DVB Logo
Home
မြန်မာသတင်း
ကန်အတွင်းရေဆင်းကူးရာမှ တပ်မတော်သားတဦး ရေနစ်သေဆုံး‬
DVB
·
August 5, 2016
ကန်အတွင်းရေဆင်းကူးရာမှ တပ်မတော်သားတဦး ရေနစ်သေဆုံး‬
Donate to DVB

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ မောင်းတိုင် (၁) ရပ်ကွက် အရှေ့ဘက်ရှိ ရတနာပွင့်လှ ကန်တော်ကြီးကန်အတွင်း သြဂုတ် ၄ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲလောက်က တပ်မတော်သားတဦး ရေနစ်သေဆုံးခဲ့ပါတယ်။

ရေနစ်သေဆုံးတဲ့သူဟာ တောင်တွင်းကြီးမြို့ တောင်ပြင် ၁ ရပ်ကွက်နေ အသက် ၂၈ နှစ်ရှိ ကိုရဲအောင်လွင် ဆိုသူဖြစ်ပြီး တောင်ပြင် ၂ ရပ်ကွက်နေ အသက် ၄၂ နှစ်ရှိ ဦးကိုကို ဆိုသူနဲ့အတူ ရေအနက် ၁၄ ပေ၊ ကမ်းစပ်နဲ့ ၁၅ ပေလောက်အကွာမှာ ကန်အတွင်း ရေဆင်းချိုးရာမှ ရေနစ်မြုပ်သေဆုံးခဲ့တယ်လို့ ဒီဗွီဘီ နယ်ခံသတင်းထောက်က ပြောပါတယ်။

ရေနစ်သေဆုံးခဲ့တဲ့ ကိုရဲအောင်လွင်ဟာ လဆရ(၈)၊ တောင်ညိုတပ်စခန်းမှာ တပ်သား အဆင့်နဲ့ တာဝန်ထမ်းဆောင်နေသူတဦးဖြစ်တယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် ဇွန်လ ၂၂ ရက်နေ့မှ စတင်ကာ တိုက်ကွမ်ဒိုအားကစား တာဝန်နဲ့ ခမရ (၃၀၂)၊ နေပြည်တော်တိုင်းဒေသကြီးရဲ့ တွဲဘက်တာဝန်ထမ်းဆောင်နေစဉ် မိဘတွေရှိရာ ခေတ္တပြန်လာနေထိုင်စဉ် အခုလို ရေနစ်သေဆုံးခဲ့တာဖြစ်ပါတယ်။

အခင်းဖြစ်ပွားရာကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက လာရောက်စစ်ဆေးခဲ့ပြီး အနီးဝန်းကျင်ရှိ ဒေသခံလူငယ်တွေ ၀ိုင်းဝန်းကူညီရှာဖွေခဲ့ကြရာ ညနေ ၃ နာရီ ၄၅ မိနစ်အချိန်လောက်မှာ နစ်မြုပ်ခဲ့တဲ့ နေရာအနီး ရေအောက်မှာ မှောက်လျှက်အနေအထားနဲ့ ဆယ်ယူရရှိခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူ ကိုရဲအောင်လွင်မှာ ပြင်ပဒဏ်ရာ တစုံတရာ မတွေ့ရှိရဘူးလို့ တောင်တွင်းကြီးမြို့မရဲစခန်းရဲ့ စစ်ဆေးချက်မှာ ဖော်ပြထားပါတယ်။

ကိုရဲအောင်လွင် ရေနစ်သေဆုံးတာဟာ ဓမ္မတာအတိုင်း သေဆုံးမှု ဟုတ် မဟုတ် စိစစ်ဆောင်ရွက်နိုင်ဖို့ တောင်တွင်းကြီး မြို့်မ ရဲတပ်ဖွဲ့စခန်းက သေမှုသေခင်း အမှုဖွင့်လှစ် အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - ဗိုလ်ပြည့် (တောင်တွင်းကြီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013