DVB Logo
Home
မြန်မာသတင်း
အိုင်အက်စ်ခြိမ်းခြောက်မှု တိုက်ဖျက်ချေမှုန်းမည်ဟု အစ္စလာမ်အဖွဲ့များ တုံ့ပြန်
DVB
·
August 4, 2016
အိုင်အက်စ်ခြိမ်းခြောက်မှု တိုက်ဖျက်ချေမှုန်းမည်ဟု အစ္စလာမ်အဖွဲ့များ တုံ့ပြန်
Donate to DVB

အိုင်အက်စ်တို့ရဲ့ ခြိမ်းခြောက်မှုနဲ့ ပတ်သက်လို့ ပြည်တွင်းရှိ အစ္စလာမ်အဖွဲ့အစည်းတွေက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချလိုက်ပြီး အကြမ်းဖက်ခြိမ်းခြောက်မှုတွေကို ပြတ်ပြတ်သားသား တိုက်ဖျက်ချေမှုန်းသွားမယ်လို့ ကြေညာချက်ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

နိုင်ငံသားအစ္စလာမ်ဘာသာဝင် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ မြန်မာမွတ်စလင်အစည်း အရုံးတို့က အခုလို ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ကြတာ ဖြစ်ပါတယ်။

နိုင်ငံသားအစ္စလာမ်ဘာသာဝင် အရပ်ဘက်အဖွဲ့အစည်းတွေက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ခြိမ်းခြောက်ခြင်းနဲ့ အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်အဖွဲ့ရဲ့ အစွန်းရောက်အတွေးအခေါ်နဲ့ အကြမ်းဖက်မှုတွေအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့ သူတို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

အစ္စလာမ်ဘာသာဝင် အရပ်ဘက်အဖွဲ့အစည်းတခုဖြစ်တဲ့ Social Alliance အဖွဲ့က ဦးဆောင်သူတဦးဖြစ်တဲ့ ဒေါ်ဒါလီမြင့်က အစ္စလာမ်ဘာသာရဲ့ ငြိမ်းချမ်းရေးကိုပြသပြီး အိုင်အက်စ်အဖွဲ့ရဲ့ အကြမ်းဖက်မှုကို လက်မခံကြောင်း ဖော်ပြလိုတဲ့အတွက် အခုလို ကြေညာချက် ထုတ်တာလို့ ပြောပါတယ်။

“ကျမတို့နိုင်ငံမှာရှိတဲ့ ကျမတို့ရဲ့ ခေါင်းဆောင်ကို ထိပါးစော်ကားတာ လက်မခံလိုတဲ့အတွက်ပါ၊ ပြီးတော့ အိုင်အက်စ်ရဲ့ လုပ်ဆောင်ချက်က တကယ့်တကယ်ဆို ကျမတို့ အစ္စလာမ်ဘာသာဝင်တွေရဲ့ လမ်းစဉ်တွေနဲ့ သွေဖည်နေပါတယ်၊ ကျမတို့ဘာသာရဲ့ ငြိမ်းချမ်းမှုကို ပြသပြီးတော့ သူတို့ရဲ့ အကြမ်းဖက်မှုကို ရှုတ်ချတဲ့အနေနဲ့ ထုတ်တာပါရှင့်။”

မြန်မာမွတ်စလင်အစည်းအရုံးကတော့ မြန်မာမွတ်စလင်များဟာ ပြည်တွင်းပြည်ပ အကြမ်းဖက်မှု ခြိမ်းခြောက်မှုတွေကို ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ တိုင်းရင်းသားတွေနဲ့ လက်တွဲပြီး ပြတ်ပြတ်သားသား ချေမှုန်းတိုက်ဖျက်သွားမယ်လို့ ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

မလေးရှားရဲစခန်းတခုကို ရောက်လာတဲ့ ခြိမ်းခြောက်စာတစ်စောင်မှာ   အိုင်အက်စ်အကြမ်းဖက်အဖွဲ့က ပစ်မှတ်ထားတဲ့ နိုင်ငံခြားခေါင်းဆောင်တွေရဲ့အမည်စာရင်းထဲ  ဒေါ်အောင်ဆန်းစုကြည် ပါဝင်တယ်လို့  စင်ကာပူနိုင်ငံထုတ် သည်စထရိတ်တိုင်းမ် သတင်းစာမှာ မနေ့က ဖော်ပြခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013