DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းဒေသကြီး ရက် ၁၀၀ စီမံကိန်းကာလအတွင်း မုဒိမ်းမှု အများဆုံး ဖြစ်ပွားခဲ့
DVB
·
August 3, 2016
ရန်ကုန်တိုင်းဒေသကြီး ရက် ၁၀၀ စီမံကိန်းကာလအတွင်း မုဒိမ်းမှု အများဆုံး ဖြစ်ပွားခဲ့
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး ရက် ၁၀၀ စီမံကိန်း ကာလအတွင်း ဖြစ်ပွားခဲ့တဲ့ မှုခင်းတွေထဲမှာ မုဒိမ်းမှုက အများဆုံး ဖြစ်ပွားခဲ့ပါတယ်။

ရက် ၁၀၀ စီမံကိန်းကို ၂၀၁၆ ခုနှစ် မေလ ၁ ရက်နေ့က စတင်ခဲ့ပြီး ဇူလိုင်လ ၃၁ ရက်နေ့ထိ ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အသီးသီးမှာ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒီစီမံချက်ကာလအတွင်းမှာ မှုခင်း ၁ သောင်း ၄ ထောင်ကျော် ဖြစ်ပွားခဲ့ပြီး အများဆုံးဖြစ်ပွားခဲ့တာက မုဒိမ်းမှုပဲ ဖြစ်ပါတယ်။

ခုလို မုဒိမ်းမှုတွေ များပြားလာတာနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က ရဲမှူး လှဝေက ပြောပါတယ်။

“မိန်းမပျိုလေးတွေ သူ့ရဲ့ ချစ်သူရည်းစားနဲ့ ခိုးရာလိုက်ပြေးသွားတယ်။ ခိုးရာလိုက်ပြေးသွားတဲ့ အတိုင်းအတာကို မိဘတွေက သဘောမတူဘူး။ အရွယ်မရောက်သေးတဲ့၊ မိဘအုပ်ထိန်းမှုအောက်မှာရှိတဲ့ သား/သမီးကိုပေါ့နော် ဘယ်သူကဖြင့် ခိုးယူပေါင်းသင်းသွားလို့ အရေးယူပေးရန် တိုင်တန်းတဲ့အခါမျိုးမှာ ကျနော်တို့က ဒီဟာတွေကို အမှုဖွင့်ပေးရတဲ့အတွက်ကြောင့် ၃၆၃/၃၇၆၊ ၁၆ နှစ်အောက် မုဒိမ်းမှုမြောက်တဲ့ ဥပဒေ ပြင်ဆင်သတ်မှတ်လိုက်ရတဲ့ အတွက်ကြောင့် ဒါတွေကြောင့် များသွားတာလို့လည်း ထင်မြင်ယူဆမိပါတယ်။”

အရင်က ပုဒ်မ ၃၇၆ အရ အသက် ၁၄ နှစ်အောက်ကို မုဒိမ်းမှုလို့ သတ်မှတ်ထားပေမယ့်လည်း ၁ လပိုင်း ၇ ရက်နေ့ကစပြီး ၁၆ နှစ်အောက်ကို မုဒိမ်းမှုဖြစ်ကြောင်း ပြောင်းလဲ သတ်မှတ်လိုက်ပါတယ်။

ခုလို မုဒိမ်းမှုတွေ များပြားလာတာနဲ့ ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ခုလိုပြောပါတယ်။

“အခုကျတော့ ၁၆ နှစ်အောက် ကိုယ့်သားသမီး မိန်းကလေးဟာ ချစ်လို့လိုက်သွားရင်တောင်မှ မုဒိမ်းမှုနဲ့ ဖွင့်ခံရမယ့် အန္တရာယ် ဖြစ်လာတယ်။ အဲလိုဆိုရင်တော့ မုဒိမ်းမှုတွေ ပိုများလာလိမ့်မယ်လို့ ဆရာကတော့ အဲလိုယူဆတယ်။”

ရန်ကုန်တိုင်းဒေသကြီး ရက် ၁၀၀ စီမံချက် ကာလအတွင်းမှာ အမှုပေါင်း ၁ သောင်း ၄ ထောင်ကျော် ဖြစ်ပွားခဲ့ပေမယ့်လည်း အမှုကြီးဖြစ်ပွားမှုနည်းပြီး ကြိုတင်ကာကွယ်မှု ၁ သောင်းကျော်ထိ ရှိခဲ့ပါတယ်။

မှုခင်းဖြစ်ပွားမှု ကျဆင်းရေးအတွက် ရက် ၁၀၀ စီမံကိန်းတွေနဲ့ ဆောင်ရွက်ခဲ့သလို လေးမြို့နယ် ပြည်သူ့အခြေပြု စီမံချက်တွေ ရေးဆွဲပြီး မှုခင်းဖြစ်ပွားမှု အများဆုံး လေးမြို့နယ်ကို ဆောင်ရွက်ရာမှာ မှုခင်းကြီးတွေ ကျဆင်းခဲ့တာပါ။

ဒါကြောင့် သြဂုတ် ၁ ရက်နေ့ကစပြီး ၈ မြို့နယ် မှုခင်းကျဆင်းရေးစီမံချက် စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

ခိုင်ပန်းနု

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013