DVB Logo
Home
မြန်မာသတင်း
သက်ကြီးရွယ်အိုဥပဒေကြမ်း လွှတ်တော်ရောက်ရှိ
DVB
·
August 4, 2016
သက်ကြီးရွယ်အိုဥပဒေကြမ်း လွှတ်တော်ရောက်ရှိ
Donate to DVB

သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ ဒီကနေ့ တင်သွင်းခဲ့ပြီး လက်ခံဆွေးနွေးဖို့ ကန့်ကွက်သူမရှိ သဘောတူ ဆုံးဖြတ်ကြပါတယ်။

ဒီဥပဒေဟာ မြန်မာပြည်မှာ ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ဖို့ ရေးဆွဲတင်ပြလာတဲ့ ပထမဆုံး ဥပဒေဖြစ်ပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး (လူကယ်ပြန်) ဒေါက်တာဝင်းမြတ်အေးက  တင်သွင်းခဲ့တာဖြစ်ပြီး ကိုယ်စားလှယ်တဦးက ထောက်ခံခဲ့ပါတယ်။

ဥပဒေကြမ်းတင်သွင်းမှုကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းက လွှတ်တော်သဘောထား ရယူခဲ့ရာမှာ ကန့်ကွက်သူမရှိတာကြောင့် လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ ပါတယ်။

ဒီဥပဒေကြမ်းကို ဆွေးနွေးကြတဲ့အခါ ထောက်ပံ့ငွေကိစ္စကို အလေးထား ဆွေးနွေးကြမယ်လို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ပဲခူးတိုင်း၊ အမှတ် ၁၂ မဲဆန္ဒနယ်ကိုယ်စားလှယ် ဦးအောင်သိန်းက ပြောပါတယ်။

သူက “ခိုကိုးရာမဲ့သူ သားသမီးအထောက်အပံ့ မပေးနိုင်တဲ့သူ အဲဒီအပေါ်မှာ အခြေပြုပြီးတော့ အထောက်အပံ့ပေးဖို့ဆိုတဲ့ ကိစ္စပဲ။ ဒီအထောက်အပံ့နဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော်မှာ ဆွေးနွေးကြတဲ့အခါ ဒီဟာက ထောက်ပံ့ငွေနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့ ရှိလိမ့်မယ်”လို့ ပြောပါတယ်။

သက်ကြီးရွယ်အိုဆိုင်ရာ ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြီးခဲ့တဲ့ ဇွန်လအတွင်း ပြည်ထောင်စုလွှတ်တော်ကို ပေးပို့ခဲ့တာဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်က အမျိုးသားလွှတ်တော်က စတင်ဖို့ ချပေးခဲ့ပါတယ်။

အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ဥပဒေကြမ်းနဲ့ ပတ်သက်လို့ ပြည်ထောင်စု လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်၊ လူမှုဝန်ထမ်းနဲ့ ကျန်းမာရေးဌာန တာဝန်ရှိသူတို့နဲ့ ဆွေးနွေးခဲ့ကြပြီး အခု အမျိုးသားလွှတ်တော်ထံ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒီဥပဒေကြမ်းမှာ  ဥပဒေအဓိပ္ပာယ် ဖွင့်ဆိုချက်အပါအ၀င် အခန်း ၁၇ ခန်းနဲ့ စာမျက်နှာ ၂၀ကျော် ပါရှိပါတယ်။

ဥပဒေအရ မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီ ဖွဲ့စည်းပြီး အဲဒီကော်မတီက သက်ကြီးရွယ်အိုများကို စောင့်ရှောက်မှု ပေးရမှာဖြစ်ပြီး ကော်မတီကို လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ခေါင်းဆောင်ပြီး အဖွဲ့ဝင် ၁၇ ဦးနဲ့ ဖွဲ့စည်းမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013