DVB Logo
Home
မြန်မာသတင်း
နိုင်ငံ့အနာဂတ်အတွက် အလေးထားကြိုးပမ်းကြရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
DVB
·
August 4, 2016
နိုင်ငံ့အနာဂတ်အတွက် အလေးထားကြိုးပမ်းကြရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
Donate to DVB

နိုင်ငံရဲ့အနာဂတ် ကောင်းမွန်ရေးဟာ ပညာရေးအပေါ်မူတည်သလို ပညာရေး ကောင်းမွန်ရေးဟာလည်း ဆရာဆရာမများအပေါ် မူတည်နေတဲ့အတွက် အလေးထားကြိုးပမ်း ဆောင်ရွက်ကြဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဆရာ၊ ဆရာမတွေကို တိုက်တွန်း ပြောကြား ပါတယ်။

ဒီနေ့ နေပြည်တော်မှာလုပ်တဲ့ ဆရာအတတ်ပညာကဏ္ဍ နှီးနှောဖလှယ်ပွဲမှာ ပြောဆိုခဲ့ တာပါ။ စာမေးပွဲစနစ်၊ သင်ယူမှုစနစ်တွေကို ပြောင်းလဲဆောင်ရွက်ရမယ့်အပြင် ပညာရေး အသုံး စရိတ်တွေကို တိုးမြှင့်ပေးရမယ်၊ ဆရာဆရာမတွေရဲ့ လူမှုဘဝပြည့်စုံရေးကိုလည်း ထည့်သွင်း စဉ်းစားရမယ်လို့ သူက ပြောပါတယ်။

ကျောင်းသားကျောင်းသူတွေ အမှတ်များခြင်း၊ ဂုဏ်ထူးများများရကြခြင်းထက်စာရင် အနာဂတ်မြန်မာနိုင်ငံတော်ကို ကောင်းသထက်ကောင်းအောင် ဘယ်လို တည်ဆောက်ကြ မလဲဆိုတာက ပိုပြီးအရေးကြီးတယ်ဆိုတာ သိနားလည်အောင် သင်ကြားပေးကြဖို့လည်း ဆရာတွေကို မှာပါတယ်။

ဆရာဗဟိုပြုသင်ကြားနည်း၊ ကျောင်းသားကျောင်းသူဗဟိုပြုသင်ကြားနည်း၊ ဗဟုသုတ ဗဟိုပြုသင်ကြားနည်းဟူ၍ သင်ကြားနည်းသုံးမျိုးရှိကြောင်း၊ ဗဟုသုတဗဟိုပြု သင်ကြားနည်းထက် သင်ယူခြင်းကို ဗဟိုပြုသင်ကြားနည်းကပိုမိုအရေးပါ ကျယ်ပြန့်မည်ဖြစ်ကြောင်း၊ ပြောပါတယ်။ သင်ယူခြင်းကို တသက်တာလုံး ဆောင်ရွက်နေရမှာဖြစ်တယ်လို့လည်း ဖြည့်စွက်ပြောပါတယ်။

ကျောင်းသားကျောင်းသူတွေကို မှတ်ဉာဏ်ကောင်းအောင်သာမက တွေးခေါ်မြော်မြင် ဆင်ခြင်သုံးသပ်တဲ့ ဉာဏ်ပညာရရှိအောင် သင်ကြားပေးကြဖို့ ဆရာဆရာမတွေကို မှာကြားပါတယ်။

သင်ယူသူများက နိုင်ငံကောင်းအောင်၊ ကမ္ဘာကြီး ကောင်းအောင် ဆောင်ရွက်နိုင်မှုကသာ ဆရာ၊ ဆရာမ များ၏ အောင်မြင်မှုကို တိုင်းတာတဲ့စံနှုန်းတွေ ဖြစ်တယ်လို့ ပြောကြားသည်။

မူလတန်းဆရာဆရာမတွေဟာ အခြေခံပညာရေးမှာ အရေးပါသူများဖြစ်တယ်၊ ကလေးများကို ကျောင်းနေစအရွယ်မှစလို့ သင်ယူလိုတဲ့စိတ်၊ ပညာကိုလေးစားတန်ဖိုးထားတဲ့ စိတ်များကို လေ့ကျင့်ပျိုးထောင် ပေးရမယ်၊ တခါတရံ ဆော့ကစားချင်တဲ့ ကလေးများဟာ အလွန်တော်တဲ့ ကလေးများဖြစ်တတ်တယ်၊ ဆော့ကစားချင်တဲ့စိတ်ဟာ  ကမ္ဘာကြီးကို စူးစမ်းလိုသောစိတ်ဖြစ်လို့ စူးစမ်းလိုတဲ့စိတ်ကနေ သင်ယူလိုချင်တဲ့ စိတ်ဖြစ်အောင် ဆရာဆရာမများက ပြုပြင်ပေးကြရမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ကလေးများဟာ အမေးအမြန်းထူတတ်တဲ့အတွက် စိတ်ရှည်လက်ရှည်ဖြေကြားပေးရမယ်၊ ရှေးဟိန္ဒူဒဿနိကအရ ဆရာဝန်၊ မင်း၏ အတိုင်ပင်ခံနှင့် ဆရာများဟာ လုံးဝမုသားမပြောရသော ပုဂ္ဂိုလ်များဟု သတ်မှတ်ထားတယ်၊ တပည့်များကို သင်ကြားပေးသော ဆရာဆရာမတို့ဟာ ဘယ်သောအခါမှ မုသားမပြောဆိုကြရဘဲ ဖြောင့်ဖြောင့်မတ်မတ် ပြောဆိုဆက်ဆံရမယ်လို့လည်း ပြောခဲ့ပါတယ်။

ဆရာဆရာမ များဟာ တပည့်များကို ရင်သွေးပမာ စေတနာထားကာ ခွဲခြားဆက်ဆံခြင်း မပြုဘဲ စာမတော်သူ၊ စာညံ့သူများကို အထူးဂရုစိုက် သင်ကြားလေ့ကျင့်ပေးဖို့လည်း  ပြောဆိုမှာကြားခဲ့ပါတယ်။

အစိုးရသစ်လက်ထက်မှာ ပညာရေးကဏ္ဍပြုပြင်ပြောင်လဲရေးအတွက် နှီးနှောဖလှယ်ပွဲတွေ ဆက်တိုက်ပြုလုပ်နေပြီး အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ပွဲတိုင်းလို တက်ရောက်ဆွေးနွေးမှာကြားလေ့ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013