DVB Logo
Home
မြန်မာသတင်း
ထိုင်းတနိုင်ငံလုံး လုပ်ငန်းခွင်များတွင် တရားမ၀င်အလုပ်သမား ကြပ်မတ်စစ်ဆေးမည်
DVB
·
August 3, 2016
ထိုင်းတနိုင်ငံလုံး လုပ်ငန်းခွင်များတွင် တရားမ၀င်အလုပ်သမား ကြပ်မတ်စစ်ဆေးမည်
Donate to DVB

ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပန်းရောင်နေထိုင်ခွင့်ကတ်တွေ  ဇူလိုင် ၂၉ ရက်နေ့ နောက်ဆုံးထား သက်တမ်းတိုးပေးခဲ့ပြီးတဲ့နောက် ၀န်ထမ်းအင်အားတိုးမြှင့်ပြီး  တနိုင်ငံလုံးရှိ လုပ်ငန်းခွင်တွေကို  အရှိန်အဟုန်မြှင့် ကြပ်မတ်စစ်ဆေးသွားမယ်လို့ ထိုင်းအ လုပ်သမားဝန်ကြီးဌာနက သြဂုတ် ၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

ခွင့်ပြုချက်မရှိဘဲ အလုပ်ဝင်ရောက်လုပ်ကိုင်နေတာတွေ့ရင် လက်ခံထားသူ အလုပ်ရှင်ဘက်က အလုပ်သမားတဦးအတွက် ဘတ်ငွေ ၁ သိန်းထက်မကျော်တဲ့ဒဏ်ငွေ၊ ရွှေ့ပြောင်းအလုပ်သမားဘက်က ၁ သိန်းထက်မကျော်တဲ့ ဒဏ်ငွေ ဒါမှမဟုတ် ၅ နှစ်ထက်မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ထောင်ဒဏ်ရောငွေဒဏ် ၂ ရပ်လုံး ကျခံရမယ်လို့ အလုပ်သမားဝန်ကြီးဌာန  ညွှန်ကြားရေးမှူး နိုင်းအာရပ် ဖရုန်းမနီးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့က ပန်းရောင်ကတ် လာရောက်သက်တမ်းတိုးသွားတဲ့  မြန်မာ၊ လော နဲ့ ကမ္ဘောဒီးယား က ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း  ၁ သန်း နဲ့  ၁ သိန်းရှိကြောင်း၊ အမှန်မှာ သက်တမ်းလာတိုးမယ့် သူဦးရေက ၁ သန်းနဲ့ ၃ သိန်းရှိမယ်လို့ ခန့်မှန်းထားကြောင်း၊ မည်သို့ဖြစ်စေကာမူ သက်တမ်းတိုးဖို့ရက် ထပ်တိုးပေးဖို့မရှိတော့သလို နောက်ထပ်လူသစ်တွေကို မှတ်ပုံတင်ပေးဖို့လည်း မရှိတော့ဘူးလို့ ညွှန်ချုပ်က ဆက်ပြောပါတယ်။

အခုချိန်ကစပြီး အိမ်နီးချင်းနိုင်ငံက အလုပ်သမားတွေကို အမ်အိုယူ (နှစ်နိုင်ငံသဘော တူမှုစာချွန်လွှာ)အရ  အစိုးရမှ အစိုးရသို့ အလုပ်သမားစေလွှတ်မှုစနစ်နဲ့သာ ငှားရမ်းခန့် ထားတော့မှာဖြစ်ကြောင်း၊ အမ်အိုယူနဲ့ ၀င်ရောက်လာမယ့်အလုပ်သမားတွေဟာ ကြားပွဲစား  တွေရဲ့ ခေါင်းပုံဖြတ်မှုနဲ့ အလုပ်ရှင်တွေရဲ့  အနိုင်ကျင့်မှုကနေ ကာကွယ်ဖို့  အလုပ်မလုပ်ခင် သင်တန်းအရင်တက်ရမှာဖြစ်တယ်လို့ ညွှန်ချုပ်က ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013