DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၌ အမျိုးသားကျောင်းဆရာ အရေအတွက် အဆမတန်နည်းပါးနေ
DVB
·
August 4, 2016
မြန်မာနိုင်ငံ၌  အမျိုးသားကျောင်းဆရာ အရေအတွက် အဆမတန်နည်းပါးနေ
Donate to DVB

မြန်မာနိုင်ငံမှာ ကျောင်းဆရာဆရာမအဖြစ် အသက်မွေးဝမ်းကျောင်းနေသူ အရေအတွက်ရဲ့ အချိုးအစားဟာ ဆရာမက ၉၀ ရာခိုင်နူန်းရှိပြီး ဆရာဦးရေကတော့ ၁၀ ရာခိုင်နှုန်းသာ ရှိနေတယ်လို့ ပညာရေးဝန်ကြီးဌာနက သိရပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်းလုံးက အခြေခံပညာကျောင်းပေါင်း ၄၅၄၆၁ ကျောင်းမှာ ဆရာဆရာမပေါင်း  ၃၇၀၅၈၅ ဦးက  ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၉ ဒသမ၂ သန်းခန့်ကို ပညာသင်ကြား ပို့ချပေးနေလို့လည်း အစိုးရ တရားဝင်စာရင်းအရ သိရပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့  မြန်မာပြည်မှာ အမျိုးသား

ကျောင်းဆရာတွေ ပိုပြီး ပေါ်ထွန်းလာတာတွေ့ချင်လို့  ပြောပါတယ်။

"ကျမတို့နိုင်ငံမှာ ဆရာတွေအင်မတန်မှ နည်းနေတယ်။ အဲဒါလည်း ကျမတို့အနာဂတ်အတွက် စဉ်းစားရမယ့် ကိစ္စတခုပါ။ ဘာဖြစ်လို့အမျိုးသားတွေဟာ ပညာပို့ချတဲ့အလုပ်တွေကို မလုပ်ချင် သလဲဆိုတာ ကျမတို့အများကြီးစဉ်းစားရမှာပါ။ နိုင်ငံတနိုင်ငံ တကမ္ဘာလုံးမှာအမျိုးသား တွေလဲရှိတယ် အမျိုးသမီးတွေလည်း ရှိတယ်။ ပညာပေးတဲ့နေရာမှာ အမျိုးသားတွေရော အမျိုးသမီးတွေရောဟာ အရေးလဲပါတယ်။  စိတ်ပါဝင်စားတယ်ဆိုတာ ပြဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့် ကျမကတော့ ကျမတို့နိုင်ငံမှာ အမျိုးသားဆရာတွေ ပိုပြီးတော့ ပေါ်ထွန်းလာတာတွေ့ချင်ပါတယ်"

ဒီကနေ့ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းမှာ ကျင်းပတဲ့  ပညာရေးဝန်ကြီးဌာန၊ ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲမှာ  ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းထဲ ထည့်သွင်း ပြောကြားခဲ့တာပါ။

ပညာရေးဝန်ကြီးဌာန၊ ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (ဆရာ အတက်ပညာကဏ္ဍ) ကို ဩဂုတ် ၄ ရက်နေ့ကနေ ၅ ရက်အထိ  ၂ ရက်ကြာ ကျင်းပနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013