင်း-ဝဏ္ဏခွာညို

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013