
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်ထဲက အင်္ဂပူ-နောက်မီး-ညောင်ကျိုး ဆက်သွယ်ထားတဲ့ လမ်းဟာ ၄ ရက်နေ့ မနက်ပိုင်းက စတင်ပြီး ဆက်သွယ်ရေးလမ်းမ တာ ပေါ်မှာ ရေကျော်နေတဲ့အတွက် လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေပါတယ်။
အဲလမ်းမရေကျော်လို ညောင်ကျိုးဒေသနဲ့ အင်္ဂပူသွား ကားလမ်းဆိုင်ကယ်လမ်း ဆက်သွယ်ရေး ပြတ်တောက်ပြီး ရေလမ်းတခုပဲ သွားလာလိုရပါတော့တယ်။
အဆိုးဆုံးနေရာတွေကတော့ အင်္ဂပူမြို့အထွက် အေးစေတီရပ်ကွက်၊ ဇီးပင်ကွင်း၊ ဂျို့ကုန်း စတဲ့ နေရာတွေမှာ တာပေါ်ရေကျော်နေတာပါ။
အခုညောင်ကျိုးဒေသတွင်းမှာ ဘုန်းတော်ကြီးကျောင်းနဲ့ ညောင်ကျိုးငဝန်ဧရာခန်းမ စတဲ့ ကုန်အမြင့်တွေမှာ အရေပေါ်ကယ်ဆယ်ရေးစခန်း ၃ ခု ဖွင့်လှစ်ထားရပြီ စာသင်ကျောင်းပေါင်း ၁၅ ကျောင်းကိုလည်း ယာယီပိတ်ထားလိုက်ရပါတယ်။
အရေးပေါ်ကယ်ဆယ်စခန်းသုံးခုမှာတော့ သြဂုတ် ၄ ရက်နေ့အထိ အိမ်ထောင်စုပေါင်း ၇၀ ကျော် လူဦး ၂၅၀ ကျော်တို့ကို ကူညီမူပေးနေပါတယ်။ နောက်ပိုင်း လူဦးရေအိမ်ထောင်စုတွေ ထပ်တိုးနိုင်ပြီး အရေးပေါ်ကယ်ဆယ်ရေး စခန်းတွေလည်း ထပ်ဖွင့်ရနိုင်တယ်လို့ အင်္ဂပူမြို့နယ်အုပ်ချုပ်မှူးက ပြောပါတယ်။
သတင်း - သန်းထိုက်မြင့်











