DVB Logo
Home
မြန်မာသတင်း
လူပေါင်း ၆၀၀ ကျော်ကို Black List စာရင်းမှ အစိုးရပယ်ဖျက်
DVB
·
August 4, 2016
လူပေါင်း ၆၀၀ ကျော်ကို Black List စာရင်းမှ အစိုးရပယ်ဖျက်
Donate to DVB

အရင်အစိုးရလက်ထက်က Black List စာရင်းသွင်းခံထားရတဲ့ မြန်မာနိုင်ငံသား ၂၄၈ ဦး၊ နိုင်ငံခြားသား ၃၇၁ ဦး စုစုပေါင်း ၆၁၉ ဦးကို စာရင်းကနေ ပယ်ဖျက်လိုက်ပြီလို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီး ဦးသိန်းဆွေက မနေ့က နေပြည်တော်မှာ မီဒီယာတွေကို ပြောပါတယ်။

အစိုးရသစ်တက်လာပြီးနောက် Black List စာရင်းသွင်းခံထားရသူတွေကို ရက် ၁၀၀ စီမံချက်မှာ လုပ်ငန်းစဉ်တခုအဖြစ် ဖြေလျော့ပေးသွားမယ်လို့ ကြေညာထားပြီးနောက် ၀န်ကြီးဌာနက၁၅ ခုနဲ့ ညှိနှိုင်းပြီး ခုလို ဆောင်ရွက်ပေးလိုက်တာပါ။

ဒါပေမယ့် အကြမ်းဖက်သမားတွေ၊ ပြစ်မှုကျူးလွန်သူတွေ၊ နိုင်ငံဖြတ်ကျော်မှုခင်းတွေ ကျူးလွန်ထားသူတွေကိုတော့ ပယ်ဖျက်ပေးမှာ မဟုတ်ဘဲ စာရင်းမှာ ဆက်လက်ထားရှိမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကပြောပါတယ်။

“အဲဒီအထဲမှာ နိုင်ငံခြားသား တော်တော်များများ ကျန်နေသေးတယ်။ ဘာလို့ကျန်နေသေးလဲလို့ မေးစရာရှိပါတယ်။  အဲဒါတွေကလည်း တခြားတခြားသောနိုင်ငံတွေပေါ့ အထူးသဖြင့် အင်တာပို (နိုင်ငံတကာရဲတပ်ဖွဲ့) လိုဟာမျိုးတွေ လုံခြုံရေးအဖွဲ့အစည်းတွေက ဒီပုဂ္ဂိုလ်တွေဟာဖြင့်ရင် အကြမ်းဖက်  ပုဂ္ဂိုလ်တွေဖြစ်တယ်၊  နိုင်ငံတကာ ဖြတ်ကျော်မှုခင်းတွေမှာ ပတ်သက်တဲ့ သူတွေဖြစ်တယ်၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်၊ သူတို့ကို နိုင်ငံတကာအနေနဲ့ အမည်မဲစာရင်းသွင်းပေးထားပါလို့ သတ်မှတ်ထားတဲ့အတွက် သူတို့ကိုတော့ ဖြေလျော့လို့ မရနိုင်ဘူး။ ဒါကြောင့်မို့လို့ ဒါတွေ အများစုကျန်နေတာဖြစ်တယ်။”

အမည်စာရင်းပယ်ဖျက်ပေးလိုက်သူတွေထဲမှာ အမေရိကန်နိုင်ငံသားခံယူထားပြီး သံရုံးက ဗီဇာထုတ်ပေးခဲ့ပေမယ့် ရန်ကုန်လေဆိပ်မှာဝင်ခွင့်မရဘဲ ပြန်ပို့ခံခဲ့ရတဲ့  ၈၈ မျိုးဆက်ကျောင်းသားဟောင်း ဦးမောင်မောင်ဝမ်းလည်းပါဝင်ပါတယ်။

ပြည်ထောင်စုဝန်ကြီးက ''ဦးမောင်မောင်ဝမ်းကိစ္စလည်းပဲ သူ့ကို စာရင်းထဲမှာ ပါနေတဲ့အတွက် ကန့်သတ်ထားတဲ့ စာရင်းထဲမှာပါနေတဲ့အတွက် လေဆိပ်မှာရှိတဲ့ ၀န်ထမ်းတွေက သူတို့ ဆောင်ရွက်စရာရှိတဲ့ လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်လိုက်တာဖြစ်တယ်၊ သို့သော် သူလေယာဉ်ပျံနဲ့ ပြန်သွားပြီးတဲ့နောက်ပိုင်းမှာ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေက ပြန်ပြီးတော့ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေပေါ့ လာပြီးတော့ မေတ္တာရပ်ခံတဲ့အတွက် ပြန်ပြီးတော့ စိစစ်တဲ့အခါမှာ ဖြေလျော့ဖို့ စာရင်းထဲ ထည့်ထားပြီးဖြစ်တယ်၊ ဒါကြောင့်မို့လို့ သူ့ကို ဖြေလျော့လိုက်တာဖြစ်ပါတယ်။ ဦးမောင်မောင်ဝမ်း ပြန်ပြီးတော့နိုင်ငံတွင်းကို ၀င်ခွင့်ရပါတယ်၊ စားရင်းကနေ ပယ်ဖျက်ပြီးဖြစ်ပါတယ်”လို့ပြောပါတယ်။

နာမည်ပျက်စာရင်းပယ်ဖျက်တယ်ဆိုတာထက် ဒီမိုကရေစီအရေးလှုပ်ရှားရင်း အကြောင်းကြောင်းကြောင့် ပြည်ပရောက်သွားသူတွေကို တိုင်းပြည်ရဲ့တည်ဆောက်ရေးမှာ ကျရာတာဝန်အခန်းဏ္ဍက ဆောင်ရွက်ဖို့အတွက် ဖိတ်ခေါ်တယ်ဆိုတဲ့ အသုံးအနှုန်းမျိုးကိုသုံးစေချင်တယ်လို့ စစ်အစိုးရလက်ထက်မှာ အမည်ပျက်စာရင်း ပယ်ဖျက်ခံရသူတဦးဖြစ်တဲ့ အဝေးရောက်ညွန့်ပေါင်း အစိုးရအဖွဲ့ဝင်ဟောင်း  ဒေါက်တာ သောင်းထွန်းကပြောပါတယ်။

အရင်အစိုးရတွေလက်ထက်က ၀န်ကြီးဌာန ၁၅ ခုကနေ Black List စာရင်းသွင်း ခံထားရသူပေါင်း  မြန်မာနိုင်ငံသား ၄၄၃ ဦးနဲ့ နိုင်ငံခြားသား ၃၉၃၇ ဦးရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာ ပြည်ထဲရေးဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာန ၁၅ ခု ပူးပေါင်းပြီး စာရင်းမှာ ပါဝင်နေသူတွေကို စိစစ်ဖြေလှျေ့ပေးဖို့ ဆောင်ရွက်နေတယ်လို့  ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

မြန်မာနိုင်ငံသား ၁၈၅ ဦး၊ နိုင်ငံခြားသား ၃၅၆၆ ဦး စုစုပေါင်း ၃၇၅၁ နဲ့  နိုင်ငံကူးလက်မှတ် ပယ်ဖျက်ထားတဲ့ နိုင်ငံကူးလက်မှတ် ၄၈၄၅ အုပ်တို့သာ Black List သွင်းထားတယ်လို့ သိရပါတယ်။
ကျော်ဇေယျာဝင်း ၊ ကိုမောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013