DVB Logo
Home
မြန်မာသတင်း
မြစ်ရေကြီးမှုအခြေအနေနှင့် အကြံပြုချက် မိုးဇလထုတ်ပြန်
DVB
·
August 4, 2016
မြစ်ရေကြီးမှုအခြေအနေနှင့် အကြံပြုချက် မိုးဇလထုတ်ပြန်
Donate to DVB

မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မြစ်ရေကြီးမှုအခြေအနေနဲ့ပတ်သက်လို့ ဒီကနေ့မွန်းလွဲ ၁ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။

(၁)  ဧရာဝတီမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ

ယနေ့မြန်မာစံတော်ချိန်  (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်များအရ  ဧရာဝတီမြစ်ရေသည် မန္တလေးမြို့တွင် ပေဝက်ခန့်၊ စစ်ကိုင်းမြို့နှင့် မြင်းမူမြို့တို့တွင် (၁)ပေခန့်စီ၊ ယင်းမြို့များ၏  စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန်နေပြီး၊ နောက်(၁)ရက်အတွင်း မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် နောက်(၂)ရက် အတွင်း မြင်းမူမြို့တွင် ယင်းမြို့များ၏  စိုးရိမ်ရေမှတ်အ သီးသီးအောက်သို့ ပြန်လည်ကျဆင်းနိုင်ပါသည်။

ယနေ့မြန်မာစံတော်ချိန်  (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်များအရ  ဧရာဝတီမြစ်ရေသည် ပခုက္ကူ မြို့တွင် (၃)ပေခန့်၊ ညောင်ဦးမြို့တွင် (၅)ပေခွဲခန့် နှင့် ချောက်မြို့တွင် (၂)ပေခန့် ယင်းမြို့များ၏  စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန်နေပြီး၊ နောက်(၂)ရက်အတွင်း ပခုက္ကူမြို့၊ ညောင်ဦးမြို့နှင့် ချောက်မြို့တို့တွင် ပေဝက်ခန့်စီ ကျဆင်းနိုင်ကာ ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက် ဆက်လက်တည်ရှိနိုင်ပါသည်။

ယနေ့မြန်မာစံတော်ချိန်  (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်များအရ  ဧရာဝတီမြစ်ရေသည် မင်းဘူးမြို့ တွင် (၄)ပေခန့်၊ မကွေးမြို့တွင် (၃)ပေခွဲခန့်၊ အောင်လံမြို့တွင် (၂)ပေခွဲခန့်၊ ပြည်မြို့တွင် (၂)ပေခန့်၊ ဆိပ်သာမြို့တွင် (၁)ပေခွဲခန့် ၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၃)ပေခန့်စီ ယင်းမြို့များ၏  စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန်နေပြီး၊ နောက်(၁)ရက်အတွင်း မင်းဘူးမြို့နှင့် မကွေးမြို့တို့တွင် ပေဝက်ခန့်စီ၊ နောက်(၂)ရက်အတွင်း အောင်လံမြို့၊ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၁)ပေခန့်စီ ဆက်လက်တက်လာနိုင်ကာ ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက် ဆက်လက်တည်ရှိနိုင်ပါသည်။

(၂) ချင်းတွင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ

ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ချင်းတွင်းမြစ်ရေသည် မော်လိုက်မြို့တွင် (၂)ပေခန့် ၊ ကလေးဝမြို့တွင် (၃)ပေခွဲခန့် နှင့် မင်းကင်းမြို့တွင် (၄)ပေခွဲခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးင်္သီးအထက်သို့ ကျော်လွန်နေပြီး နောက်(၁)ရက်အတွင်း မော်လိုက်မြို့၊ နောက်(၃)ရက် အတွင်း ကလေးဝမြို့နှင့် မင်းကင်းမြို့တို့တွင် ယင်းမြို့များ၏  စိုးရိမ်ရေမှတ် အသီးသီးအောက်သို့ ပြန်လည် ကျဆင်းနိုင်ပါသည်။

ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ချင်းတွင်းမြစ်ရေသည် ကနီမြို့တွင် (၅)ပေခွဲခန့် နှင့် မုံရွှာမြို့တွင်  (၂)ပေခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့  ကျော်လွန်နေပြီး နောက်(၂)ရက်အတွင်း ကနီမြို့တွင် (၂)ပေခန့် ၊့  မုံရွှာမြို့တွင် ပေဝက်ခန့်  ကျဆင်းနိုင် ကာ ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက် ဆက်လက်တည်ရှိနိုင်ပါသည်။

(၃)  ဒုဋ္ဌဝတီမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ

ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် (၁)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေ မှတ်အောက် ပြန်လည်ကျဆင်းနိုင်ပါသည်။

(၄)  ငဝန်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ

ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်း မြို့တွင် (၂)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်(၅)ရက်အတွင်း (၁)ပေခန့် ဆက်လက်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်  ဆက်လက်တည်ရှိနိုင်ပါသည်။

(၅) အကြံပြုချက်

သို့ဖြစ်ပါ၍ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ ဒုဋ္ဌဝတီမြစ်နှင့် ငဝန်မြစ်တစ်လျှောက်ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်ကြသူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန်နှင့် မြစ်ရေကြီးမှု ဘေးအန္တရာယ်မှ ကင်းလွတ်ရာသို့ ရှောင်ရှားကြပါရန် အကြံပြုအပ်ပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013