DVB Logo
Home
မြန်မာသတင်း
ကိုယ်ပျောက်စွမ်းရည်ရှိသည့် မောင်းသူမဲ့ တိုက်လေယာဉ် (ရုပ်သံ)
DVB
·
August 5, 2016
ကိုယ်ပျောက်စွမ်းရည်ရှိသည့် မောင်းသူမဲ့ တိုက်လေယာဉ် (ရုပ်သံ)
Donate to DVB

ဒါကတော့ မျိုးဆက်သစ် တိုက်လေယာဉ်နည်းပညာကို စမ်းသပ်ဖို့ BAE Systems ကုမ္ပဏီရဲ့ မောင်းသူမဲ့ လေယာဉ်ဒီဇိုင်းဖြစ်တဲ့ တာရန်းနစ်ပါ။ ဆဲလ်တစ်နတ်ဘုရားရဲ့အမည် ပေးထားတဲ့ ဒီလေယာဉ်ရဲ့ ပွဲဦးထွက်ပျံသန်းမှုကို ၂၀၁၃ ခုနှစ်က သြစတြေးလျနိုင်ငံမှာ ပြုလုပ်ခဲ့ပါတယ်။ ဖန်းဘရိုးလေကြောင်းပြပွဲမှာ BAE က ဒီလျှို့ဝှက်စီမံကိန်းအတွက် ဆန်းသစ်တီထွင်မှုတွေ ထပ်ဖြည့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

"ဒီတော့ တာရန်းနစ်ဟာ နောက်မျိုးဆက်တိုက်လေယာဉ်အတွက် နည်းပညာပိုင်းဆိုင်ရာ သရုပ်ပြလေယာဉ်ပါ။ ဒီလေယာဉ်က ၂၀၁၃ ခုနှစ်က သြစတြေးလျနိုင်ငံမှာ ပျံသန်းခဲ့ပါတယ်။ အဲ့အချိန်ကစလို့ ဒီလေယာဉ်က အစမ်းပျံသန်းမှု ၃ ကြိမ် လုပ်ပြီးပါပြီ။ အခုဆိုရင် ကျနော်တို့က စမ်းသပ်ပျံသန်းမှုက ရလာတဲ့ ဒေတာအားလုံးကို သရုပ်ခွဲ လေ့လာနေပါပြီ။"

လူသားအော်ပရေတာရဲ့ ထိန်းချုပ်မှုနဲ့ မပြတ်စောင့်ကြည့်ဖို့၊ ပစ်မှတ်တွေကို မှတ်သားဖို့၊ စစ်သတင်းတွေ စုဆောင်းဖို့နဲ့ ရန်သူ့နယ်မြေမှာ တိုက်ပွဲဆင်နွှဲဖို့ ဒီ မောင်းသူမဲ့လေယာဉ်ကို ဒီဇိုင်းထုတ်ထားတာပါ။ ဒီလေယာဉ်ရဲ့ သော့ချက်ကတော့ ကိုယ်ပျောက်စွမ်းရည်ပဲ ဖြစ်ပါတယ်။

"ကိုယ်ပျောက်နည်းပညာဆိုတာ အလွန်နိမ့်တဲ့ ရေဒါအချက်ပြတွေ၊ အနီအောက်ရောင်ခြည် အချက်ပြတွေပဲ ရှိနေတာမျိုးပါ။ အဓိကကတော့ လေယာဉ်ရဲ့ပုံသဏ္ဌာန်၊ အင်ဂျင်ကို ထားသိုပုံပေါ့။ ဒါမှလည်း လျှို့ဝှက်ပျံသန်းရာမှာ အောင်မြင်မှာပါ။"

ခုဆိုရင် တာရန်းနစ်ကို လာမယ့်နှစ်မှာ နောက်ထပ်စမ်းသပ်ပျံသန်းမှု အဆင့်သစ်တွေအတွက် ပြင်ဆင်နေသလို စွမ်းရည်ပိုင်း တိုးမြှင့်မှုတွေလည်း ဆက်လက်လုပ်ဆောင်နေပါတယ်။ တာရန်းနစ်လေယာဉ်ပုံစံငယ်တွေကို ဖန်းဘရိုးလေကြောင်းပြပွဲမှာ ပြသခဲ့ပါတယ်။ ဒီပြပွဲကို ဇူလိုင်လ ၁၇ ရက်နေ့ထိ ကျင်းပခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013