DVB Logo
Home
မြန်မာသတင်း
တိုင်းနှင့်ပြည်နယ် ၆ ခုတွင် လူပေါင်းတသိန်းကျော် ရေဘေးသင့်
DVB
·
August 3, 2016
တိုင်းနှင့်ပြည်နယ် ၆ ခုတွင် လူပေါင်းတသိန်းကျော် ရေဘေးသင့်
Donate to DVB

ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် စစ်ကိုင်း၊ မကွေး၊  မန္တလေး၊ ဧရာဝတီ၊ ပဲခူးတိုင်း ဒေသကြီးနဲ့ ကချင်ပြည်နယ်က လူတသိန်းသုံးသောင်းလောက် ရေဘေးဒဏ်ခံစားနေရပြီး ကယ်ဆယ် ရေးစခန်းတွေမှာ ရွှေ့ပြောင်းနေထိုင်ကြရတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးက ပြောပါတယ်။

စစ်ကိုင်းမှာ ၂ သောင်းကျော်၊ မန္တလေးတိုင်းမှာ ၄ သောင်းနီးပါး၊ မကွေးတိုင်းမှာ ၆ သောင်းနီးပါး ရေဘေးကြုံနေရပြီး လူမှုကယ်ဆယ်ရေးကဌာနက စားဝတ်နေရေပြေလည်ဖို့ ထောက်ပံ့ပေးတယ်လို့ ပြောပါတယ်။

“အခု လတ်တလော သူတို့ စားဝတ်နေရေးဖြေရှင်းဖို့အတွက် ဆန်ထောက်ပံ့တယ်။ နောက်ပြီး ခေါက်ဆွဲခြောက်တွေ၊ ငါးဘူးတွေထောက်ပံ့ပါတယ်ရှင်။ အိမ်တွေဘာတွေပြိုတယ်ဆိုရင်လည်း အိမ်ဆောက်ပစ္စည်းဖို့ ငွေပါထောက်ပံ့ပါတယ်။”

ရေကြီးမှုကြောင့် ပြိုကျသွားတဲ့အိမ်ရှိပေမယ့် အရေအတွက် အတိအကျ မသိရသေးကြောင်းနဲ့ ဒီစာရင်းဟာ သြဂုတ်လ ၂ ရက်နေ့ထောက်ဆုံးရထားတဲ့ စာရင်းသာဖြစ်တယ်လို့ ပြောပါတယ်။

ဒီရေကြီးမှုကြောင့် ကချင်ပြည်နယ်က လူနှစ်ဦး မျောပါသေဆုံးသွားတာကလွဲလို့ ကျန်တိုင်းဒေသကြီးမှာ သေဆုံးတာမကြားရသေးဘူးလို့လည်း ပြောပါတယ်။

ရေကြီးနစ်မြုပ်မှုတွေကြောင့် ဧရာဝတီတိုင်းဒေသကြီးတခုတည်းမှာ ကျောင်းပေါင်း ၃၇ ကျောင်းကို သြဂုတ် ၂ ရက်နေ့က စတင်ပိတ်ထားလိုက်ပြီလို့ ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမောင်က ဒီဗွီဘီကို ပြောပါတယ်။

မန္တလေးမြို့ တောင်သမန်အင်းမှာလည်း ဧရာဝတီမြစ်ရေ မြင့်တက်လာတဲ့အတွက် ဇူလိုင်လ ၃၁ ရက် ညနေပိုင်းကစပြီး ဦးပိန်တံတားကို အများပြည်သူ ဖြတ်သန်းသွားလာခွင့် ပိတ်ခဲ့ရသလို  မန္တလေး ရတနာပုံတက္ကသိုလ်ကိုလည်း ပိတ်ထားရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013